သတင်းထုတ်ပြန်ချက် (၁၀/ ၂၀၂၁)
၁။ နိုင်ငံပိုင်သတင်းမီဒီယာများအရ သဘင်၊ ဂီတ၊ ရုပ်ရှင်လောကမှ အနုပညာရှင်များအား ရာဇသတ်ကြီး ပုဒ်မ ၅၀၅ - က ဖြင့် အမှုဖွင့် တရား စွဲဆိုထားသူများအနက်မှ (၂၄) ဦးနှင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အကျဉ်းထောင်၊ အချုပ်ထောင်အသီးသီးရှိ အမှုဖွင့်အရေးယူထားသူ များအနက်မှ ပထမဦးစားပေးအဖြစ် ရဲစစ်ဆေးဆဲ အမှု အမျိုးသား၊ အမျိုးသမီး (၈၆) ဦး၊ တရားရုံး စစ်ဆေးဆဲအမှု အမျိုးသား၊ အမျိုးသမီး (၂၂၁၀) ဦး၊ စုစုပေါင်း (၂၂၉၆) ဦး တို့ကို သက်ဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုရုပ်သိမ်းပေး ခဲ့ပြီး ပြန်လည်စေလွှတ်ပေးခဲ့ခြင်းကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က အားတက် မိပါသည်။
၂။ အထက်ပါပြန်လည်စေလွှတ်ပေးခဲ့သည့် အမှု ရင်ဆိုင်ဆဲ အချုပ်သူ၊ အချုပ်သားများတွင် သတင်း မီဒီယာသမားများလည်း ပါဝင်ခဲ့ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ကြေညာချက် (၆/၂၀၂၁) အရ သိရှိရပါသည်။ ယင်းကဲ့သို့ အနုပညာရှင်များ၊ သတင်းမီဒီယာသမားများ အပါအဝင် အမှုရင်ဆိုင်ဆဲ အချုပ်သူ၊ အချုပ်သား များကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ အမှု ရုပ်သိမ်းကာ ပြန်လွှတ်ပေးခဲ့ခြင်းအပေါ် သက်ဆိုင်ရာ မိသားစုများ၊ နိုင်ငံသူ နိုင်ငံသားများ၊ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်းအသီးသီးတို့ကလည်း စိတ်အား တက်ကြွကြမည်ဟု ယုံကြည်ပါသည်။
၃။ ယခုကဲ့သို့ COVID-19 ကူးစက်ရောဂါ၏ ခြိမ်းခြောက်မှုကို မြန်မာနိုင်ငံအပါအဝင် လူသား မျိုးနွယ်များအားလုံး ရင်ဆိုင်ကြုံတွေ့နေရသည့်အချိန်ကာလတွင် အမှုဖွင့်လှစ်ထားခြင်းမှ ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ ရုပ်သိမ်းပြန်လွှတ်ပေး ခြင်းသည် လူသားချင်းစာနာထောက်ထားမှုများ နှင့် လူ့အခွင့်အရေးရှုထောင့်များမှ အလွန်အရေးပါ သော လုပ်ဆောင်မှုတစ်ရပ်ဖြစ်သည့်အပြင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကြိုးပမ်း အားထုတ်ဆောင်ရွက်မှုများကို အတိုင်းအတာ တစ်ရပ်အထိ အထောက်အပံ့ဖြစ်စေမည်ဟု ကော်မရှင်မှ ရှုမြင်ပါသည်။
၄။ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ ကြေညာချက်တွင် ပြန်လည်လွတ်မြောက်လာသည့် သတင်းမီဒီယာသမားများအနေဖြင့် စတုတ္ထမဏ္ဍိုင် ဖွံ့ဖြိုးရေးအတွက် လိုအပ်လျက်ရှိသော ကျင့်ဝတ် နှင့် စံနှုန်းများကို ထိန်းသိမ်းဆောင်ရွက်သွားကြ ရန် တိုက်တွန်းချက်ကိုလည်း ကြိုဆိုအပ်ပါ သည်။
၅။ အလားတူ ဆောင်ရွက်ချက်များ မကြာသေးမီ ကာလအတွင်း ထပ်မံပေါ်ထွက်လာပြီး ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို ပိုမိုအရှိန်အဟုန်မြင့်စေမည် ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ပြင်းပြစွာ မျှော်လင့်မိပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၅ ရက်