
အက်ဖ်အေဖလားပြိုင်ပွဲ စတုတ္ထအဆင့်ပွဲစဉ်များ ယှဉ်ပြိုင်ကစားပြီးနောက် လက်ရှိအက်ဖ်အေဖလားချန်ပီယံ လီဗာပူးနှင့် နာမည်ကြီး အာဆင်နယ်အသင်းတို့ ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီး မန်ယူ၊ မန်စီးတီး၊ စပါး၊ ဘရိုက် တန်အသင်းတို့ ပဉ္စမအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်များကို မဲခွဲရွေးချယ်ခဲ့ရာ အသင်းကြီး အချင်းချင်းတွေ့ဆုံမှု ရှောင်ရှားနိုင်ခဲ့ပြီး ပရီမီယာလိဂ် ချန်ပီယံ မန်စီးတီးအသင်းက ချန်ပီယံရှစ်ကလပ် ဘရစ္စတိုးလ် စီးတီးအသင်းနှင့် တွေ့ဆုံနေ သည်။ ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းတွင် ဒါဘီကို အနိုင်ရရှိခဲ့ သော ဝက်စ်ဟမ်းအသင်းက ခြေစွမ်းထက်နေသည့် မန်ယူ အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
ဆောက်သမ်တန် အသင်းကလူတန်နှင့် ဂရင်စ်ဘီအသင်းတို့ထဲမှ အနိုင်ရရှိမည့်အသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး ဝရက်ဇ်ဟမ်းနှင့် ရှက်ဖီးလ်ယူနိုက်တက်အသင်းတို့ထဲမှ အနိုင်ရရှိမည့်အသင်းက စပါးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ် သည်။ ဖူလ်ဟမ်နှင့် ဆန်းဒါးလန်းအသင်းတို့ထဲမှ အနိုင်ရရှိမည့်အသင်းက လိဒ်စ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ထို့ပြင် အစ်ဆွစ်တောင်း သို့မဟုတ် ဘန်လေနှင့် ရှက်ဖီးလ် သို့မဟုတ် ဖလိဝုဖ်တောင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်များကို မတ် ၁ ရက်တွင် ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။
အောင်ဇော်