အက်ဖ်အေဖလား တတိယအဆင့်၌ အော့စ်ဖို့ဒ်ကို အာဆင်နယ် ဂိုးပြတ်အနိုင်ရ

 

အက်ဖ်အေဖလား တတိယဆင့်၌ လိဂ်ဝမ်းကလပ်    အော့စ်ဖို့ဒ်နှင့် ပရီမီယာလိဂ်ကလပ် အာဆင်နယ် အသင်းတို့ပွဲစဉ်ကို  ဇန်နဝါရီ ၁၀ ရက် နံနက် ၂ နာရီခွဲက အော့စ်ဖို့ဒ် ကွင်း၌       ယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ်အသင်းက    သုံးဂိုး ပြတ် အနိုင်ရရှိပြီး နောက်တစ်ဆင့် သို့ တက်လှမ်းနိုင်ခဲ့သည်။ 

 


အဆိုပါပွဲစဉ်တွင် အာဆင် နယ်အသင်းမှ   မာတင်နယ်လီ၊ အင်ခီတီယာတို့ ခြေစွမ်းပြသနိုင် ခဲ့ပြီး ဂိုးဖန်တီးမှုနှင့်  သွင်းဂိုးများ
ရယူနိုင်ခဲ့သည်။     အော့စ်ဖို့ဒ်အသင်းသည် အာဆင်နယ်အသင်းကို မိနစ် ၆၀ ကျော်အထိ သွင်းဂိုးခွင့် မပြုရအောင် စွမ်းဆောင်နိုင်ခဲ့သော် လည်း နောက်ပိုင်းပွဲချိန်များတွင် သွင်းဂိုးများ ဆက်တိုက်ခွင့်ပြုပေးခဲ့ရသည့်အတွက် ဂိုးပြတ် ရှုံးပွဲနှင့်ကြုံတွေ့ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်း ဖြစ်သည်။ 

 


အာဆင်နယ်အသင်းအတွက် သွင်းဂိုးများ ကို ပွဲချိန် ၆၃ မိနစ်တွင် အယ်နီနီနှင့် ပွဲချိန် မိနစ် ၇၀   နှင့်  ၇၆ မိနစ်တို့တွင် အင်ခီတီယာက တစ်ဦးတည်း  သွင်းယူနိုင်ခဲ့သည်။  အော့စ်ဖို့ဒ် အသင်းက       အာဆင်နယ်အသင်းဘက်သို့ ဂိုးကန်သွင်းမှု ခုနစ်ကြိမ်ထက်မနည်း ပြုလုပ် နိုင်ခဲ့သော်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့ချေ။ 

 


ယခုပွဲစဉ်တွင် အနိုင်ရရှိခဲ့သော အာဆင် နယ်အသင်းသည် အက်ဖ်အေဖလား စတုတ္ထ အဆင့်တွင် အသင်း ကြီး မန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။   အခြား သတင်းတစ်ရပ်တွင်      အာဆင်နယ်အသင်း သည်   ရှက်တာဒိုးနက်အသင်းမှ  မူဒရွိုက်ကို ခေါ်ယူရန်   ဆွေးနွေးမှုများ    ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။                  

အောင်ဇော်