အက်ဖ်အေဖလား တတိယအဆင့်ပြိုင်ပွဲ၌ စပါး၊ လက်စတာနှင့် ဆောက်သမ်တန်တို့ အနိုင်ရ

 

အက်ဖ်အေဖလားပြိုင်ပွဲ တတိယ အဆင့်မှ ဇန်နဝါရီ ၇ ရက် ည ၇ နာရီက   ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်များတွင် စပါး၊ လက်စတာနှင့် ဆောက်သမ်တန်အသင်းတို့ အနိုင် ရရှိခဲ့သည်။ 

 


စပါးနှင့်     လိဂ်ဝမ်းကလပ် ပို့စ်မောက်အသင်းတို့ ပွဲစဉ်တွင် စပါးအသင်းက    ခက်ခက်ခဲခဲ ယှဉ်ပြိုင်ကစားခဲ့ရပြီး ဟယ်ရီကိန်း ၏ တစ်လုံးတည်းသော သွင်းဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။ ယခုပွဲစဉ် တွင် သွင်းဂိုးတစ်ဂိုးရယူနိုင်ခဲ့သော ကိန်းသည် စပါးအသင်း၏ ထာဝရ သွင်းဂိုးအများဆုံး ဂျင်မီဂရေ့၏ သွင်းဂိုး ၂၆၆ ဂိုးစံချိန်ကို လိုက်မီ ရန်   တစ်ဂိုးသာ    လိုအပ်တော့ သည်။    

 

                                                                                                             
ဆောက်သမ်တန်နှင့် ပဲလေ့စ် အသင်းတို့ပွဲစဉ်တွင် ဆောက်သမ် တန်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။  အဆိုပါပွဲစဉ် တွင် ပဲလေ့စ်အသင်းက ခြေစွမ်းပြ ကစားနိုင်ခဲ့သော်လည်း   အသင်း ကစားသမားများ အဆုံးသတ်ပိုင်း လိုအပ်ချက်   ရှိနေသည့်အတွက် ရှုံးပွဲနှင့်       ကြုံတွေ့ခဲ့ရသည်။ လက်စတာနှင့်   လိဂ်တူးကလပ် ဂီလီဂမ်အသင်းတို့     ပွဲစဉ်တွင် လက်စတာအသင်းက    အီဟီ အာနာချို၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ 


ဇော်ဇော်