အက်သလက်တီကိုမက်ဒရစ် အိမ်ရှင်ပေါ်တိုကို နိုင်ပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့် တက်ရောက်

 

ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ပေါ်တူဂီကလပ် ပေါ်တိုအသင်းနှင့် စပိန်ကလပ် အက်သလက်တီကို     မက်ဒရစ်အသင်းတို့ပွဲစဉ်ကို    ဒီဇင်ဘာ ၈ ရက်   နံနက်ပိုင်းက ပေါ်တိုအိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ အက်သလက်တီကို မက်ဒရစ်အသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အက်သလက်တီကို မက်ဒရစ်အသင်းသည် ယခုအနိုင်ပွဲကြောင့် လီဗာပူးအသင်းနှင့်အတူ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။  

 


ပေါ်တိုအသင်းသည်    ယခုပွဲစဉ်တွင် ပြိုင်ဘက်အက်သလက်တီကို   မက်ဒရစ် အသင်းကို   အနိုင်ရရှိခဲ့ပါက    ရှုံးထွက် အဆင့်သို့     တက်ရောက်နိုင်မည်ဖြစ် သော်လည်း   အရေးနိမ့်ခဲ့သောကြောင့် အဆိုပါ  အခွင့်အရေးနှင့် လွဲချော်ခဲ့ရသည်။ ယခုပွဲစဉ်သည် အပြန်အလှန်ထိုးဖောက်မှု များနှင့်အတူ     ပြိုင်ဆိုင်မှု   ပြင်းထန်ခဲ့ပြီး ကွင်းလယ်ဒိုင်လူကြီး   ကလီမန့်တာပင် သည် အနီကတ် သုံးကတ်အထိပြသကာ ပွဲကိုထိန်းချုပ်ခဲ့ရသည်။   အနိုင်ရရှိရေးကို   ဦးတည်လာသည့်    အသင်းနှစ်သင်းဖြစ် သောကြောင့်     အကြိတ်အနယ်ရှိခဲ့ပြီး  ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ သည်။   အိမ်ရှင်ပေါ်တိုအသင်းသည်   ဂိုးရရှိ နိုင်သည့်  အခွင့်အရေးများ ရရှိခဲ့သော်လည်း အသင်းတိုက်စစ်ကစားသမားများ  အဆုံး သတ်     မသေချာမှု၊    အက်သလက်တီကို    မက်ဒရစ်ဂိုးသမား အော့ဘလက်လက်စွမ်း ပြကာကွယ်ထားနိုင်မှုကြောင့် လိုအပ်သည့် သွင်းဂိုးများနှင့် ဝေးကွာခဲ့ရခြင်းဖြစ်သည်။ 

 


ယခုပွဲစဉ်အတွက်      ဦးဆောင်ဂိုးကို အက်သလက်တီကို   မက်ဒရစ်အသင်းက စတင်ရရှိခဲ့ပြီး ပွဲချိန် ၅၆ မိနစ်တွင် ဂရစ်ဇ် မန်းက သွင်းယူပေးနိုင်ခဲ့သည်။ ပွဲချိန် ၆၇ မိနစ်တွင် အက်သလက်တီကို   မက်ဒရစ် အသင်းမှ    ကာရက်စ်ကို    အနီကတ်ပြ   ထုတ်ပယ်ခံခဲ့ရသလို   ပေါ်တိုအသင်းမှ    ဝင်ဒယ်လ်နှင့်  မာချီစင်တို့ကိုလည်း   ပွဲချိန် မိနစ်  ၇၀  နှင့် ၇၅ မိနစ်တို့တွင် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည်။    ပွဲချိန်ပြီးခါနီးတွင်  အက်သလက်တီကို မက်ဒရစ်အသင်းသည် ပေါ်တိုအသင်းအပေါ်  ဖိအားပေးကစားနိုင် ခဲ့ပြီး သွင်းဂိုးများ ရရှိခဲ့သည်။  မိနစ်   ၉၀   တွင် အက်သလက်တီကို     မက်ဒရစ်အသင်း ဒုတိယဂိုးရရှိခဲ့ပြီး ကော်ရဲရားက သွင်းယူ ပေးနိုင်ခဲ့သည်။    ထို့အပြင်     ထပ်ဆောင်း အချိန်ပို    နှစ်မိနစ်  အရောက်တွင်လည်း အက်သလက်တီကို     မက်ဒရစ်အသင်း တတိယဂိုး   ရရှိခဲ့ကာ   ရိုဒရီဂိုဒီပေါလ်က သွင်းယူပေးနိုင်ခဲ့သည်။ 

 


ပေါ်တိုအသင်းအတွက်    တစ်လုံးတည်း သော     ချေပဂိုးကို   ထပ်ဆောင်းအချိန်ပို ခြောက်မိနစ် အရောက်တွင် အိုလီဗီရီယာက   ပယ်နယ်တီမှတစ်ဆင့်   သွင်းယူပေးနိုင်ခဲ့ သည်။   ပေါ်တိုအသင်းသည်  ယခုပွဲစဉ်တွင် အရေးနိမ့်ခဲ့သော်လည်း     အုပ်စုတတိယ နေရာရရှိကာ        ယူရိုပါလိဂ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။ 

 


အခြားသော  ချန်ပီယံလိဂ်ပွဲစဉ်ရလဒ် များတွင်   ပီအက်စ်ဂျီက ကလပ်ဘရုဂ်ကို လေးဂိုး-တစ်ဂိုး၊ လိုက်ပ်ဇစ်က မန်စီးတီးကို နှစ်ဂိုး-တစ်ဂိုး၊   လီဗာပူးက  အေစီမီလန်ကို  နှစ်ဂိုး-တစ်ဂိုး၊  ဒေါ့မွန်က ဘတ်ဆီးတပ်ကို ငါးဂိုး-ဂိုးမရှိ၊    အိုင်းယက်စ်က    စပို့တင်း လစ္စဘွန်းကို လေးဂိုး- နှစ်ဂိုး၊ ရီးရဲမက်ဒရစ် က   အင်တာမီလန်ကို   နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး   ရှက်တာဒိုးနက်နှင့်   ရှီရစ်ဖ် အသင်းတို့    ပွဲစဉ်တွင် တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့သည်။                                           
                         

အောင်ဇော်