အလုပ်သမားညီလာခံကို အသုံးမချပါနဲ့. . .

Type

မကြာမီက ကျင်းပပြီးစီးခဲ့သည့် (၁၀၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ၌ မြန်မာနိုင်ငံဆိုင်ရာ       အဆိုမူကြမ်းတစ်စောင်ကို ဇွန်လ ၁၉ ရက်နေ့က အတည်ပြုခဲ့သည်ကို   သိရှိရ ပါသည်။ 


ပြင်းထန်စွာ ကန့်ကွက်ပယ်ချ


ထိုစာတမ်းမှာ Resolution  for  a return to democracy  and  respect  for  fundamental rights in Myanmar ဖြစ်ပြီး မြန်မာနိုင်ငံမျက်ကွယ်၌ လိုရာရေးဆွဲထားသည့်   မမှန်ကန်သည့်  အချက် အလက်များကို   ရယူသုံးစွဲအတည်ပြုခဲ့သည်ကို မြင်တွေ့ရပါသည်။   မြန်မာနိုင်ငံအနေဖြင့်လည်း  အဆိုပါမူကြမ်းချမှတ်ခဲ့ခြင်းကို      ပြင်းထန်စွာ ကန့်ကွက်ပယ်ချမှုကို  ဇွန်  ၂၂ ရက်က  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနက ထုတ်ပြန်ကြေညာခဲ့ပါသည်။
အဆိုပါမူကြမ်းသည် လက်ရှိ   မိမိတို့နိုင်ငံ၏ ပကတိအခြေအနေမှန်ကို မထင်ဟပ်သည့် မူကြမ်း တစ်စောင်သာဖြစ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင် သည့် နိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို   ဝင်ရောက် စွက်ဖက်နိုင်ရေးအတွက် အလုပ်သမားညီလာခံကို အသုံးချလိုက်ခြင်းသာဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနက  သတင်းထုတ်ပြန်ခဲ့ပါသည်။  မြန်မာနိုင်ငံ အနေဖြင့် နှစ်စဉ်ကျင်းပခဲ့သည့် ILO ၏ အပြည်ပြည် ဆိုင်ရာအလုပ်သမားရေးရာညီလာခံများကို မပျက် မကွက်တက်ရောက်ခဲ့သည်မှာ ၂၀၂၀ ပြည့်နှစ်အထိ ဖြစ်ပါသည်။ 


ထိုသို့    နှစ်စဉ်တက်ရောက်ခွင့်ရရှိရန်နှင့်  မြန်မာ အလုပ်သမားများအရေးကိစ္စများအတွက် သက်ဆိုင်ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ကမကထပြု၍ အလုပ်ရှင်ကိုယ်စားလှယ်များ၊     အလုပ်သမား ကိုယ်စားလှယ်များကို    သတ်မှတ်ချိန်အတွင်း ရွေးချယ်ပေးနိုင်ရန်အတွက် လွတ်လပ်စွာရွေးချယ် အဆိုပြုပါဝင်ခွင့်ရရန်   သက်ဆိုင်ရာအလုပ်သမား၊ အလုပ်ရှင်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ကာ  နှစ်စဉ် ကြိုးစားပေးခဲ့သည်ကိုလည်း     အလုပ်သမားအဖွဲ့ အစည်းတိုင်း သိရှိထားပြီးဖြစ်ပါသည်။


ယခုနှစ်တွင်မူ မြန်မာနိုင်ငံအစိုးရကိုယ်စားလှယ် များမပါဝင်သည့် (၁၀၉) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာညီလာခံတွင်    မြန်မာ နိုင်ငံနှင့်သက်ဆိုင်သည့် အဆိုမူကြမ်းကို တစ်ဖက်သတ် ရေးဆွဲချမှတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါမူကြမ်းတွင် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူများနှင့်  အကြမ်းဖက် ဆူပူသူများကို   ရောနှော၍   သုံးနှုန်းထားသည် ကိုလည်း မြင်တွေ့ရသည်။


မသိကျိုးကျွံပြုထား


နိုင်ငံတော်အနေဖြင့် ဖြစ်စဉ်အစမှအဆုံး တိကျ သည့် ကိန်းဂဏန်းများ၊ ဖြစ်စဉ်တစ်ခုချင်းအတွက် ရှင်းလင်းဖြေကြားချက်များ များစွာပြုလုပ်ခဲ့သော် လည်း ယင်းအချက်အလက်များကိုမူ လျစ်လျူရှု၍ ထည့်သွင်းဖော်ပြထားခြင်းမရှိခဲ့ပါ။ ထို့အတူ နိုင်ငံ့ ဝန်ထမ်းများနှင့်   ငြိမ်းချမ်းစွာနေထိုင်လိုကြသည့် ပြည်သူများ   ခြိမ်းခြောက်ခံနေရခြင်း၊    ဖမ်းဆီး သတ်ဖြတ်ခံနေရခြင်းနှင့် လုပ်ငန်းခွင်သို့ ဝင်ရောက် ရန်   နှောင့်ယှက်ဟန့်တားနေခြင်းတို့အပေါ်တွင်မူ အဆိုပါမူကြမ်းက    မသိကျိုးကျွံပြုထားသည်ကို မြင်တွေ့ရပါသည်။ 


အိုင်အယ်လ်အို၏စည်းမျဉ်းများအရ အပြည် ပြည်ဆိုင်ရာ အလုပ်သမားညီလာခံသည် သက်ဆိုင်ရာ အစိုးရ၊   အလုပ်ရှင်၊  အလုပ်သမား   သုံးပွင့်ဆိုင် ကိုယ်စားလှယ်များ တက်ရောက်ကြရပြီး   နိုင်ငံ တစ်နိုင်ငံ၏ အလုပ်သမားရေးရာကိစ္စရပ်များအပေါ် နှီးနှောတိုင်ပင်ခြင်း၊    အကြံဉာဏ်များမျှဝေခြင်းနှင့် ဘုံသဘောတူညီချက်များ ပြဋ္ဌာန်းခြင်းတို့ကို ပြုလုပ် ကြသည့် ညီလာခံတစ်ခုလည်းဖြစ်ပါသည်။ သို့သော် ယခုကျင်းပခဲ့သည့် (၁၀၉) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာညီလာခံတွင်မူ မိမိတို့ မြန်မာနိုင်ငံမှ သုံးပွင့်ဆိုင်ကိုယ်စားလှယ်များ အားလုံး မပါဝင်ဘဲ    နိုင်ငံတော်အစိုးရကိုယ်စားလှယ်များ  တက်ရောက်ခွင့်မရရန် မဟုတ်မမှန်သည့်သတင်း များကို အသုံးပြု၍ နည်းမျိုးစုံသုံး၍ ဟန့်တားခဲ့ကြ သည်ကိုလည်း  စိတ်မသက်သာဖွယ်   မြင်တွေ့ရပါ သည်။
ပြီးခဲ့သည့်လအနည်းငယ်အတွင်း အလုပ်ရုံ၊ စက်ရုံ များအား မီးရှို့ဖျက်ဆီးခြင်း၊      အလုပ်သမားများ လုပ်ငန်းခွင်မဝင်ရောက်နိုင်ရန်       နှောင့်ယှက် ဟန့်တားခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံတော်မှ စနစ်တကျကိုင်တွယ်ဖြေရှင်းခဲ့သည် မှာ မိမိတို့ပြည်သူများအားလုံးအသိပင်    ဖြစ်ပါ သည်။ သို့သော်     မြန်မာနိုင်ငံအရေးနှင့်သက်ဆိုင် သည့် အဆိုပါ အဆိုပြုမူကြမ်းတွင်မူ    ယင်းသို့သော အကြမ်းဖက်ကိစ္စရပ်များကို  ထည့်သွင်းပါဝင်ခြင်း မပြုခြင်းသည် မမျှတသည့် အဆိုမူကြမ်းပင်ဖြစ်ပါ သည်။ မိမိတို့ပြည်သူအများစုသည် နိုင်ငံရေးအမြင် ကွဲပြားမှုများ မည်မျှပင်ရှိပါစေ တိုင်းပြည်အေးချမ်း တည်ငြိမ်မှုကို လိုလားကြသူများဖြစ်ပါသည်။ မိမိ တို့နိုင်ငံအရေးကိစ္စကို ဘက်ပေါင်းစုံထောင့်ပေါင်းစုံ မှစေ့ငုခြင်းမရှိဘဲ တစ်ဖက်သတ်စွပ်စွဲပြောဆိုခြင်း နှင့်  မိမိတို့နိုင်ငံ၏ အလုပ်သမားအရေးကိစ္စများကို သုံးသပ်ရာတွင်လည်း သုံးပွင့်ဆိုင်ပါဝင်ခွင့်မပေးဘဲ တစ်ဖက်သတ်သဘောထားသာဖြစ်သည်ဟု ယူဆ ရပါလိမ့်မည်။


မိမိတို့နိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များ ကြောင့် အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူများ စိတ်မအေးကြရဘဲ အပြစ်မဲ့ပြည်သူနှင့်  ဝန်ထမ်း ၁၇၀ ကျော်ခန့် အကြမ်းဖက်လုပ်ရပ်များကြောင့် အသက်ဆုံးရှုံးခဲ့ရသကဲ့သို့ နိုင်ငံတည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက်   တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့်     ရဲတပ်ဖွဲ့ဝင်   ၈၀ ကျော် အသက်ဆုံးရှုံးခဲ့သည်ကိုလည်း မြင်တွေ့ရ မည် ဖြစ်ပါသည်။ 


မတရားစွပ်စွဲပြစ်တင်၍ မိမိတို့နိုင်ငံအရေးကို ဝင်ရောက်စွက်ဖက်ရန် အသုံးချခံရသည့် အပြည် ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံကြီးကို မြင်ရသည့်အတွက်   စိတ်မသက်မသာဖြစ်ရပြီး    မိမိတို့နိုင်ငံအတွက်၊ မိမိတို့အလုပ်သမားများအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၏ မှန်ကန်မျှတသည့် အတွေးအခေါ်နှင့်   လုပ်ရပ်များကိုသာ   မျှော်လင့် လျက်ရှိပါကြောင်း  အလုပ်သမားတစ်ဦး၊   ပြည်သူ တစ်ဦးအနေဖြင့် တင်ပြလိုက်ရပါသည်။    ။