အများပြည်သူ ဝိုင်းဝန်းကူ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက  ရန်ကုန်တိုင်းဒေသကြီး  လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး (Martial  Law) အာဏာကျင့်သုံးရန် အပ်နှင်းလိုက်သည်။ လှိုင် သာယာတွင် ကြီးမားသည့် စက်မှုဇုန်ကြီးတည်ရှိနေပြီး အနယ်နယ် အရပ်ရပ်မှ လာရောက်နေထိုင်သူများ၊ ရွှေ့ပြောင်းအလုပ်သမား များနှင့် လူဦးရေထူထပ်သည့် မြို့နယ်ဖြစ်သလို စီးပွားရေးအရ လည်း အရေးပါသည့်မြို့နယ်ဖြစ်သည်။ လှိုင်သာယာစက်မှုဇုန်တွင် ပြည်တွင်း ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံမှုများ အမြောက်အမြား ရှိသည့်အနက် အထည်ချုပ်စက်ရုံလေးရုံနှင့် ဓာတ်မြေဩဇာစက်ရုံ တစ်ရုံတို့ကို ဆန္ဒပြဆူပူလှုပ်ရှားသူများက မီးရှို့လိုက်ကြသည့်အပြင် မီးသတ်စခန်းများမှ မီးသတ်ယာဉ်များ  ထွက်ခွာ၍မရအောင် လူအင်အားသုံး၍  ပိတ်ဆို့တားဆီးခဲ့ကြသည်။  ရွှေပြည်သာ မြို့နယ်တွင်လည်း အထည်ချုပ်စက်ရုံနှစ်ရုံနှင့် စာသင်ကျောင်း တစ်ကျောင်း မီးလောင်ခဲ့သည်။ ဤသည်မှာ ဆန္ဒပြသည့် အခြေ အနေမျိုးမဟုတ်တော့ဘဲ အကြမ်းဖက်သည့်အဆင့်သို့ ရောက်ရှိ သွားခြင်းဖြစ်သည်။  အဆိုပါမြို့နယ်များ၏အခြေအနေသည် လုံခြုံ ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာ  ရေးတို့ အတွက်  ထိထိရောက်ရောက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေပင်ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် နိုင်ငံ့ဝန်ထမ်းများ (CDM)လှုပ်ရှားမှု၌ ပါဝင်လာစေရေးအတွက် လှုံ့ဆော်စည်းရုံးမှုများ၊ ဝါဒဖြန့်မှုများ၊ အကျပ်ကိုင်မှု၊ ခြိမ်းခြောက်မှု၊ ဖိအားပေးမှုများနှင့်အတူ လမ်းပေါ်ဆန္ဒပြပွဲများ ဖြစ်ပေါ်လာခဲ့သည်။ ယင်းအခြေအနေမှသည် အကြမ်းဖက်မှုများ  မဖြစ်ပေါ်လာစေရန် ကြိုတင်တားဆီးသည့် အနေဖြင့် မြို့နယ်အချို့တွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရသည်။ နယ်မြေများအတွင်း လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးဆောင်ရွက်ရာတွင် ဆန္ဒပြမှုမှသည် အကြမ်းဖက်ဆူပူမှုသို့ လည်းကောင်း၊ နောက်တစ်ဆင့်တက်၍ မင်းမဲ့စရိုက်ဆန်ဆန် လူအုပ်စု ဖြင့် အကြမ်းဖက်မှုသို့ လည်းကောင်း  အဆင့်ဆင့်ကူးပြောင်းမှု  အခြေ အနေကိုလိုက်၍     ထိန်းသိမ်းခြင်း၊    နှိမ်နင်းခြင်းတို့  ပြုလုပ်နေပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ  ရုန်းရင်းဆန်ခတ်မှုလက်စွဲ ဥပဒေ(၁၉၅၆ ခုနှစ်)နှင့်   ပြည်ထဲရေးဝန်ကြီးဌာန   မြန်မာနိုင်ငံ      ရဲတပ်ဖွဲ့ လူစုလူဝေးအား ကြီးကြပ်ထိန်းသိမ်းခြင်းလက်စွဲစာစောင် (၂၀၁၅ ခုနှစ်)ပါ ပြဋ္ဌာန်းဥပဒေများနှင့်အညီ အနည်းဆုံးအင်အား၊ အနိမ့်ဆုံးအဆင့်မှစတင်၍  ဖြေရှင်းဆောင်ရွက်နေခြင်းဖြစ်သည်။ ဆန္ဒပြမှုမှသည် အကြမ်းဖက်ဖျက်ဆီးမှုများအထိ အဆင့်ဆင့်ပြောင်းလဲ လာခြင်းက လှိုင်သာယာနှင့် ရွှေပြည်သာဆိုသည့် ဆက်စပ်မြို့နယ် နှစ်ခုကို စစ်အုပ်ချုပ်ရေးကြေညာရသည့်အခြေအနေသို့ ရောက်ရှိ သွားစေခဲ့ခြင်းဖြစ်သည်။
လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်တို့တွင်ရှိသည့် စက်ရုံများ ကို အကြမ်းဖက်မီးရှို့မှုများမတိုင်မီ ပြည်ပရင်းနှီးမြှုပ်နှံမှုများ(အထူးသဖြင့် တရုတ်နိုင်ငံ)ကို တိုက်ခိုက်ဖျက်ဆီးရန် လှုံ့ဆော်မှုများကို လူမှုကွန်ရက်တွင် တွေ့မြင်ရသည်။ စက်ရုံ၊ အလုပ်ရုံများကို မီးရှို့ ဖျက်ဆီးခြင်းက  အစိုးရကို ထိခိုက်ခြင်းထက် ရင်းနှီးမြှုပ်နှံသူကို ထိခိုက်စေသည်။  သို့ရာတွင်  အထိခိုက်ဆုံးက   စက်ရုံ၊ အလုပ်ရုံ များတွင် လုပ်ကိုင်နေကြသည့် အလုပ်သမားများနှင့် ၎င်းတို့ကို မှီခိုနေကြသည့် မိသားစုများဖြစ်သည်။ ဆန္ဒပြပွဲများ ကာလ ကြာရှည်လာသည်နှင့်အမျှ မင်းမဲ့စရိုက် ကြီးစိုးလာပြီး အကြမ်းဖက် တိုက်ခိုက်ဖျက်ဆီးမှုများ  ပိုမိုဖြစ်ပွားလာသည်။   တည်ငြိမ်အေးချမ်း မှု ကာလတာရှည်စွာ ပျောက်ကွယ်နေသည်နှင့်အမျှ  ပြည်သူ လူထု၏ နေ့စဉ်ဘဝများမှာ ဒုက္ခတွင်း နက်သည်ထက်နက်လာ နိုင်ခြင်းကြောင့်  တရားဥပဒေစိုးမိုးရေး  လျင်မြန်စွာရရှိနိုင်ရန်  အများပြည်သူ ဝိုင်းဝန်းကူကြရပါမည့်အကြောင်း။    ။