အများပြည်သူသို့ အသိပေးကြေညာချက်


 

၁။    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည်   အဂတိ လိုက်စားမှု   တားဆီးကာကွယ်ရေးလုပ်ငန်းများကို  ထိရောက်စွာ အကောင်အထည်ဖော်   ဆောင်ရွက်နိုင်ရန်အတွက်   ကော်မရှင် အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် အဂတိ လိုက်စားမှု  တားဆီးကာကွယ်ရေးအဖွဲ့များ  ဖွဲ့စည်းဆောင်ရွက် လျက်ရှိပါသည်။
၂။    ကော်မရှင်အနေဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများ၏ ကြီးကြပ်မှုအောက်ရှိ အများပြည်သူနှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိသော ရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူခဲ့ကြသော ပြည်သူများ၏ တယ်လီဖုန်းများသို့ Short Code နံပါတ် “1111” အသုံးပြု၍ SMS မှတစ်ဆင့် မေးခွန်းများမေးမြန်းခြင်းနှင့် တုံ့ပြန်မှုရယူ ခြင်းအစီအစဉ် (Public Feedback Programme – PFP) ကို အသုံးပြု ဆောင်ရွက်လျက်ရှိပါသည်။
၃။    အများပြည်သူထံမှ  တုံ့ပြန်မှုရယူခြင်းအစီအစဉ်အရ  အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများထံမှ Short Code နံပါတ် “1111” ဖြင့် ဝန်ဆောင်မှု ရယူစဉ်က ကြုံတွေ့ခဲ့ရသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ပေးပို့ မေးမြန်းလိုက်သော SMS များကို မှန်ကန်စွာ ပြန်လည်ဖြေကြားပေးခြင်း ဖြင့် သက်ဆိုင်ရာဌာနအသီးသီး၏ ဝန်ဆောင်မှု လုပ်ငန်းအရည်အသွေး ကို သိရှိနိုင်မည်ဖြစ်ပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အတွက် လိုအပ်ချက်များကို ပြုပြင်နိုင်မည်ဖြစ်ပါသည်။ 
၄။    သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် ကော်မရှင်နှင့် ပြည်ထောင်စု ဝန်ကြီးဌာန/အဖွဲ့အစည်းများရှိ အဂတိလိုက်စားမှု တားဆီးကာကွယ် ရေးအဖွဲ့များက Short Code “1111” ဖြင့် SMS ပေးပို့ မေးမြန်း လိုက်သော မေးခွန်းများကို ပြန်လည်ဖြေကြားပေးခြင်းသည် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်း မှ  ပါဝင်ဆောင်ရွက်ခြင်းဖြစ်သဖြင့်  အများပြည်သူထံမှ တုံ့ပြန်မှုရယူ ခြင်း အစီအစဉ်ကို အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုပါ ကြောင်း အသိပေးနှိုးဆော်တင်ပြအပ်ပါသည်။
                                                                                                                                      အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်