
ဥရောပချန်ပီယံရှစ်ခြေစစ်ပြိုင်ပွဲ အုပ်စု (ဘီ) ပွဲစဉ် (၁) မှ နာမည်ကြီး ပြင်သစ်အသင်းနှင့် နယ်သာလန် အသင်းတို့ ပွဲစဉ်ကို မတ် ၂၅ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ပြင်သစ်အသင်းက လေးဂိုးပြတ် အနိုင်ရရှိခဲ့သည်။
အဆိုပါ ပွဲစဉ်သည် ပြင်သစ် အသင်းမှ အဓိက တိုက်စစ် ကစားသမားအမ်ဘာပေ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူသည့် ပွဲစဉ်လည်းဖြစ်သည်။ အသင်းကြီးအချင်းချင်း တွေ့ဆုံသည့် ပွဲစဉ်ဖြစ် သည့်အလျောက် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး အဆုံးသတ်သေချာသည့် ပြင်သစ်အသင်းက ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ အသင်းအတွက် သွင်းဂိုးများကို ဂရစ်ဇ်မန်း၊ အူပါမီကာနိုနှင့် အမ်ဘာပေတို့က သွင်းယူ ပေးနိုင်ခဲ့သည်။ နာကျင် အချိန်ပိုတွင် နယ်သာလန်အသင်း ပယ်နယ်တီကန်သွင်းခွင့်ရရှိခဲ့သော်လည်း ဒီပေး အဆုံးသတ်ကန်သွင်းရာ လွဲချော် ခဲ့သည်။ အမ်ဘာပေသည် ယခုနှစ်ပွဲစဉ်တွင် နှစ်ဂိုးသွင်းယူနိုင်ခဲ့သည့် အတွက် နိုင်ငံတကာ သွင်းဂိုး ၃၈ ဂိုးအထိ ရှိလာပြီဖြစ်သည်။
ပြင်သစ်အသင်းသည် လာမည့်ပွဲစဉ်အဖြစ် မတ် ၂၈ ရက်တွင် အိုင်ယာလန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး နယ်သာလန် အသင်းက ဂျီဘရောလ်တာအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အောင်ဇော်