
ရန်ကုန် မေ ၂၉
အမေရိကန်နိုင်ငံ WOMENS ALL PRO TOUR က စီစဉ်ကျင်းပသည့် VELLA VISTA CLASSIC ဂေါက်သီး ရိုက်ပြိုင်ပွဲကို ၂၀၂၂ ခုနှစ် မေ ၂၆ ရက်မှ ၂၇ ရက်အထိ အမေ ရိကန်နိုင်ငံရှိ BELLA VISTA VILLAGE – COUNTRY CLUB နှင့် BELLA VISTA VILLAGE – HIGH-LANDS တို့၌ ပြုလုပ်ခဲ့ရာ မြန်မာ ပရော်ဖက်ရှင်နယ် ဂေါက်သီးရိုက် အားကစားမယ် ဝင့်ဖူးနဒီအောင် (ခ) အိန်ဂျလာအောင် အဆင့် (၄)နေရာ ရရှိခဲ့သည်။
ယင်းပြိုင်ပွဲကို ယခင်က မေ ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပရန် စီစဉ်ထားသော်လည်း ရာသီဥတု အခြေအနေအရ နှစ်ရက်သာ ပြုလုပ်ခဲ့ရသည်။ ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အမျိုးသမီး ပရော် ဖက်ရှင်နယ် ဂေါက်သီးရိုက်ကစား သမား ဝင့်ဖူးနဒီအောင် (ခ) အိန်ဂျလာအောင်သည် စုစုပေါင်း ရိုက်ချက် ၁၄၀ ဖြင့် သတ်မှတ် ရိုက်ချက်ထက် သုံးချက်လျှော့ရိုက် ကာ အဆင့် ၄ နေရာ ရရှိပြီး ဆုကြေးငွေ ဒေါ်လာ ၂၀၀၀ ရရှိခဲ့ သည်။ ယင်းပြိုင်ပွဲတွင် အမေ ရိကန်၊ စင်ကာပူ၊ စကော့တလန်၊ တောင်အာဖရိက၊ တောင် ကိုရီးယား၊ သြစတြေးလျ၊ ဟောင် ကောင်၊ ဖိလစ်ပိုင်၊ ဘရာဇီး၊ နယူးဇီလန်၊ အိန္ဒိယ၊ ဆွီဒင် အစ ရှိသော နိုင်ငံများမှ ကစားသမား ၇၁ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ မြန်မာ ပရော်ဖက်ရှင်နယ် ဂေါက်သီးရိုက် အားကစားမယ် ဝင့်ဖူးနဒီအောင် (ခ) အိန်ဂျလာ အောင်သည် အမေရိကန်နိုင်ငံ၌ကျင်းပလျက်ရှိသည့် အမျိုးသမီး ပရော်ဖက်ရှင်နယ် ဂေါက်သီးရိုက် ပြိုင်ပွဲများတွင် ဆက်တိုက် ဝင်ရောက် ယှဉ်ပြိုင်နေသူဖြစ် သည်။
ကိုညီလေး၊ ဓာတ်ပုံ- MGF