
ထက်မြတ်
ဖြုတ်ချခံလိုက်ရတဲ့ NLD လွှတ်တော်အမတ်တွေနဲ့စုဖွဲ့ထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လို့ခေါ်တဲ့ မြန်မာနိုင်ငံရဲ့အကြမ်းဖက်အစိုးရအဖွဲ့ဟာ ဖေဖော်ဝါရီလမှာ နိုင်ငံတော်အာဏာကို ရယူထိန်းသိမ်းထားတဲ့ တပ်မတော်အစိုးရကို ဆန့်ကျင်တဲ့ အကြမ်းဖက်တိုက်ပွဲတွေစတင်ဖို့ စက်တင်ဘာ ၇ ရက်မှာ လှုံ့ဆော်လိုက်ပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေအနေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ လက်တွဲပါဝင်ပြီး တပ်မတော်ရဲ့အုပ်ချုပ်မှုကို တွန်းလှန်ကြဖို့ ကိုလည်း သူတို့က တိုက်တွန်းထားပါသေးတယ်။ NUG ရဲ့ ယာယီသမ္မတဖြစ်တဲ့ ဒူးဝါးလရှီးလက PDF အကြမ်းဖက်အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေအနေနဲ့ တပ်မတော်ကို အခုချက်ချင်း တိုက်ခိုက်ကြဖို့ သူ့ရဲ့ဗီဒီယိုမိန့်ခွန်းတစ်ခုမှာ တောင်းဆိုထားပါတယ်။
PDF အကြမ်းဖက်အဖွဲ့ကို မေလမှာဖွဲ့စည်းခဲ့ တာပါ။ သူတို့အနေနဲ့ NLD ပါတီကိုသစ္စာခံမယ်လို့ကတိပြုထားပြီးတော့ သူတို့မှာ တပ်ဖွဲ့ဝင်အင်အား က အနည်းအကျဉ်းသာရှိပါတယ်။ တပ်မတော် အစိုးရက NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ထား သလို ဒူးဝါးလရှီးလကလည်း တပ်မတော်အစိုးရကို အကြမ်းဖက်တပ်မတော်အဖြစ် ပြောထားပါတယ်။
မြန်မာနိုင်ငံဟာ နိုင်ငံရေးမတည်ငြိမ်မှုကို နှစ်ပေါင်း များစွာကြာ ကြုံတွေ့လာခဲ့ရတာပါ။ အဲဒီလိုနိုင်ငံ ရေး မတည်ငြိမ်မှုတွေဟာ တပ်မတော်နဲ့ စစ်အစိုးရ အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ နိုင်ငံရေးပါတီတွေကြား က ပဋိပက္ခတွေ၊ အာဏာရအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားက ပဋိပက္ခတွေနဲ့ ရောယှက်နေတာပါ။ တကယ်လို့များ လက်နက် ကိုင် တိုက်ခိုက်မှုတွေ ကျူးလွန်ဖို့၊ နိုင်ငံရေး အစွန်း ရောက်လုပ်ဆောင်မှုတွေ ဆောင်ရွက်ဖို့ တွန်းအား ပေးတိုက်တွန်းမှုတွေရှိလာပြီဆိုရင် မြန်မာနိုင်ငံဟာ မဆုံးနိုင်သော တိုက်ပွဲတွေနဲ့ ဒုက္ခပင်လယ်ဝေသွားပါ လိမ့်မယ်။
ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေး
မြန်မာနိုင်ငံအတွက် ပဓာနကျသော အရေးကြီး တဲ့အရာက ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဖြစ်တယ် ဆိုတာကို မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေက ယုံကြည်ထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွင်း ရှိ အဖွဲ့အစည်းအားလုံးကြားမှာ ငြိမ်းချမ်းရေးကို အားပေးမြှင့်တင်နိုင်စေဖို့အတွက်လည်း စိတ်ဆန္ဒ ရှိပါတယ်။ ဒါဟာ တရုတ်တစ်နိုင်ငံတည်းရဲ့ သဘောထားမဟုတ်ပါဘူး။ အာဆီယံသည်လည်း အလားတူ သဘောထားရှိပါတယ်။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေ ကတော့ တခြားတစ်ဖက်မှာနေပြီး မြန်မာ့ တပ်မတော်ရဲ့ ဖြုတ်ချခြင်းကိုခံလိုက်ရတဲ့ NLD အစိုးရကို အာဏာပြန်လည်ရရှိစေဖို့အတွက် အားပေးထောက်ပံ့မှုတွေ လုပ်နေပါတယ်။ သူတို့ က ထိပ်တိုက်တွေ့ဆုံရေးနည်းလမ်းတွေကနေ တစ်ဆင့်သာ စစ်အစိုးရကို ဖြုတ်ချနိုင်စေမယ်ဆို ပြီး မျှော်လင့်ချက်တွေကိုလည်း ပေးထားပါတယ်။
အနောက်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံရဲ့အကြမ်း ဖက်အစိုးရနဲ့ PDF အကြမ်းဖက်အဖွဲ့ကို ဆော်ဩစည်းရုံးခြင်းနည်းလမ်းတစ်ခုတည်းနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ပြည်တွင်းစစ်ဖြစ်စေဖို့ ပြောင်းလဲခြင်းငှာ မစွမ်းဆောင်နိုင်ပါဘူး။ မြန်မာ့ တပ်မတော်ဆိုတာ မြန်မာနိုင်ငံအတွင်းမှာ အင်အား တောင့်တင်းခိုင်မာတဲ့ အဖွဲ့အစည်းအဖြစ် ရပ်တည် လျက်ရှိပါတယ်။ မြန်မာ့တပ်မတော်ဟာ ဖေဖော်ဝါရီလနိုင်ငံရေးပဋိပက္ခဖြစ်စဉ် ဖြစ်ပွားချိန် ကစလို့ NLD ထောက်ခံသူတွေရဲ့ အကြိမ်ကြိမ် ဆန္ဒပြမှုတွေ၊ PDF အကြမ်းဖက်အဖွဲ့တွေရဲ့ ဗုံးခွဲ တိုက်ခိုက်မှုတွေ၊ ပြည်ပနိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့ မှုတွေကို ရင်ဆိုင်ခဲ့ရပြီးပါပြီ။ ဒါပေမယ့်လည်း သူတို့ ဟာ အခြေအနေအရပ်ရပ်ကို အမြဲတမ်းထိန်းချုပ် ထားနိုင်ဆဲဖြစ်ပါတယ်။ ဒါဟာ တခြားသောတပ်ဖွဲ့ တွေနဲ့ နှိုင်းယှဉ်ရင် မြန်မာ့တပ်မတော်ဆိုတာ အထူး ဖြစ်တဲ့ နိုင်ငံရေးအင်အားစုတစ်ခုဖြစ်တယ်ဆိုတဲ့ ထူးခြားတဲ့ဝိသေသတွေကို ထင်ဟပ်စေပါတယ်။
အမတ်နေရာ ၂၅ ရာခိုင်နှုန်းကို ရယူထား
မြန်မာနိုင်ငံမှာ စစ်သည်အင်အား ခြောက်သိန်း နဲ့ တောင့်တင်းခိုင်မာတဲ့ တပ်မတော်တစ်ရပ်ရှိ ပါတယ်။ NLD အနေနဲ့ အာဏာရရှိခဲ့စဉ်ကတည်းက တပ်မတော်ဟာ မြန်မာနိုင်ငံရဲ့ လွှတ်တော်မှာ အမတ်နေရာ ၂၅ ရာခိုင်နှုန်းကို ရယူထားနိုင်ဆဲ ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် အမေရိကန်နဲ့ အနောက်နိုင်ငံတွေ အနေနဲ့ အကြမ်းဖက် PDF အပါအဝင် စစ်အစိုးရကို ဆန့်ကျင်တဲ့ အင်အားစုတွေကို စစ်ရေးအရ ပြောင်ပြောင်တင်းတင်း ထောက်ပံ့လာမယ်ဆိုရင်၊ သူတို့ကို စစ်လက်နက်ပစ္စည်းအမြောက်အမြားနဲ့ ထောက်ပံ့ဖို့ လုပ်ဆောင်လာမယ်ဆိုရင်တော့ အမှန် တကယ်ပြည်တွင်းစစ်ကို ဖြစ်ပေါ်လာစေပါလိမ့် မယ်။ ဒီလိုဆိုရင် မြန်မာနိုင်ငံရဲ့အခြေအနေဟာလည်း စာမျက်နှာအသစ်တစ်ခုကို ရောက်ရှိသွားပါလိမ့် မယ်။
လက်ရှိအချိန်မှာ NLD ဆိုတာ တရားဝင်ပါတီ အဖြစ်ဆက်လက်ရှိဆဲပါ။ သူတို့ရဲ့ ယခင်ရပ်တည် ချက်မှာ တပ်မတော်နဲ့ အစိုးရအဖွဲ့အစည်းတွေကိုပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကို လူသိရှင်ကြား ထောက်ခံမှု မပါဝင်ခဲ့ပါဘူး။ တကယ်လို့သာ NLD အနေနဲ့ တော်လှန်ရေးမှာ ဦးဆောင်ပါဝင်လာမယ် ဆိုရင် မြန်မာနိုင်ငံရဲ့အခြေအနေကို နောက်ကြောင်း ပြန်လှည့်သွားစေပါလိမ့်မယ်။
နိုင်ငံခြားရေးမူဝါဒကို လိုက်နာစောင့်ထိန်း
တရုတ်နိုင်ငံအနေနဲ့ ပြည်ပနိုင်ငံတွေရဲ့ ပြည်တွင်းရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်မှု မပြုဘူးဆိုတဲ့ နိုင်ငံခြားရေးမူဝါဒကို လိုက်နာ စောင့်ထိန်းပါတယ်။ တရုတ်နိုင်ငံအတွက်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဟာ အလွန်တရာ အရေးကြီးလှပါတယ်။ အကယ်၍ မြန်မာနိုင်ငံမှာ ဝရုန်းသုန်းကားအခြေအနေတွေဖြစ်နေရင် ဒုက္ခ သည်တွေဟာ တရုတ်နိုင်ငံထဲကို ရွှေ့ပြောင်းရောက် ရှိလာနိုင်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှု သည်လည်း အလွန်ဆိုးရွားလှတဲ့ ခြိမ်းခြောက်မှု အောက်ကို ရောက်ရှိသွားပါလိမ့်မယ်။ မြန်မာ့ တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ထိတွေ့တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ဟိုယခင်အချိန်တုန်းကဆိုရင် ဗုံးတွေဟာ တရုတ် နိုင်ငံထဲကို ရံဖန်ရံခါဆိုသလို ကျလာလေ့ရှိ ပါတယ်။
နိုင်ငံရေးမူဘောင်တစ်ရပ်ကိုဖော်ထုတ်ဖို့လို
တရုတ်နိုင်ငံရဲ့ သတင်းဌာနတစ်ခုအနေနဲ့ပြောရမယ်ဆိုရင် မြန်မာနိုင်ငံအတွင်း အခြေအနေတွေကို ပိုမိုဆိုးရွားလာစေမယ့် အမေရိကန်နဲ့အနောက် နိုင်ငံတို့ရဲ့ ဘယ်လိုမူဝါဒမျိုးကိုမဆို မိမိတို့က ဆန့်ကျင်ကန့်ကွက်ပါတယ်။ မိမိတို့အနေနဲ့ရှုမြင်ရ တာကတော့ သူတို့ရဲ့နိုင်ငံရေးဆိုင်ရာကြေညာချက် တွေဟာ သူတို့အတွက် ဘယ်လိုမှအရာ မရောက်ပေ မယ့် မြန်မာနိုင်ငံကိုတော့ ထိခိုက်နစ်နာစေပါလိမ့် မယ်။ အနောက်နိုင်ငံတွေရဲ့ အုပ်ချုပ်မှုပုံစံက မြန်မာ နိုင်ငံနဲ့ အံဝင်ခွင်ကျမှုမရှိဘူးဆိုတာကိုလည်း အခု ဖြစ်စဉ်တွေက သက်သေပြပြီးပါပြီ။ မြန်မာနိုင်ငံအနေ နဲ့ အရှိတရားကိုရင်ဆိုင်ဖို့နဲ့ အမျိုးသားနဲ့ နိုင်ငံရေး ဆိုင်ရာ ရင်ကြားစေ့ရေးကို ဖြစ်ပေါ်လာစေဖို့အတွက် သက်ဆိုင်သူ အသီးသီးကလက်ခံတဲ့ နိုင်ငံရေး မူဘောင်တစ်ရပ်ကို ဖော်ထုတ်ဖို့ လိုအပ်နေပါပြီ။
ပြည်တွင်းစစ်ဖြစ်ပွားစေရေးကို အားပေးတဲ့ တော်လှန်ရေးဆင်နွှဲဖို့ မြန်မာနိုင်ငံရဲ့ အကြမ်းဖက် အစိုးရက တောင်းဆိုလိုက်တဲ့အတွက် အလွန် အရေးပါတဲ့ လမ်းဆုံကို ရောက်နေချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ သဘောထားက အလွန်ကိုပဲ အရေးကြီးပါတယ်။ ဒီအတွက်ကြောင့် အနောက်နိုင်ငံတွေအနေနဲ့ မြန်မာပြည်သူတွေ အတွက် လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အကျိုး ကျေးဇူးတွေအပေါ်ကိုသာ အာရုံစိုက်ပြီး မြန်မာနိုင်ငံ ရဲ့ အခြေအနေကို ဒီထက်ပိုမဆိုးလာစေရန် ကာကွယ်ဖို့ တာဝန်ယူနိုင်စေရေးအတွက် တိုက်ပွဲ များဖြစ်လာစေရေးကို အားပေးထောက်ပံ့မှု မလုပ် နိုင်စေဖို့ မိမိတို့အနေနဲ့ မျှော်လင့်ပါတယ်။
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက် တရုတ် နိုင်ငံတွင် ထုတ်ဝေဖြန့်ချိသည့် Global Times သတင်းစာပါ အယ်ဒီတာ့အာဘော်ကို သင့်လျော် သလို ဘာသာပြန်ဆို ရေးသားဖော်ပြခြင်းသာဖြစ်ပြီး စာဖတ်ပရိသတ်အတွက် ဗဟုသုတအဖြစ် ဖော်ပြ ခြင်းသာဖြစ်ပါသည်။ )
- Log in to post comments