
ဝါရှင်တန် ဇူလိုင် ၁၈
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် ဇူလိုင် ၁၇ ရက်တွင် ကိုဗစ် -၁၉ ကူးစက်ခံထားရကြောင်း အိမ်ဖြူတော်က အတည်ပြုခဲ့သည်။ လာဗီးဂတ်၌ ၎င်း၏ပထမဦးဆုံး ပွဲအပြီးတွင် ကိုဗစ် - ၁၉ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
၎င်းမှာ အပိုထပ်ဆောင်းကာကွယ်ဆေးထိုးထား ပြီး အပျော့စားလက္ခဏာများသာ ခံစားရကြောင်း အိမ်ဖြူတော်သတင်းပြန်ကြားရေး အတွင်းရေးမှူး ကာရင်းဂျင်းပီယာက ကြေညာချက်ထုတ်ပြန်ခဲ့ သည်။
အမေရိကန်သမ္မတသည် တစ်ကိုယ်တည်း သီးခြားခွဲနေထိုင်မည့် ဒယ်လာဝဲပြည်နယ်သို့ ပြန်လာမည်ဖြစ်ပြီး ၎င်း၏လုပ်ငန်းတာဝန်များကိုဆက်လက်ထမ်းဆောင်သွားမည်ဟု အိမ်ဖြူတော် သတင်းပြန်ကြားရေးအတွင်းရေးမှူးက ပြောသည်။
သမ္မတသည် ယခုမွန်းလွဲပိုင်းတွင် နှာဆေး ချောင်းဆိုးဖြစ်ပြီး နာမကျန်းဖြစ်လာသည်ဟု သမ္မတ ဆရာဝန်၏ဆေးမှတ်တမ်းတွင် တွေ့ရှိရကြောင်း အိမ်ဖြူတော်သတင်းပြန်ကြားရေးအတွင်းရေးမှူး ကပြောသည်။
အသက် ၈၁ နှစ်အရွယ် သမ္မတ ဂျိုးဘိုင်ဒင် ၏ ယခုတစ်ကြိမ် ကိုဗစ်- ၁၉ ကူးစက်ခြင်းသည် ပထမဦးဆုံးအကြိမ် ကူးစက်ခံရခြင်း မဟုတ်ချေ။ ၂၀၂၂ ခုနှစ် ကလည်း ကိုဗစ် - ၁၉ ကူးစက်ခံရဖူးသည်။
ဆင်ဟွာ