အမျိုးသားစာပေတစ်သက်တာဆုနှင့် ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသည့် ဆရာကြီး ဒေါက်တာ ဦးသန်းဦးအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

 

ရန်ကုန်  ဧပြီ  ၁၂  


ဝဏ္ဏကျော်ထင်     ဆရာကြီး ဒေါက်တာဦးသန်းဦး၏ ဧပြီ ၁၃ ရက်တွင် ကျရောက်သည့် အသက် (၉၆)နှစ်ပြည့်မွေးနေ့ပူဇာမင်္ဂလာအခမ်းအနားနှင့် အမျိုးသားစာပေ တစ်သက်တာဆုနှင့်        ဝဏ္ဏ ကျော်ထင်ဘွဲ့ရရှိခြင်း       ထပ်ဆင့် ဂုဏ်ပြုချီးမြှင့်ခြင်းကို    ယနေ့ နံနက်  ၁၀ နာရီက ရန်ကုန်မြို့ အင်းစိန်မြို့နယ်  လမ်းသစ်လမ်း နေအိမ်မင်္ဂလာ၌ ကျင်းပသည်။


ဦးစွာ ပညာတန်ဆောင်အဖွဲ့ နှင့် မြန်မာနိုင်ငံစာတတ်မြောက် ရေး  အထောက်အကူပြု ပင်မဌာန (MLRC)  အဖွဲ့    ဒုတိယဥက္ကဋ္ဌ ဒေါက်တာ   တင်ညိုက   ဂုဏ်ပြု စကားပြောကြားသည်။ ထို့‌နောက် ဆရာကြီး‌ ဒေါက်တာ သန်းဦးအား တပည့်များက   ကန်တော့ကြပြီး ဆရာကြီးက    မေတ္တာပို့  ဆုပေး စကား‌ပြောကြားသည်။


ဆရာကြီး         ဒေါက်တာ         ဦးသန်းဦးအား   မြန်မာတစ်နိုင်ငံ လုံးရှိ    တပည့်များ၊     ပညာ တန်ဆောင်နှင့်           မြန်မာနိုင်ငံ စာတတ်မြောက်ရေး   အထောက် အကူပြု        ပင်မဌာနမိသားစုဝင် အများစုက မိမိရုံးခန်းမ၌ အွန်လိုင်း ဖြင့်     ပူဇော်ကန်တော့ကြသည်။              ယင်းနောက်      အမျိုးသားစာ‌ပေ တစ်သက်တာဆုရ ဂုဏ်ကိုပူ‌ဇော် သောအားဖြင့်    ပညာတန်ဆောင် မိသားစုဝင်     တပည့်များက ‌ငွေကျပ်  သိန်း၂၀၊  မြန်မာနိုင်ငံ စာတတ်မြောက်ရေး  အထောက် အကူပြုပင်မဌာန   မိသားစုဝင် တပည့်များက ဝဏ္ဏ‌ကျော်ထင်ဘွဲ့ ကို             ဂုဏ်ပြု‌သောအားဖြင့် ငွေကျပ်သိန်း ၂၀ ပူဇော်ကန်တော့ ကြသည်။


ဆက်လက်၍ ဂုဏ်ပြုခံဆရာ ကြီးက   ဝမ်းမြောက်ကြည်နူးစွာ မုဒိတာစကား ပြန်လည်ပြောကြား ပြီး   ပညာတန်ဆောင်မိသားစုဝင် တပည့်များ၊ မြန်မာနိုင်ငံစာတတ် မြောက်ရေး အထောက်အကူပြု ပင်မဌာန မိသားစုဝင်တပည့်များ အား      သင်္ကြန်အကြိုစား‌သောက် ဖွယ်များဖြင့်     ကျွေးမွေးဒါနပြုခဲ့‌ ကြောင်း သိရသည်။    

အာကာလင်း