
နေပြည်တော် ဩဂုတ် ၇
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီး ဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင် သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး မစ္စတာ မုံခွန်း ဝိစစ်စတန် (Mr. Mongkol Visitstump) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီရုံး ဧည့်တွေ့ဆောင်၌ လက်ခံတွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ BIMSTEC ဆိုင်ရာကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာကိစ္စ ရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ် အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စ ရပ်များနှင့် စပ်လျဉ်း၍ နှစ်ဖက်အပြန်အလှန် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့် ထိုင်းနိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်