အမျိုးသားလုံခြုံရေးနှင့် ခေတ်မီမျိုးချစ်တပ်မတော်

Type

မိုးမြင့်

====

 

ယနေ့ ၂၁ ရာစုမှာ စစ်ရေး၊  နိုင်ငံရေး၊  စီးပွားရေး ပေါင်းစပ်ဆင်နွှဲတဲ့ ခေတ်သစ် စစ်ပွဲအသွင်သဏ္ဌာန်တွေကို တွေ့မြင်နေရပြီး ကမ္ဘာ့ဝင်ရိုးတန်းအပြောင်းအလဲတွေ ဖြစ်လာဖို့ ရှိနေပါတယ်။  စစ်အင်အားနဲ့ စီးပွားရေးအင်အား  တောင့်တင်းပြီး နည်းပညာသာလွန်တဲ့ နိုင်ငံတွေကသာ စစ်ပွဲအနိုင်အရှုံးအဆုံးအဖြတ်ကိုပေးမယ့်သဘော ဖြစ်ပြီး သာဓကအနေနဲ့  အခုဖြစ်ပွားနေတဲ့ ရုရှား- ယူကရိန်းစစ်ပွဲက သက်သေပါပဲ။ 

ကမ္ဘာ့ပုံစံသစ်နဲ့အတူ  
နည်းပညာတိုးတက်မှုနဲ့ အ‌ပြောင်း အလဲ‌‌တွေက မြန်ဆန်လွန်းတဲ့အခါ နိုင်ငံ တိုင်းဟာ မိမိရဲ့  အမျိုးသားလုံခြုံရေး၊ တစ်နည်း နိုင်ငံတော်လုံခြုံရေးကို စစ်ရေး အမြင်တစ်ခုတည်းသာမက    စစ်ရေး မဟုတ်တဲ့ ပထဝီနိုင်ငံရေး၊  ပထဝီစီးပွား ရေး၊  လူမှုရေး ၊ နိုင်ငံတကာဆက်ဆံရေး ပတ်ဝန်းကျင်ဆိုင်ရာစတဲ့      ရှုထောင့် ပေါင်းစုံကနေ လွှမ်းခြုံဆက်စပ် စဉ်းစား ပြီး ကာကွယ်ရေးမူဝါဒတွေ ချမှတ်လာ ကြရတယ်။ မြန်မာနိုင်ငံအနေနဲ့ကလည်း မိမိရဲ့     အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရင်း   ပြည်တွင်း ပြည်ပခြိမ်းခြောက်မှု အန္တရာယ်ပေါင်းစုံ ကို   ရင်ဆိုင်ဆန့်ကျင်    တွန်းလှန်ပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှုရရှိ အောင် လုပ်ဆောင်နေရတဲ့ အနေအထား မှာ ရှိနေပါတယ်။ 
ပြောင်းလဲနေတဲ့   ကမ္ဘာ့ပုံစံသစ်မှာ အမိနိုင်ငံရဲ့ စံတန်ဖိုး (core values)  တွေ မပျောက်ပျက်အောင်   ကာကွယ်နေရ သလို နိုင်ငံတကာနဲ့   မိတ်ဝတ်မပျက် ဆက်ဆံရေးကိုလည်း ဖော်ဆောင်နေရပါ တယ်။ တစ်ပြိုင်တည်းမှာ ပြည်သူတွေရဲ့ လူမှုဘဝလိုအပ်ချက်တွေကို  တတ်နိုင် သမျှ ကြိုးစားဖြည့်ဆည်းဆောင်ရွက်ပေးနေရပါတယ်။ ကမ္ဘာမှာ လုံခြုံရေးကင်းမဲ့ တဲ့ နိုင်ငံမှန်သမျှဟာ  တစ်ပါးသူတို့ရဲ့ ကျူးကျော်စွက်ဖက်တာကို   အလွယ် တကူခံရနိုင်ပြီး      ပြည်သူတွေဟာ  ဆင်းရဲဒုက္ခများစွာနဲ့     ကြုံတွေ့ရင်ဆိုင် ရနိုင်ကြောင်း     လေ့လာသိရှိထားရမှာ  ဖြစ်ပါတယ်။ 
ကဏ္ဍပေါင်းစုံမှာ ပါဝင်နေတဲ့ 
တပ်မတော်ရဲ့အဓိကရင်းမြစ်များ 
ယနေ့နိုင်ငံရဲ့   ပကတိအခြေအနေ တွေအရ နိုင်ငံတော်လုံခြုံရေး  သို့မဟုတ် အမျိုးသား‌လုံခြုံရေးကို     အကောင် အထည်ဖော်ဆောင်နေတဲ့ အဓိကမဏ္ဍိုင် ဟာ တိုင်းရင်းသားအားလုံးနဲ့   ဖွဲ့စည်း တည်ထောင်ထားတဲ့    ပြည်ထောင်စု တပ်မတော်ကြီးပဲ ဖြစ်ပါတယ်။ အရေး ကြီးတဲ့    နိုင်ငံ့အချုပ်အခြာအာဏာနဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွက်   ကိုယ် သွားချင်တဲ့    ဒီမိုကရေစီလမ်းကြောင်း တစ်ခုဟာ ဖိအားနဲ့ ခြိမ်းခြောက်မှုတွေ ကနေ  မထိခိုက်၊   မတိမ်းစောင်းရလေ အောင်  တပ်မတော်က    တာဝန်ယူ ကာကွယ်စောင့်ရှောက်နေရပါတယ်။ 
ကိုယ့်နိုင်ငံရဲ့    စီးပွားရေးစနစ်နဲ့ လွတ်လပ်ခွင့်ကို    စီးပွားရေးစစ်ပွဲနဲ့ ဝင်ရောက်စွက်ဖက်မှု မခံရအောင်လည်း ကာကွယ်နေရပါတယ်။    စွမ်းအင်နဲ့ သဘာဝအရင်းအမြစ်တွေ မဆုံးရှုံးရလေ အောင်နဲ့  ပြည်သူတွေ   လက်လှမ်းမီ သုံးစွဲနိုင်အောင်လည်း စီမံဆောင်ရွက် ပေးနေရပါတယ်။   အမိမြေလုံခြုံရေး၊ တစ်နည်း ပြည်တွင်းလုံခြုံရေးအတွက် လည်း  ရဲတပ်ဖွဲ့၊    ပြည်သူတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်နေရတာတွေလည်း ရှိပါတယ်။ 
ယနေ့    နည်းပညာခေတ်ကြီးမှာ ဆိုက်ဘာလုံခြုံရေးကလည်း    အထူး အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့   ပြည်သူလူထု ရဲ့လုံခြုံမှု၊ တစ်နည်း လူသားလုံခြုံမှုပါ။ အခု    ရင်ဆိုင်နေရတဲ့    ကပ်ဘေးကို ကာကွယ်ထိန်းချုပ်နိုင်အောင်နဲ့ ရောဂါ ဘယကင်းဝေးအောင်၊ ပညာသင်ကြားမှု အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်အောင် နဲ့  စားနပ်ရိက္ခာဖူလုံအောင် စတဲ့အချက် တွေဟာလည်း   တပ်မတော်ရဲ့အဓိက တာဝန်ပါပဲ။  ရာသီဥတုပြောင်းလဲမှုနဲ့ အတူ ပြင်းထန်တဲ့သဘာဝဘေးအန္တရာယ် တွေကနေ ပြည်သူတွေ ထိခိုက်သေဆုံးမှု၊ အခြေခံအဆောက်အအုံတွေ    ပျက်စီး ဆုံးရှုံးမှုနည်းနိုင်သမျှ    နည်းအောင်၊ ဖြစ်လာရင်လည်း    အရေးပေါ်ချက်ချင်း တုံ့ပြန်နိုင်အောင်    ကြိုတင်စီမံစုဖွဲ့ ပြင်ဆင်နိုင်စွမ်းအားကလည်း တပ်မတော် ရဲ့ အဓိကရင်းမြစ်တွေထဲကပဲ ရရှိနိုင် တယ်ဆိုတာ တွေ့ရပါတယ်။ 
အမျိုးသားလုံခြုံရေးကို 
အမျိုးသားရေးတာဝန်တစ်ရပ်သဖွယ် 
ထမ်းရွက်နေ  
အထက်ပါ        ကဏ္ဍအားလုံးဟာ အမျိုးသားလုံခြုံရေးနဲ့ ဆက်စပ်စဉ်းစား ရတဲ့ လုံခြုံရေးကဏ္ဍတွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ နိုင်ငံမှာ အစဉ်အဆက်ကျင့်သုံး လာခဲ့တဲ့ လူမှုရေးနဲ့ ယဉ်ကျေးမှုဓလေ့ ထုံးတမ်း၊ ဘာသာတရား    ကိုးကွယ် ယုံကြည်မှုဆိုင်ရာ လုံခြုံရေး (Identity security)  တစ်ရပ်ကိုလည်း  မေ့ထားလို့ မရပါဘူး။ 
နိုင်ငံတော်နဲ့ နိုင်ငံတွင်းမှာ နေထိုင် ကြတဲ့ တိုင်းရင်းသားအားလုံးနဲ့သက်ဆိုင် တဲ့ အမျိုးသားရေးလက္ခဏာတွေဟာ ပျောက်ပျက်သွားလို့မရဘူးဆိုတာ သတိ ထားရမယ့် အချက်ပါ။ ပြည်သူအားလုံး နဲ့ဆိုင်တဲ့ အမျိုးသားရေးတာဝန်တစ်ရပ် လည်း  ဖြစ်ပါတယ်။    တပ်မတော်သာ မရှိရင်   ပြည်ထောင်စုသမ္မတ   မြန်မာ နိုင်ငံတော်ဆိုတာလည်း   မရှိနိုင်သလို၊ တပ်မတော်အင်အား   မကောင်းရင်၊ စွမ်းရည်မပြည့်ဝရင် ပြည်ထောင်စုကြီး ပြိုကွဲပြီး အချုပ်အခြာပါ  ထိခိုက်ကာ နိုင်ငံလည်း ပျောက်သွားနိုင်တယ်ဆိုတာ ကမ္ဘာ့သမိုင်းပြန်ကြည့်ပြီး လက်ရှိနိုင်ငံ အခြေအနေနဲ့   ယှဉ်တွဲကာ    သုံးသပ် သင်ခန်းစာ ယူနိုင်ရပါမယ်။ 
ဖိအားများ၊      အနှောင့်အယှက် အဖျက်အမှောင့်များကြားက    ယနေ့ တပ်မတော်ဟာ   ကိုယ့်စည်းကိုယ်လုံ အောင် အမျိုးသားလုံခြုံရေးကို အမျိုး သားရေးတာဝန်တစ်ရပ်သဖွယ် ခံယူပြီး ထမ်းဆောင်နေတဲ့      ပြည်ထောင်စု တပ်မတော်ကြီးဖြစ်ပါတယ်။ 


ဘေးအန္တရာယ်ပေါင်းစုံအတွက် အမြဲတမ်း 
အသင့်‌ဖြစ်နေသည့် တပ်မတော် 


တပ်မတော်အနေနဲ့ နိုင်ငံရဲ့အချုပ် အခြာ ပိုင်နက်နယ်နိမိတ်ကို လုံလုံခြုံခြုံ ကာကွယ်       စောင့်ရှောက်နိုင်ဖို့ဆိုရင် တပ်မတော်ရဲ့ ကာကွယ်ရေးစွမ်းအားကို အစဉ်မြှင့်တင်  တည်ဆောက်နေရမှာ ဖြစ်ပါတယ်။ နိုင်ငံတိုင်း   နိုင်ငံတိုင်းမှာ လည်း သူတို့ရဲ့  ကြည်း၊ ရေ၊ လေ စွမ်းပကား တွေကို တိုးချဲ့တည်ဆောက်နေကြတယ် ဆိုတာ    လေ့လာသိရှိနိုင်ပါတယ်။ ပြည်ထောင်စုတပ်မတော်အနေနဲ့လည်း နိုင်ငံတော်နဲ့   နိုင်ငံသားတွေ    ဘေး အန္တရာယ်ကျရောက်လာရင်    ကူညီ ဆောင်ရွက်ပေးရမယ်ဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေ  ပုဒ်မ- ၃၄၁   မှာပါပြီး ဖြစ်ပါတယ်။ ဘေးအန္တရာယ်ဆိုတဲ့ နေရာ မှာ သဘာဝအန္တရာယ်၊ လူကြောင့် ဖြစ် ရတဲ့အန္တရာယ်   အားလုံးပါဝင်ပါတယ်။ ကျယ်ပြန့်များပြားတဲ့ တာဝန်တွေဖြစ်တဲ့ အလျောက်  ပြောင်းလဲလာတဲ့   ကမ္ဘာ့ အခြေအနေနဲ့ နိုင်ငံတကာတပ်မတော်ရဲ့ စစ်အခြေခံသဘောတရားတွေကို  အမြဲ တမ်းလေ့လာ၊   အမြဲတမ်းလေ့ကျင့်နေ ရပြီး  အမြဲတမ်းလည်း   အသင့်ဖြစ်နေ အောင် တပ်မတော်ကို တည်ဆောက်နေ ရပါတယ်။ 


Global fire power ရဲ့ ကမ္ဘာ့စစ်အင်အားသတ်မှတ်ချက်နဲ့ချိန်ထိုးကြည့်သင့် 


မြန်မာနိုင်ငံရဲ့    စစ်အင်အားဟာ Global fire power ရဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ အဆင့်သတ်မှတ်ချက်အရ   နိုင်ငံ ၁၄၂ နိုင်ငံမှာ အဆင့် ၃၉  မှာရှိနေတယ်လို့ သိရပါတယ်။ အိမ်နီးချင်းအင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့ တရုတ်က အဆင့် ၃ နဲ့ အိန္ဒိယက အဆင့် ၄ မှာ ရှိနေတယ်ဆိုတာ သတိပြုရပါမယ်။ အနောက်ဘက် အိမ်နီး ချင်း ဘင်္ဂလားဒေ့ရှ်က အဆင့်  ၄၆  နဲ့ အရှေ့အိမ်နီးချင်း  ထိုင်းက အဆင့် ၂၉ မှာ အသီးသီး   ရပ်တည်နေကြပါတယ်။ အရှေ့တောင်အာရှမှာတော့ ထိုင်းအပါ အဝင် သုံးနိုင်ငံက မြန်မာ့တပ်မတော်ထက် အဆင့်သတ်မှတ်ချက် ပိုမြင့်ပါတယ်။ 


ကာကွယ်ရေးဘတ်ဂျက်    သုံးစွဲမှု အပိုင်း ကြည့်ပြန်ရင်လည်း ထိုင်းနိုင်ငံက ၇ ဘီလီယံနဲ့ ဘင်္ဂလားဒေ့ရှ်က ၃ ဒသမ ၇ ဘီလီယံလောက်    သုံးနေတယ်ဆိုတဲ့ အချက်အလက်ဟာ   မြန်မာနိုင်ငံထက် တော့ ပိုပြီးသုံးစွဲတဲ့   အနေအထားဖြစ် ပါတယ်။ အရှေ့တောင်အာရှနိုင်ငံများ အနက် ကာကွယ်ရေးဘတ်ဂျက်အပိုင်း မှာ မြန်မာထက်လျော့ပြီးသုံးတဲ့ နိုင်ငံတွေ က ကမ္ဘောဒီးယား၊ လာအိုနဲ့ ဘရူနိုင်း  သုံးနိုင်ငံလောက်သာ  ရှိတာပါ။   မြန်မာရဲ့ ဘေးပတ်ဝန်းကျင်နိုင်ငံအချို့ဟာ    သူ့ အကြောင်းနဲ့သူ အမျိုးသားအကျိုးစီးပွား အတွက် ကိုဗစ်-၁၉ ကပ်ဖြစ်နေတဲ့ကြား က စစ်အသုံးစရိတ်ကို မဖြစ်မနေတိုးမြှင့် သုံးစွဲနေကြဆဲဖြစ်တာကိုလည်း တွေ့ရှိ ရပါတယ်။ 


အချက်အလက်တွေအရတော့ မြန်မာ့ တပ်မတော်ရဲ့   ကာကွယ်ရေးအဆင့် သတ်မှတ်ချက်ဆိုတာထက် ဘတ်ဂျက် သုံးစွဲမှုအပိုင်းမှာ   လက်ရှိပြည်တွင်း၊ ပြည်ပနိုင်ငံရေး၊ စစ်ရေးအခြေအနေတွေ အရ                  တိုက်စွမ်းရည်ပြည့်ဝတဲ့       ခေတ်မီ တပ်မတော်တစ်ရပ် (Standard Army) ဖြစ်ဖို့ ရည်မှန်းချက်အတွက် ပိုပြီးတိုးမြှင့် သုံးစွဲမယ်ဆိုရင်    တိုးပြီးသုံးစွဲသင့်တဲ့ အနေအထားတစ်ခုမှာ   ရှိနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ 


Global  firepower    ရဲ့  အဆင့် သတ်မှတ်ချက်ဟာ  နိုင်ငံတွေရဲ့   သမား ရိုးကျစစ်ပွဲတစ်ခုကို မိမိမှာရှိတဲ့ ကြည်း၊ ရေ၊ လေ အင်အားနဲ့ ဘယ်လောက်တိုက် ခိုက်နိုင်စွမ်းရှိတယ်ဆိုတာ   ချိန်ထိုးပြီး သတ်မှတ်ထားတဲ့ စစ်အင်အားပဲ ဖြစ်ပါ တယ်။ စစ်မှုထမ်းနိုင်တဲ့ အသက်အရွယ် အတွင်းမှာရှိတဲ့   လူဦးရေနဲ့   စစ်သည် အင်အား၊ လက်နက်အင်အား၊ သယံဇာတ  ပမာဏနဲ့ စီးပွားရေးအင်အား၊ ပထဝီဝင် အချက်အလက် စတဲ့တိုင်းတာတဲ့အချက် တွေ   ဖြစ်ပါတယ်။   ဒါပေမဲ့ အိမ်နီးချင်း နိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေနဲ့  နှိုင်းယှဉ် ရင်တော့ တပ်မတော်ကို  လူ၊ လက်နက် ဖွဲ့စည်း အဆင့်မြှင့်တင်တာကအစ စစ်ရေ ယာဉ်တွေကို      ကိုယ်တိုင်တည်ဆောက်၊   ဝယ်ယူဖြည့်တင်းပြီး   ခေတ်မီလေယာဉ် တွေရရှိဖို့၊ အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ပြီး    ဆက်လက်တိုးချဲ့တည် ဆောက်သွားရမယ့်    အခြေအနေမှာရှိဆဲ လို့ ယူဆရမှာဖြစ်ပါတယ်။


စိတ်ဓာတ်စွမ်းအား မြင့်မားနေရန်လို 


အမှန်က တပ်မတော်ရဲ့စွမ်းပကား ကို မြှင့်တင်တယ်ဆိုတာ စစ်ရေးစစ်ရာ အတွက်သာမကပါဘူး၊      နိုင်ငံတည် ဆောက်ရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက် ရေးအတွက်ပါ   ရည်ရွယ်ပြီး   လုပ်သင့် လုပ်ထိုက်တာကို အမျိုးသားရေးတာဝန် တစ်ရပ်လိုသတ်မှတ်ပြီး   တပ်မတော်ရဲ့ အရင်းအမြစ်များအားလုံးကို   ကဏ္ဍ အားလုံးမှာ   အစွမ်းကုန်အသုံးချနိုင်ဖို့ အတွက်ပါ  ရည်ရွယ်ပါတယ်။   စွမ်းရည် ထက်မြက်ဖို့ဆိုတဲ့နေရာမှာ တပ်မတော် ရဲ့ရုပ်ပိုင်း၊  စိတ်ပိုင်း နှစ်ရပ်လုံး   ပါပါ တယ်။  လူ၊  ပစ္စည်း၊ လက်နက်အဆင့် မြင့်မားနေရုံနဲ့ မပြီးပါဘူး။  စိတ်ဓာတ် စွမ်းအားပါ မြင့်မားနေဖို့ အထူးလိုအပ် ပါတယ်။ 


တချို့နေရာတွေမှာ    စိတ်ဓာတ် အင်အားသာလွန်ရင့်သန်မှုက အရှုံးအနိုင် ကို  အဆုံးအဖြတ်ပေးပါတယ်။  အဓိက က  အားလုံးထက်သာလွန်တဲ့     မျိုးချစ် စိတ်ဓာတ်ပါပဲ။ ကိုယ့်နိုင်ငံ၊  ကိုယ့်လူမျိုး၊  ကိုယ့်ဘာသာသာသနာအတွက်  သစ္စာ စောင့်သိပြီး အသက်သွေးချွေး စဉ်ဆက် မနှေးပေးဆပ်နေရမယ့်  အခြေခံစိတ် ဓာတ်ဖြစ်ပါတယ်။ ဒီလိုအသက်ပေးရတာ ကို လည်း ဂုဏ်ယူနေရမယ့် စိတ်ဓာတ်မျိုး ရှိရမှာ  ဖြစ်ပါတယ်။   ဒီလို  မျိုးချစ်စိတ်မျိုး ကို  ဥပဒေကို   လေးစားလိုက်နာပြီး စည်းကမ်းကောင်းမွန်မှုက အထောက် အကူပြုပါတယ်။    တပ်မတော်သား တစ်ယောက်အနေနဲ့   စစ်စည်းကမ်း အပြင်  အရပ်ဘက်စည်းကမ်းတွေကိုပါ လေးစားလိုက်နာရတဲ့   စံနမူနာပြ   နိုင်ငံ့ သားကောင်း စစ်သည်တော်တွေဖြစ်ဖို့ အပတ်တကုတ်   ကြိုးစားအားထုတ်ခြင်း ဖြင့် စိတ်ဓာတ်စွမ်းပကားမြင့်မားမှုကို ပြသနိုင်ရမှာဖြစ်ပါတယ်။ 


အချုပ်အားဖြင့်တော့ တပ်မတော်ဟာ ခေတ်အဆက်ဆက် မြန်မာ့တပ်မတော် ရဲ့  သမိုင်းပေးတာဝန်ဖြစ်တဲ့ နိုင်ငံတော် လုံခြုံရေးနဲ့   ကာကွယ်ရေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး  နိုင်ငံနဲ့လူမျိုး အပေါ် အစဉ်သစ္စာစောင့်သိလျက် ရှိနေ မှာပဲဖြစ်ပါတယ်။ ဒို့တာဝန် အရေးသုံးပါး ကို ကာကွယ်စောင့်ရှောက်ရာမှာ အရေး ပါတဲ့ အခန်းကဏ္ဍက   ရပ်တည်နေတဲ့ တပ်မတော်အနေနဲ့    ပစ္စုပ္ပန်ကာလ အခုလိုအခြေအနေမှာ အင်အားတောင့် တင်းဖို့နဲ့ စွမ်းရည်မြင့်မားနေဖို့   အထူး အရေးကြီးကြောင်း   သိသာထင်ရှားပါ တယ်။  သို့မှသာ   နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊    ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အချုပ်အခြာအာဏာကို   အပြည့်အဝ ကာကွယ်စောင့်ရှောက်ထိန်းသိမ်းနိုင်တဲ့၊ ကျစ်လျစ်ခိုင်မာတောင့်တင်းတဲ့ ခေတ်မီ တပ်မတော်တည်ဆောက်ရေး   ဦးတည် ချက်များ      ပြည့်ဝမှာဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။       ။