အမျိုးသားရေးတာဝန်အဖြစ် ပူးပေါင်းကာကွယ် ကိုဗစ်-၁၉ အန္တရာယ်

ရဲမင်းဟိန်း

====

 

ယခုအချိန်သည်    ပြည်သူ့ကျန်းမာရေးအတွက်  အားလုံးပူးပေါင်းပါဝင်ကာ       တက်ညီလက်ညီ ဆောင်ရွက်ရမည့်အချိန်။  အဘယ်ကြောင့်ဆိုသော်   ကူးစက်မှုလျင်မြန်လွန်းလှသည့်        ကိုဗစ်−၁၉ ကာကွယ်၊    ထိန်းချုပ်ရေးကို     တစ်ဦးကောင်း တစ်ယောက်ကောင်းဖြင့် ဆောင်ရွက်၍မရ၊ စုပေါင်း အားဖြင့်   ဆောင်ရွက်မှသာ    ရမည်ဖြစ်သော ကြောင့်ပင်။   ထို့ကြောင့်   ကိုဗစ်−၁၉  ကာကွယ်၊ ထိန်းချုပ်နိုင်ရေးသည်         အမျိုးသားရေးတာဝန် ဖြစ်နေသည်။


ဆပွားတိုးတက်နိုင်သည့် အမျိုးအစား


ကမ္ဘာ့နိုင်ငံများတွင် ကိုဗစ်−၁၉ ရောဂါ  ဖြစ်ပွား မှု  လူဦးရေသန်း ၁၉၀ ကျော်၊  မြန်မာနိုင်ငံတွင်  ဇူလိုင် ၁၈ ရက်အထိ  ဖြစ်ပွားမှု လူဦးရေ နှစ်သိန်း ကျော် ရှိနေပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် တွေ့ရှိနေ ရသည့် ရောဂါအမျိုးအစားသည်   ကူးစက်မြန်အုပ်စု တွင် ပါဝင်သည့် Delta  Strain၊ Alpha Strain တို့ ဖြစ်ပြီး ကူးစက်ပြန့်ပွားမှုနှုန်းသည်   ဆပွားတိုးတက် နိုင်သည့် အမျိုးအစားများဖြစ်သည်။ ကူးစက်မှု လျင်မြန်လွန်းသဖြင့် ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်း များတွင် ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာန ၏ အားတစ်ခုတည်းဖြင့် ဆောင်ရွက်၍ မရပါ။


မိသားစုတစ်စုချင်း၏ အရေးကိစ္စဖြစ်သကဲ့သို့ နိုင်ငံတစ်နိုင်ငံ၏ အရေးကိစ္စလည်းဖြစ်နေသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံတွင် ကူးစက်မှုကို ထိန်းသိမ်း လျှော့ချနိုင်ရန်အတွက် နိုင်ငံအတွင်းရှိ   အဖွဲ့အစည်း အားလုံး၊    ပြည်သူအားလုံး  ပါဝင်ဆောင်ရွက်ကြ ရမည်။   အားလုံး အင်တိုက်အားတိုက်     ပါဝင် ဆောင်ရွက်ကြရမည်ဆိုပါမှ   အဖျက်လုပ်ငန်းများ ဖြင့် နှောင့်နှေးကြန့်ကြာအောင်  ဆောင်ရွက်မှုများ ရှိနေသည်။     ယခုအချိန်     စျေးကွက်အတွင်း ကျန်းမာရေးအထောက်အကူပြု        ပစ္စည်းများ စျေးနှုန်းမြင့်တက်စေရန်၊    ပြည်သူများ    စိုးရိမ် ထိတ်လန့်လာစေရန် မဟုတ်မမှန်သတင်းများဖြင့်    ဖြန့်ဝေလုပ်ဆောင်နေခြင်းများသည်    မလုပ်သင့် သည့်လုပ်ရပ်များ ဖြစ်သည်။


ထို့အပြင် လက်ရှိအစိုးရနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏   ကာကွယ်၊    ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များက မှားယွင်းနေသယောင် ဖြင့် ပြည်သူ့ထံ အကြောက်တရား ဖြန့်ဝေခြင်းသည် ကပ်ရောဂါကို  ခုတုံးလုပ်၍  နိုင်ငံရေးအမြတ်ထုတ်ရန်  ကြိုးပမ်းခြင်းဖြစ်သည်။ 


သိသာသည်မှာ         အောက်ဆီဂျင်အိုးနှင့် ပတ်သက်သည့်     ကိစ္စရပ်များ      ဖြစ်သည်။ လတ်တလော ကိုဗစ်−၁၉ ကူးစက်မှုသည် လျင်မြန် လွန်းသဖြင့်   ပြည်သူများက  စိုးရိမ်သည်။  ကူးစက်မှု  လျင်မြန်လွန်းသည် မှန်သော်လည်း မူလရောဂါ အခံရှိသူများနှင့်  ကိုယ်ခံအား လျော့နည်းသူများတွင် ကူးစက်ခံရမှုက စိုးရိမ်စရာဖြစ်သည်။ အခြေခံအား ဖြင့် ကျန်းမာရေးကောင်းမွန်သူများတွင် ကူးစက်ခံရ ပါက အချိန်ကာလတစ်ခုအတွင်း        ပြန်လည်သက်သာ ကောင်းမွန်လာကြသည်။

 

သို့သော် ပြည်သူများ ကြားရှိနေသည့်စိုးရိမ်မှုကို နိုင်ငံရေးအမြတ်ထုတ် လိုသူများနှင့် အတ္တကြီးလွန်းသည့်လောဘသမား
များက   အသုံးချသွားသည်။      အောက်ဆီဂျင်ဝယ်လို အားမြင့်တက်စေရန် သတင်းမှားများ၊ ကောလာဟလ များကို   ဖန်တီးလိုက်ကြသည်။   ထိုအခါ   မလိုအပ် သူက အောက်ဆီဂျင်အိုးများ    ဝယ်ယူစုဆောင်းထား၊ အမှန်လို အပ်သူကဝယ်မရ၊     ဆေးမလိုသူက  ဝယ်စု ထား၊ လိုအပ်နေသူက ဝယ်မရ စသဖြင့် ပြည်သူကြား တွင် ဂယက်ထစေခဲ့သည်။ 


လိုအပ်သူက    လိုအပ်နေချိန်    မရသည့်အခါ   ဆုံးရှုံးမှုဖြစ်ပေါ်ပြီး ထိခိုက်နစ်နာစေရန်    ရည်ရွယ် ကြသည်။  ထို့အတွက်   ကိုဗစ်−၁၉ ကူးစက်မှုခံရတိုင်း   အောက်ဆီဂျင်အိုးမရပါက  အသက်ဆုံးရှုံးနိုင်သကဲ့သို့ သတင်းဖြန့်ကြသည်။ ထိုသို့ဝယ်လိုအား မြင့်တက် စေရန်  ဖန်တီးမှုများကြောင့်  အမှန်တကယ်လိုအပ်သူ များမရရှိဘဲ ထိခိုက်နစ်နာမှုများ ရှိခဲ့သည်။ 


ဒုက္ခများရသည်မှာ ပြည်သူများသာဖြစ်


ရောဂါအတွက် အမှန်တကယ်လိုအပ်သူ မရရှိ စေရန်၊ ဝယ်လိုအား  မြင့်တက်စေခြင်းဖြင့် ဈေးနှုန်း ကြီးမြင့်လာစေရန်၊   ပြည်သူအကြား     စိုးရိမ်မှု ပိုမို ကြီးထွားလာစေရန် အဖျက်သမား၊ လောဘသမား များ၏     လုပ်ဆောင်မှုများသည်     အစိုးရအနေဖြင့်  စီမံရခက်၊    လုပ်ကိုင်ရခက်     အကျပ်အတည်းကို   ရည်ရွယ်ခြင်းဖြစ်သော်လည်း   နောက်ဆုံးဒုက္ခများရ သည်မှာ ပြည်သူများသာဖြစ်နေသည်။ ထို့ကြောင့် အသိတရား၊ သတိတရားဖြင့် အမှန်တရားကို ရှုမြင် တတ်ရန် လိုအပ်နေသည်။ 
အမှန်အားဖြင့် အောက်ဆီဂျင်ကို  ဆေးရုံများနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၏  အကြံပြုချက် များဖြင့်  အသုံးပြုခြင်းသာ အကောင်းဆုံးဖြစ်သည်ကို နားလည်ကြရမည်။ ယခုကူးစက်မှု မြင့်မားနေသည့် တတိယလှိုင်းကို  ထိန်းချုပ်နိုင်ရန်   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို သိရှိအောင် ကြိုးစားပြီး စနစ်တကျလိုက်နာသင့်သည်။  “A little knowledge is dangerous thing” ဆိုသလို  နည်းနည်းပင် သိပင်သိငြား များများဆိုတတ်သူများ ကြောင့်   ဒုက္ခရောက်ရသည့်သူများ   များစွာရှိနေပြီ ဖြစ်သည်။   တတ်ကျွမ်းနားလည်သည့်ကျန်းမာရေး ဝန်ထမ်းများ၏ကြိုးပမ်းမှုများက   တိုးမပေါက်နိုင် အောင်   တတ်ယောင်ကားများက    များလှသည်။ ထိုအရာကို သတိပြုသင့်ပေသည်။ 


ယခုအခါ    ကိုဗစ်−၁၉    ကုသရေးအတွက်   အောက်ဆီဂျင်အလုံအလောက်ရရှိရေးကို     အစိုးရ အနေဖြင့်  စီမံဆောင်ရွက်နေပြီး   ထိုသို့ဆောင်ရွက် နေသည့်အကြောင်းအရာများကို ပြည်သူထံ မပြတ် သတင်းပေးလျက်ရှိသည်။ 


နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့်  တင်သွင်း


လက်ရှိတွင်   ပြည်သူ့ဆေးရုံများ၊  တပ်မတော် ဆေးရုံများ၊ စက်ရုံ၊   အလုပ်ရုံများရှိ Oxygen Plant များမှ အောက်ဆီဂျင်များ  ထုတ်လုပ်ပေးလျက်ရှိသည့် အပြင်   ထိုင်းနိုင်ငံနှင့်     တရုတ်နိုင်ငံတို့မှလည်း အောက်ဆီဂျင်အရည်နှင့် အောက်ဆီဂျင်အိုးများကို နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့်   တင်သွင်း ပေး လျက်ရှိသည်။ အောက်ဆီဂျင်နှင့် အောက်ဆီ ဂျင်အိုးများသာမက    ကိုဗစ်−၁၉   ရောဂါ ကာကွယ် ကုသမှု ဆိုင်ရာ    ဆေးဝါးနှင့်      ဆက်စပ်ပစ္စည်းများအား  လွယ်ကူလျင်မြန်စွာ တင်သွင်းနိုင်ရန် ဖြေလျှော့မှု များစွာ ပြုလုပ်ထားပြီးဖြစ်သည်။


ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး        စီမံ ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်    ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်က “တပ်မတော်နဲ့ အရပ်ဘက်ဆေးရုံတွေ၊ နေရာ၊ ဌာန တွေကို အားလုံးပေါင်း ၆၉၈၀၀ ဦးရေခန့်အတွက် Center   ၁၉၃၄    နေရာမှာ    ပြင်ဆင်ထားပါတယ်။ လက်ရှိ ၂၅ ရာခိုင်နှုန်းပဲ Quarantine Center များ မှာ ရှိပါတယ်။ အလားတူ Positive လူနာတွေနဲ့ ပတ်သက်ပြီး   နေရာပေါင်း    ၁၁၁၄    နေရာမှာ     ၄၅၉၀၀၊   ၄၆၀၀၀    ခန့်    ဝင်ဆံ့တဲ့အင်အားရှိပါတယ်။ လောလောဆယ် ၆၂ ရာခိုင်နှုန်းပဲ Positive လူနာ ထားတဲ့နေရာမှာ ရှိပါတယ်။ ကုသရေး    Center  ပေါင်း  ၅၆၀ လုပ်ထားတဲ့နေရာမှာ ဝင်ဆံ့တာက ၂၅၅၀၀ ခန့်ရှိပါတယ်။ ၉၂ ဒသမ ၂ ရာခိုင်နှုန်းရှိပါ တယ်” ဟု ဇူလိုင်   ၁၈    ရက်က    နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး  (ကြည်း) အစည်းအဝေး ခန်းမ၌ ကျင်းပသည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ တတိယအကြိမ် ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားထားသည်။


၅၀ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် မျှော်မှန်း


တစ်ဖက်မှလည်း  ပြည်သူအားလုံး    ကာကွယ် ဆေး    လွှမ်းခြုံမှုရရှိစေရန်အတွက် အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။         ယခုအခါ   မြန်မာနိုင်ငံတွင်     ကာကွယ်ဆေးထိုးနှံပြီးစီးမှု အနေဖြင့် ၁ ဒသမ ၆ သန်းကျော်ကို ကာကွယ်ဆေး ထိုးနှံပြီးဖြစ်သည်။ ဇူလိုင် ၂၂ ရက်တွင် တရုတ်နိုင်ငံမှ ကာကွယ်ဆေး   ခုနစ်သိန်းခွဲ    ရောက်ရှိလာမည် ဖြစ်သလို ဇူလိုင် ၂၃ ရက်နှင့် ၂၄ ရက်တို့တွင်လည်း    ဆက်တိုက်ရောက်ရှိလာမည် ဖြစ်သည်။ ထိုကဲ့သို့ ပြည်သူအားလုံး ကာကွယ်ဆေး   ရာနှုန်းပြည့်ထိုးနှံ နိုင်ရေးအတွက် ကာကွယ်ဆေးများကို   လှူဒါန်း ရရှိမှုများ၊ မှာယူမှုများဖြင့် အဆက်မပြတ်တင်သွင်း လျက်ရှိသည်။ အစိုးရအနေဖြင့် နိုင်ငံလူဦးရေ၏   ၅၀ ရာခိုင်နှုန်းကို ယခုနှစ်အတွင်း ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် မျှော်မှန်းဆောင်ရွက်လျက်ရှိသည်။


ပြည်သူ့ကျန်းမာရေးအတွက်          ကိုဗစ်−၁၉ ကာကွယ်၊  ထိန်းချုပ်၊  ကုသရေးလုပ်ငန်းများကို အစွမ်းကုန် အားထုတ်ကြိုးပမ်းရန် လိုအပ်သလို နိုင်ငံ၏အခြားကဏ္ဍများသည်လည်း ရပ်တန့်နေ၍ မရပေ။ 


ထို့အတွက် ကိုဗစ်−၁၉ နှင့် ယှဉ်တွဲ၍ တတ်နိုင် သမျှ   ကျော်လွှားဆောင်ရွက်နေကြရမည်သာ။   ပြည်သူတို့နှင့် တိုက်ရိုက်သက်ဆိုင်နေသည့်  အခြေခံ စားသောက်ကုန်များ စျေးနှုန်းကြီးမြင့်မှု  မရှိရေး၊ ကိုဗစ်−၁၉ သတ်မှတ်ချက်များနှင့်အညီ   ပို့ဆောင် ဆက်သွယ်ရေးဆိုင်ရာ    လေကြောင်း၊  ရထားလမ်း၊    ကားလမ်းများကို     ဖွင့်လှစ်ကာ ကုန်စည်စီးဆင်းမှု       လွယ်ကူလျင်မြန်စေရေး၊    လျှပ်စစ်ဓာတ်အားရရှိရေး၊ ကုန်ထုတ်လုပ်ငန်းများ လည်ပတ်နိုင်ရေး  စသည့် ကဏ္ဍများတွင်   အခက်အခဲမရှိစေရန်     အစိုးရက   ရည်မှန်းဆောင်ရွက်လျက်ရှိသည်။


အစိုးရအနေဖြင့်   ကိုဗစ်−၁၉     ကပ်ရောဂါ ကျော်လွှားနိုင်ရန်    စီမံဆောင်ရွက်နေသကဲ့သို့ တတိယလှိုင်းကြောင့် ပြည်သူများ၏ လူမှုစီးပွား ထိခိုက်မှု အနည်းဆုံးဖြစ်စေရန်အတွက် စီမံနေ သည်။   ပြည်သူများဘက်က    ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို   လိုက်နာဆောင်ရွက်ရင်းဖြင့်  ကူးစက်မှုကွင်းဆက် ကို အဆက်ဖြတ်ရမည်ဖြစ်သည်။ သို့မှသာ ကူးစက် မှု     လျော့ကျလာမည်ဖြစ်သည်။   ကိုဗစ်−၁၉ ကပ်ရောဂါ ဖြစ်ပွားမှုသည်    ပြည်သူ့ကျန်းမာရေး ဖြစ်သည်။ နိုင်ငံရေးမဟုတ်၊  ပြည်သူ့ကျန်းမာရေး ဖြစ်သည့်အတွက်   အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့်  အဖွဲ့အစည်းအားလုံး၊  ပြည်သူအားလုံး ပူးပေါင်းပါဝင်ခြင်းဖြင့် အောင်မြင်စွာ ကျော်လွှားနိုင် ရန်  ကြိုးပမ်းရမည်ဖြစ်ပါကြောင်း  ရေးသားတင်ပြ လိုက်ရပါသည်။     ။