အမျိုးသမီး ၁၇ ဦးအား ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေပြီး ငွေကြေးအကျိုးအမြတ်ခေါင်းပုံဖြတ် ရယူရန် စီစဉ်ခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်ချမှတ်

 

နေပြည်တော်  ဇူလိုင်  ၂၃
အမျိုးသမီး  ၁၇ ဦးအား   ပြည့် တန်ဆာအဖြစ် အဓမ္မခိုင်းစေပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံ ဖြတ်ရယူရန်   စီစဉ်ခဲ့သူများကို လူကုန်ကူးမှုဖြင့်   အလုပ်နှင့် ထောင်ဒဏ်    ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ  ရဲတပ်ဖွဲ့မှ   သိရ သည်။
ရန်ကုန်တိုင်း      ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်နေ သန့်ဇင် မော်(ခ)မာမီနှင့် ဝင်းကျော်သူ တို့ သည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံ မြို့သစ်(ဆိပ်ကမ်း) မြို့နယ်နေ မ----၊  ၂၇/၂၀၂၃   နှစ်ပါ မိန်းကလေး  ၁၇ ဦး ကို သင်္ဃန်း ကျွန်းမြို့နယ်     သုဝဏ္ဏ(၂၉) ရပ်ကွက် တောင်ထိပ်ပန်းလမ်းရှိ နေအိမ်တွင် ပိတ်လှောင်ထားပြီး ပြည့်တန်ဆာ     လုပ်ငန်းတွင် အဓမ္မခိုင်းစေကာ      ရရှိသည့် ငွေကြေး    အကျိုးအမြတ်များ အား ခေါင်းပုံဖြတ်ရယူရန် စီစဉ် ခဲ့သဖြင့် သုဝဏ္ဏနယ်မြေရဲစခန်း (ပ)၄၄၈/၂၀၂၃၊  လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့် တရား စွဲတင်ခဲ့သည်။
အဆိုပါ ပြစ်မှုကျူးလွန်သည့် တရားခံ   သန့်ဇင်မော်(ခ) မာမီ နှင့်    ဝင်းကျော်သူတို့    နှစ်ဦးကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ   ၃၅ အရ   အလုပ် နှင့်    ထောင်ဒဏ်  ၁၅   နှစ်စီ ကျခံစေရန်   သင်္ဃန်းကျွန်းခရိုင် တရားရုံးက ဇူလိုင် ၂၂ ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း  သတင်း ရရှိသည်။
သတင်းစဉ်