အမျိုးသမီးလိဂ်ပြိုင်ပွဲ ယခုနှစ်တွင် ကျင်းပရန် စီစဉ်

 

ရန်ကုန်   ဇူလိုင်    ၂၆


မြန်မာနေရှင်နယ်လိဂ်သည်    နှစ်အနည်းငယ်ကြာ ကျင်းပနိုင်ခြင်းမရှိသည့်   အမျိုးသမီးလိဂ်ပြိုင်ပွဲကို ယခုနှစ်တွင်     ပြန်လည်ကျင်းပရန်     စီစဉ်နေပြီး အောက်တိုဘာမှ  ဒီဇင်ဘာအတွင်း ပြုလုပ်မည်ဖြစ် သည်။

 


အမျိုးသမီးလိဂ်ပြိုင်ပွဲကို ၂၀၁၆ နှစ်ကုန်ပိုင်းတွင်  စတင်ကျင်းပခဲ့ပြီး ၂၀၁၆-၂၀၁၇ ရာသီ၊ ၂၀၁၇-၂၀၁၈ ရာသီ၊ ၂၀၁၈-၂၀၁၉ ရာသီကျင်းပပြီးနောက် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရပ်နားထားရခြင်း ဖြစ်သည်။

 


ယခုနှစ်တွင် ပြန်လည်ကျင်းပမည့်  အမျိုးသမီး လိဂ်ပြိုင်ပွဲကို အသင်း ခုနစ်သင်း သို့မဟုတ် ရှစ်သင်း ယှဉ်ပြိုင်မည်ဖြစ်သည်။     ပြိုင်ပွဲဝင်အသင်းများကို    အတည်ပြုလျက်ရှိပြီး     နောက်ဆုံးကျင်းပသည့် ၂၀၁၈-၂၀၁၉   ရာသီ   ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အသင်းအများစု ပြန်လည်ယှဉ်ပြိုင်ဖွယ်ရှိနေသည်။ အမျိုးသမီးလိဂ်ပြိုင်ပွဲကို နှစ်ကျော့စနစ်ဖြင့် ကျင်းပ မည်ဖြစ်ပြီး    ရန်ကုန်မြို့၌   ပြုလုပ်မည်ဖြစ်သည်။ ယခုရာသီတွင်  နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ရန်   လေ့ကျင့်ပြင်ဆင်နေသည့်   မြန်မာ ယူ-၁၈ အမျိုးသမီးအသင်းမှာလည်း ပြိုင်ပွဲအတွေ့ အကြုံရစေရန်   အမျိုးသမီးလိဂ်တွင်   ဝင်ရောက် ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။

 


ကျင်းပပြီးစီးခဲ့သည့် သုံးကြိမ်တွင် ၂၀၁၆-၂၀၁၇ ရာသီနှင့်   ၂၀၁၇-၂၀၁၈   ရာသီ၌    မြဝတီအသင်း၊ ၂၀၁၈-၂၀၁၉ ရာသီတွင် အား/ကာသိပ္ပံအသင်းတို့ ဗိုလ်စွဲထားသည်။   အား/ကာသိပ္ပံအသင်းသည် ယခုနှစ် ကျင်းပမည့် အာရှအမျိုးသမီးကလပ်ချန်ပီယံ ရှစ်ပြိုင်ပွဲ အရှေ့အာရှဇုန်တွင် ယှဉ်ပြိုင်ခွင့်ရရှိထား သည်။                        

ရဲရင့်လွင်