အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ်ပေါင်းသင်းရန် စီစဉ်ခဲ့သူအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

 

နေပြည်တော်   ဇန်နဝါရီ   ၂၀


အမျိုးသမီးတစ်ဦးကို    တရုတ်အမျိုးသားနှင့်    အဓမ္မလက်ထပ် ပေါင်းသင်းရန် စီစဉ်ခဲ့သူအား  လူကုန်ကူးမှုဖြင့်  အလုပ်နှင့် ထောင် ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး  ကျောက်တန်းမြို့နယ်နေ မ... (၃၈ နှစ်)ကို  တစ်မြို့နယ်တည်းနေ   မိခင်၏ယောင်းမဖြစ်သူ ဒေါ်လှလှရီ (မိ)၊ မသဇင်ဖူး (ခ) ရွှေစင်မိုး(တိမ်းရှောင်)နှင့်  ကျော်ကြီး (တိမ်းရှောင်)  တို့က    မန္တလေးမြို့ရှိ    ပန်းစိုက်သည့်အလုပ်တွင် လုပ်ကိုင်ပါက    တစ်နှစ်လျှင်    ငွေကျပ်သိန်း ၂၀   ခန့် ရရှိမည်ဟု ပြောဆိုစည်းရုံးပြီး ရန်ကုန်မြို့မှတစ်ဆင့် ကျိုင်းတုံမြို့သို့ခေါ်ဆောင်၍ တရုတ်အမျိုးသားနှင့်  အဓမ္မလက်ထပ်ပေါင်းသင်းရန် စီစဉ်ခဲ့သဖြင့် ကျောက်တန်းမြို့မရဲစခန်း (ပ) ၁၉၃၆/၂၀၁၉၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၈/ကျင့် ၅၁၂ ဖြင့်    အမှုရေးဖွင့်ခဲ့ပြီး တောင်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇန်နဝါရီ ၁၈ ရက် တွင်   တရားခံ  ဒေါ်လှလှရီကို   လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၈ အရ  အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀  ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။           

သတင်းစဉ်