
နေပြည်တော် မတ် ၁
အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားထံ ရောင်းစား၍ ငွေကြေး အကျိုးအမြတ် ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ် ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ မြို့နယ်နေ ဒေါ်အေးအေးလွင်၊ လိပ်စာတူ နိုင်လင်းအောင် (ခ) ပွကြီးနှင့် ကချင်ပြည် နယ်၊ မိုးကောင်းမြို့နယ်နေ မခိုင်သဇင်မိုး (ခ) မပိုးဥတို့က ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်နေ မ ---၊ ၂၁/၂၀၂၀ နှစ်အား တရုတ်ပြည်၌ အလုပ်ရမည်၊ လစာကောင်းမည်ဟု လိမ်လည်ပြောဆို စည်းရုံးကာ တရုတ်အမျိုးသားထံ ရောင်းစား၍ ငွေကြေး အကျိုးအမြတ် ရယူခဲ့သဖြင့် ရွှေပြည်သာမြို့မရဲစခန်း (ပ) ၃၁၆၆/၂၀၂၀၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄/၃၂ ဖြင့် အမှုရေးဖွင့်၍ မင်္ဂလာဒုံ ခရိုင်တရားရုံး သို့ တရားစွဲတင်ပို့ခဲ့ရာ ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားခံ ဒေါ်အေးအေး လွင်၊ မခိုင်သဇင်မိုး (ခ) မပိုးဥနှင့် နိုင်လင်းအောင် (ခ) ပွကြီးတို့အား လူကုန် ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်