အမျိုးသမီးတစ်ဦးကို တရုတ်ယောက်ျားနှင့် လက်ထပ်ရန် စည်းရုံးပြောဆိုပြီး ငွေကြေးခေါင်းပုံဖြတ်ရယူရန် စီစဉ်ခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်ချမှတ်

 

နေပြည်တော်    ဇန်နဝါရီ    ၃၁


အမျိုးသမီးတစ်ဦးကို တရုတ်ယောက်ျားနှင့် လက်ထပ်ရန်စည်းရုံးပြောဆို ပြီး    ငွေကြေးခေါင်းပုံဖြတ်ရယူရန်     စီစဉ်ခဲ့သူအား     လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။


မန္တလေးတိုင်းဒေသကြီး   သပိတ်ကျင်းမြို့နယ်နေ   ဒေါ်ခင်ချို(ခ) ဒေါ်ချိုက  တစ်မြို့နယ်တည်းနေ  မ........၊  ၂၈/၂၀၂၁ နှစ်အား  တရုတ် ယောကျ်ားယူပါက မြန်မာငွေကျပ် သိန်း ၂၀ ရမည်ဟု စည်းရုံးပြောဆို ၍   တရုတ်နိုင်ငံသို့  တရုတ်ဇနီးမယားအဖြစ်   ယွမ်ငွေ ၆၀၀၀၀ ဖြင့် ရောင်းစားပြီး    ငွေကြေးများ   ခေါင်းပုံဖြတ်ရယူခဲ့သဖြင့်   သပိတ်ကျင်း မြို့မရဲစခန်း(ပ)၄၄/၂၀၂၁၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး  သပိတ်ကျင်းခရိုင်တရားရုံးသို့  တရားစွဲ တင်ပို့ခဲ့ရာ ဇန်နဝါရီ ၃၀ ရက်တွင် တရားခံ ဒေါ်ခင်ချို (ခ) ဒေါ်ချိုအား လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ   ပုဒ်မ ၂၄ အရ   အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။            

သတင်းစဉ်