Type

ကိုဇော်
ဒီနှစ် နွေရာသီမှာ အပူချိန်မြင့်တက်နိုင်ကြောင်းကို မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ကရော နိုင်ငံပိုင်မီဒီယာတွေကပါ မတ်လဆန်း ကတည်းက ကြေညာထားတာကို မေ့မေ့ပျောက်ပျောက် ဖြစ်နေပေမယ့် ဒီရက်ပိုင်း နွေရဲ့ ပူပြင်းတဲ့ အပူချိန်က သိသိသာသာဖြစ်လာတာကြောင့် ချည်သား လက်ရှည်လေးရွေးဝတ်ရင်း စနေ လက်ဖက်ရည်ဝိုင်းဆီ ထွက်လာခဲ့တယ်။
စနေလက်ဖက်ရည်ဝိုင်းအတွက် ရွေးထားတဲ့ ဆိုင်လေးက ကျယ်ကျယ်ဝန်းဝန်းရှိသလို သစ်ပင် ရိပ်တွေကလည်း ကောင်းတာကြောင့် နေ့လယ်ခင်း ချိန်မှာတောင် ဆိုင်ရဲ့ စားပွဲဝိုင်းအတော်များများမှာ စားသုံးသူတွေရှိနေတာကို သတိပြုမိလိုက်တယ်။ နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်မှာ လမ်းမှားလိုက်ပြီး ဆူပူဆန္ဒပြ ဖျက်လိုဖျက်ဆီးလုပ်သူတွေ မရှိခြင်း ကြောင့်လည်း မြို့နေလူထုရော စီးပွားရေးလုပ်ငန်း လုပ်သူများပါ စိတ်အေးချမ်းသာစွာနဲ့ တည်တည် ငြိမ်ငြိမ်နေထိုင်သွားလာ စားသောက်နိုင်ကြတာပဲ ဖြစ်ပါတယ်။ ဒေသခံပြည်သူတွေရဲ့ မှန်ကန်တဲ့ အမြင်ရှိမှုအပြင် လွဲမှားတဲ့လုပ်ရပ်တွေ မပြုလုပ် ခြင်းကြောင့် အေးချမ်းတည်ငြိမ်မှု ရှိနေရခြင်း ဆိုတာက သက်သေပါပဲ။
ကျွန်တော် လက်ဖက်ရည်ဆိုင်ရောက်တော့ မင်းနိုင်ရယ်၊ မောင်မျိုးရယ်၊ အေးကိုရယ် သုံးယောက် က ရောက်နှင့်နေကြပြီ။ “ကိုဇော် ဒီနေ့ နောက်ကျ ပါလား၊ အလုပ်တွေ များနေတာလား”ဆိုပြီး မင်းနိုင် က စကားဦးနှုတ်ဆက်တယ်။ “အလုပ်များလို့ နောက်ကျတာမဟုတ်ဘူးကွာ၊ ထွက်လာဖို့လုပ်ပြီး မှ နေပူပူကြီးကြည့်ပြီး လက်ရှည်အင်္ကျီဝတ်ဖို့ ရှာနေတာနဲ့ နောက်ကျသွားတာကွာ၊ မင်းတို့ရော ရောက်တာကြာနေပြီလား”လို့ ပြန်ပြောရင်း ကျဆိမ့်တစ်ခွက် လှမ်းမှာလိုက်တယ်။ သူငယ်ချင်း တွေဆုံရင် “ဘာထူးလဲ၊ ဟိုဟာတွေ့လား၊ ဒီဟာ မိုက်တယ်”စတဲ့ စကားလုံးတွေက စကားဝိုင်းရဲ့ အစပထမပြောနေကျ။
မင်းနိုင်က အလုပ်ထွက်ပြီး ဇာတိပြန်သွားပေ မယ့် ခုလိုဆုံဖို့ သက်သက် လာခဲ့တာကြောင့် သူ့အိမ်အတွက် လက်ဆောင်ပစ္စည်းလေးပေးရင်း “မင်းရော အလုပ်ထွက်သွားတော့ အိမ်မှာ ပျင်းနေ ပြီမဟုတ်လား။ ခုဘာဆက်လုပ်ဖို့ ပြင်ဆင်နေလဲ”လို့ မေးလိုက်တယ်။ “ကိုဇော်ရာ ကျွန်တော်က နိုင်ငံ့ ဝန်ထမ်းပဲ လုပ်ချင်တာ ကိုဇော်အသိပါ။ ဒါပေမယ့် ခုလိုဖြစ်စဉ် တွေဖြစ်လာတော့ ပုဂ္ဂိုလ်ရေးအစွဲကြောင့် ဆက်မလုပ်ချင်ဘူးဆိုတဲ့ အတွေးပေါ်လာပြီး အလုပ်ကနေ ထွက်စာတင်လိုက်တာ။ သေချာ စဉ်းစားကြည့်လိုက်ရင် စိတ်ကိုအလိုလိုက်ပြီး တစ်ယောက်တည်း ဆုံးဖြတ်ခဲ့တာကြောင့် ငါလုပ် တာ မှန်တယ်ဆိုတဲ့ ခံယူချက်လိုမျိုး ဖြစ်နေပေမယ့် တကယ့်ဘဝအတွက် စဉ်းစားလိုက်ရင် ကျွန်တော် အလုပ်ထွက်လိုက်တာက တကယ်ကို မှားတယ်ဗျ။ နောင်တတော့ရမိပေမယ့် နောင်တဆိုတာကြီး ရင်မှာပိုက်ပြီး ငူတူတူ ငေးငိုင်နေရတဲ့ ဘဝမျိုးလည်း မဖြစ်ချင်လို့ ကိုဇော်တို့ဆီ အခုလိုလာတွေ့ပြီး စကားလာပြောတာပါပဲ။
“ကျွန်တော့် ဒုဦးစီးလုပ်သက်က သုံးနှစ် လောက်ပဲရှိသေးပေမယ့် ဝါသနာပါတဲ့ အလုပ်ကြောင့် သေချာကြိုးစားပြီး လုပ်ခဲ့တာပါ။ မကြာခင်မှာ ဖြေရတော့မယ့် ဦးစီးအရာရှိ စာမေးပွဲကိုလည်း အခုတော့ လုံးဝလက်လွှတ်ဆုံးရှုံးလိုက်ရတာ စဉ်းစား မိတိုင်း စိတ်ထဲအဆင်ပြေမနေဘူး။ အခုဒုဦးစီး ရာထူးတောင် ကြိုးစားပမ်းစား နှစ်ကြိမ်ဖြေပြီးမှ ရခဲ့တာ။ မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှာ MBA တက်ကတည်းက အခုထွက်လိုက်တဲ့ အလုပ်က ကျွန်တော့်ရဲ့ အိပ်မက်ပဲလေ။ အခုတော့ အိပ်မက် အသစ်ကို ထပ်မက်ဖို့ ကြိုးစားနေပါတယ်။ အိမ်က ဆူတာကိုလည်း တော်တော်လေးခံလိုက်ရတယ် ကိုဇော်ရာ” ဟု ပြောပြတယ်။
လက်ဖက်ရည်ဆိုင်ထိုင်တိုင်း လက်ဖက်ရည်နဲ့ လက်ဖက်သုပ်ကို တွဲပြီး စားသောက်နေကျ။ ကျန်းမာ ရေးအရ ဓာတ်တည့် မတည့်ကို အသေအချာမသိပေ မယ့် ဒီလိုစားသောက်ခဲ့တဲ့ အကြိမ်ပေါင်းကလည်း မနည်းတော့ဘူး။ သူငယ်ချင်းလေးယောက်လုံးရဲ့ လက်တွေက လက်ဖက်သုပ် ပန်းကန်မှာပဲ ဝဲပျံနေတာ ကိုကြည့်ပြီး “မောင်မျိုး၊ မင်းကရော CDM လုပ်ဖို့ ဦးဆောင်တဲ့အဖွဲ့တွေဆီက ထောက်ပံ့ကြေးတွေ ရလား။ အဲဒီအဖွဲ့တွေက မင်းတို့ကို တကယ်ထောက်ပံ့ ပေးတာလား။ အလုပ်တွေလည်း ရှာပေးမယ်လို့ အွန်လိုင်းမှာ ဖတ်လိုက်ရတယ်။ ဟုတ်လား”ဆိုပြီး မောင်မျိုးကို မေးလိုက်တယ်။
လက်ဖက်သုပ်ကို ငရုတ်သီးစိမ်း အားရပါးရ ထည့်စားပြီး ရှူးရှဲရှူးရှဲဖြစ်နေတဲ့ မောင်မျိုးက “လုပ်ပြီ လုပ်ပြီ ကိုဇော်ကတော့။ ကျွန်တော်က သူတောင်းစား လို ပေးစာကမ်းစာ လိုချင်လို့ CDM လုပ်တာ မဟုတ်ပါ ဘူးဗျာ။ အွန်လိုင်းက ပို့စ်တွေဖတ်ပြီး အများစု ယောင်တာကို လိုက်ယောင်ခဲ့တာ။ ဘာတဲ့ “ရုံးမတက် နဲ့ ရုန်းထွက်” ဆိုတာတောင် အော်ခဲ့သေးတာ။ နောက်ဆုံး တကယ့်လက်တွေ့မှာတော့ နိုင်ငံအတွက် စနစ်ကျတဲ့၊ စည်းကမ်းရှိတဲ့ ရုံးဌာနအဖွဲ့အစည်းရဲ့ စွန့်လွှတ်ခြင်းကိုသာ ခံလိုက်ရတယ်။ နာမည်တွေ တသီတတန်းကြီးနဲ့ အလုပ်ကဖြုတ်တယ်ဆိုတဲ့ စာက မသိရင် ဂုဏ်ပဲယူရမလိုလို။ အခြားလူတွေတော့ မသိဘူး။ ကျွန်တော်ကတော့ အဲဒီစာ ပြန်ဖတ်မိတိုင်း ကိုယ့်ကိုယ်ကိုယ် ရှက်နေမိတယ်။ ၇၂ နာရီတို့၊ သုံးလ တို့ စတဲ့ အွန်လိုင်းက စိတ်ကူးယဉ်စာသားတွေကို အဟုတ်ထင်ခဲ့မိတာလည်း ခေတ်ပညာတတ် ဘွဲ့ရ ဖြစ်ပြီး ဘာလို့များ ဒီလောက်ထိ ပိန်းခဲ့ရသလဲလို့ ကိုယ့်ကိုယ်ကိုယ် တွေးမရဘူးဗျာ။
“ခုထိလည်း အွန်လိုင်းက အကြောင်းအရာတွေ က ဖတ်ရှုသူတိုင်းကို ပိန်းပြီး မှောင်သွားစေအောင် ရေးသားထားတာတွေချည်းပဲ။ ကိုဇော်တို့လည်း မြင်မှာပါ။ တကယ်တော့ ကိုဇော်၊ ကျွန်တော်တို့ အလုပ်ဖြုတ်တဲ့စာ မထွက်ခင် ရုံးပြန်တက်ဖို့ ကျွန်တော် လုပ်ခဲ့သေးတယ်။ CDM လုပ်တဲ့ အခြားသူတွေက ရန်ရှာမှာရယ်၊ ဌာနကို မျက်နှာမပြဝံ့တာရယ် စတာ တွေကြောင့် အဆုံးစွန်ထိ မိုက်ကန်းခဲ့သလို ဖြစ်ခဲ့ရ တယ်။ ဒါပေမယ့် ကိုဇော် ခုနကမေးသလို ဘယ်အဖွဲ့ အစည်းရဲ့ ထောက်ပံ့ကြေးကိုမှ မယူခဲ့သလို တရားမဝင်ဖွဲ့ထားတဲ့ အဖွဲ့တွေနဲ့လည်း လုံးဝ မပတ်သက်အောင်နေတယ်။ ခုတောင် တစ်ချက်မှားခဲ့ လို့ အလုပ်ကပြုတ်ပြီးပြီ။ အဲဒီအဖွဲ့တွေနဲ့ထပ်ပြီး ပတ်သက်မိရင် တစ်ဘဝလုံး ခိုးကြောင်ခိုးဝှက်နဲ့ ထပ်ပြီး တော့ မနေနိုင်ပါဘူးဗျာ” ဟုဆိုကာ အစပ်ပြေ ရေနွေး ကြမ်းတစ်ခွက်ကို မော့သောက်ရင်း ပြောပြတယ်။
ဝန်ထမ်းမဟုတ်ပေမယ့် ကျွန်တော်တို့နဲ့ တတွဲတွဲ အမြဲတွဲနေတဲ့ သူငယ်ချင်း အေးကို ကတော့ အိမ်စီးပွားရေးမှာသာ ဝင်လုပ်နေတာကြောင့် စီးပွား ရေးသမားပီပီ အပေါင်းအသင်းကတော့ အတော်ကို များတာ။ အေးကိုက “ခု ကျွန်တော်ပြောရမယ့် အလှည့် နော်။ ကျွန်တော်ကတော့ ကျွန်တော့် အသိနှစ်ယောက် နဲ့ ပြောခဲ့တာလေးကို အစ်ကိုတို့ကို ပြန်ပြောပြမယ်။ တစ်ယောက်က ဘဏ်မှာလုပ်တာ။ နောက်တစ်ယောက် ကတော့ ခုဆန္ဒပြတဲ့အထဲမှာ ပါဝင်တဲ့ သင်တန်းဆရာ။ ဘဏ်က တစ်ယောက်က အရင်က ဟိုတယ်ဝန်ထမ်း။ ကိုဗစ်ကြောင့် ဟိုတယ်တွေ ပိတ်ရတော့ ဘဏ်တစ်ခု မှာ အလုပ်ရတယ်။ ဘဏ်မှာ အလုပ်ရပြန်တော့လည်း ခုနိုင်ငံရေး အပြောင်းအလဲဖြစ်ပြန်တော့ CDM ဆိုင်းဘုတ်ကိုင်ပြီး ဆန္ဒထွက်ပြပြန်တယ်။ အဲဒါနဲ့ပဲ “မင်းက ဘဏ်ဝန်ထမ်းဖြစ်ပြီး ဘာလို့ CDM ဆိုင်းဘုတ် ကိုင်နေရတာလဲ။ မင်းတို့ ဘဏ်မသွားတော့ ငါတို့ ပြည်သူတွေပဲ ဘဏ်က ပိုက်ဆံထုတ်မရနဲ့ အဆင် မပြေပါဘူးကွာ”လို့ပြောတော့ “ဘဏ်အလုပ်ပြုတ် လည်း ဂရုမစိုက်ဘူးကွာ။ နိုင်ငံ့ဝန်ထမ်းတွေ CDM လုပ်ဖို့ကို ငါတို့က ဖိအားပေးနေတာ။ အပျော်လမ်းထွက် နေတာ မဟုတ်ဘူး။ နိုင်ငံရေးလုပ်နေတာလည်း မဟုတ်ဘူး”လို့ ပြန်ဖြေတယ်။
ကျွန်တော်ကလည်း “မင်းကွာ၊ အထူအပါး လည်း နားမလည်၊ နကန်းတစ်လုံးမှလည်း မသိဘဲ အွန်လိုင်းက ပေါတောတောစာတွေဖတ်ပြီး လျှောက်လုပ်မနေနဲ့။ မင်းတို့ လမ်းထွက်ဆန္ဒပြလို့ နိုင်ငံအတွက် တာဝန်ကျေပွန်စွာ ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေက ရုံးမသွားဘဲမနေဘူး။ လမ်းပေါ်လည်း ထွက်လာမှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ်ရော ဘာလုပ်နေသလဲဆိုတာရောသိရဲ့လား။ တရားမဝင် ဘူးလို့ ကြေညာထားတဲ့ အဖွဲ့အစည်းနဲ့ တစ်နည်း နည်းနဲ့ ပတ်သက်မိရင်တော့ မင်းအတွက် နောင်တ ဆိုတာက ထောင်တံခါးဝရောက်မှ ရနေရမယ် နော်”လို့ ပြောပေမယ့်လည်း ခံယူချက်တလွဲနဲ့ ပိန်းနေတဲ့သူတွေကို အမြင်မှန်ရအောင်လုပ်ဖို့ တကယ်ကို မလွယ်ဘူးဗျာ။ အမှားအမှန်ကို မြင်အောင် သေချာရှင်းပြလည်း တိမ်ဖုံးနေတဲ့ မျက်လုံးလိုပဲ ဘာမှကို မမြင်တော့တာဗျာ။
နောက်တစ်ယောက် သင်တန်းဆရာက တော့ “မနက်တစ်ခေါက်၊ ညနေတစ်ခေါက် ဆန္ဒ ထွက်ပြတယ်။ ညသပိတ်တော့ မထွက်ဖြစ်ဘူး။ မနက်နဲ့ ညနေနဲ့ ထွက်တဲ့အခါမှာလည်း ပစ်မယ် လို့ ပြောတဲ့နေရာကို မသွားဘူး။ ဆန္ဒပြတဲ့နေရာမှာ ပစ်ပြီဆိုလည်း ကိုယ့်ကိုမထိအောင် အခြေအနေ ကြည့်ပြီး ရှောင်တယ်။ ဖြစ်စဉ်ကို မကြိုက်လို့ ဆန္ဒ ပြတဲ့အလုပ်ကိုပဲ လုပ်တာ။ သေဖို့အတွက် ဆန္ဒပြ တာ မဟုတ်သလို ဆန္ဒပြလို့ သေဆုံးသွားသူတွေ ကိုလည်း လူသားချင်းအရ စိတ်မကောင်းတော့ ဖြစ်ပါတယ်။ အခုကျွန်တော်တို့ ဆန္ဒပြသူ အချင်းချင်းမှာကို သိပ်ပြီးမတည့်ကြတော့ဘူး။ ကျွန်တော်တို့က ဆန္ဒပဲရိုးရိုးပြမယ်။ ဘယ်အချိန် ကနေ ဘယ်အချိန်ထိ ဒီမိုကရေစီဆန်ဆန် စည်းကမ်းတကျပြမယ်လို့ ပြောပေမယ့် တချို့အဖွဲ့ တွေက လက်မခံဘဲ ဒီပစ်မယ်ဆိုတဲ့ နေရာ၊ ပစ်တဲ့ နေရာကိုပဲ ရွေးပြီး ဇွတ်တိုးမယ်ချည်း လုပ်တာဗျာ။ ကြိုးကိုင်ခြယ်လှယ်မှုနဲ့ ထောက်ပံ့ကြေးတွေ ယူထားတဲ့ ဆန္ဒပြသူတွေနဲ့ ကိုယ့်ထမင်းကိုယ်စား ပြီး ကိုယ့်သဘောနဲ့ကိုယ် ဆန္ဒပြသူတွေဆိုပြီး အခုက အဖွဲ့တွေ ကွဲနေကြတာဗျာ။ လုံခြုံရေး အတွက် ထိန်းသိမ်းရေးဆောင်ရွက်နေကြတဲ့ တပ်ဖွဲ့ဝင်တွေကိုတောင် ကျွန်တော်တို့က ပြန်ပြီး အားနာသလို ဖြစ်နေရတယ်။
“ဒါ ဘာလဲဆိုတော့ ဆန္ဒပြတဲ့အဖွဲ့တွေမှာ လူမျိုးစုံ၊ စိတ်ဓာတ်မျိုးစုံတွေရှိနေတာကြောင့် အခု နောက်ပိုင်းတော့ ကျွန်တော်လည်း ဆန္ဒပြဖို့ မထွက်တော့သလို ကျွန်တော့်သူငယ်ချင်းတွေ လည်း မထွက်တော့ဘူး။ စည်းကမ်းမဲ့လုပ်ရပ်တွေ လုပ်တဲ့ ဆန္ဒပြအဖွဲ့ထဲတော့ ရောယောင်ပြီး မပါ တော့ဘူး။ ကျွန်တော်တို့လုပ်ခဲ့တဲ့ ဆန္ဒပြပွဲက တကယ်တမ်း အောင်မြင်မှုမရှိသလို နိုင်ငံရေး ဖြစ်စဉ်ကလည်း ထင်သလိုဆိုးရွားတာ မဟုတ်တာ ကြောင့် အခုတော့ဆန္ဒပြတဲ့အလုပ်ကို မလုပ်တော့ ဘူး။ အခုအခြေအနေက လမ်းပေါ်ထွက် ဆူပူတာ၊ အဖျက်လုပ်ရပ်တွေ လုပ်တာကို ပြည်သူအချင်းချင်း က ဝင်ထိန်းပေးမှ ဖြစ်တော့မယ်လို့ထင်တယ်။ ပြည်သူအချင်းချင်း မြှောက်ပင့်သွေးထိုးပြီး လမ်းပေါ်တွေရောက်ကြလို့ သေသူသေ၊ ကျေသူ ကျေခဲ့ရပြီးပြီ။ ဒါကြောင့် ပြည်သူအချင်းချင်းက ဝိုင်းထိန်းပေးကြဖို့ အမြန်ဆုံးလိုနေပြီ”လို့ ကျွန်တော့် ကို ပြောပြတယ်။ “ဒီနှစ်ယောက် ပြောတာတွေကို သုံးသပ်လိုက်ရင် အခုဆန္ဒပြတဲ့လုပ်ရပ်မှာ ပါဝင် ကြသူတွေရဲ့ စိတ်နေသဘောထားကို ကိုဇော်တို့ ခန့်မှန်းနိုင်မှာပါ” ဟု အေးကိုက သူ့ရဲ့အသိ နှစ်ယောက်အကြောင်းကို ကိုယ်ဟန်အမူအရာ တွေနဲ့ မာန်ပါပါပြောပြတယ်။
အေးကိုပြောလို့အပြီးမှာ သုံးယောက်စလုံးက “ကိုဇော်ကရော ဘယ်အကြောင်း ပြောမှာလဲ”လို့ ပြိုင်တူအသံထွက်လာရင်း “ငါက မင်းတို့ပြောတာ တွေကို အဆင်ပြေပြေ ဖတ်လို့ကောင်းအောင် ရေးပြီး တို့မြန်မာနိုင်ငံရဲ့ ဖြစ်စဉ်မှန်တွေကို လူအများရော ကမ္ဘာကပါ သိအောင် သတင်းစာ တိုက်ကို ပို့မယ်ကွာ။ မင်းတို့ ကျေနပ်တယ်မလား” လို့ ပြုံးပြုံးကြီး ပြောလိုက်တဲ့အခါ ဒါဆို နောက် အပတ်တွေလည်း အခုလိုဆုံပြီး အကြောင်းအရာ မတူတဲ့ ခေါင်းစဉ်တွေနဲ့ စကားဝိုင်းဖွဲ့ကြမယ်ဆိုတဲ့ ကြည်လင်တဲ့ အကြည့်ကိုယ်စီနဲ့ “အိုကေ၊ နောက် အပတ်စနေ ဆုံကြမယ်”ဟု နှုတ်ဆက်ရင်း “လမ်းပေါ်ထွက် ဆူပူဆန္ဒပြသူတွေ အမြန်ဆုံး အမှန်ပြင်နိုင်ကြပြီး ပူလောင်မှုဘဝတွေကနေ အမြန်ဆုံး လွတ်ကင်းနိုင်ကြပါစေ”ဟု စိတ်ရင်းမှန် နဲ့ ဆန္ဒပြုလိုက်ရပါတယ်။ ။
- Log in to post comments