
ကိုရေချမ်း
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးပေါင်းများစွာ စုစည်းနေထိုင်ကြပါတယ်။ မတူညီတဲ့ ဓလေ့ထုံးတမ်းစဉ်လာတွေ၊ မတူညီတဲ့ ဘာသာတရားနဲ့ ကွဲပြားတဲ့ ယုံကြည်မှုတွေလည်း ရှိပါတယ်။ ဘာသာတရားမှာ အများစုကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ အပါအဝင် ဘာသာအားလုံးကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်လျက်ရှိပါတယ်။ ယုံကြည်ရာ ဘာသာတရားရဲ့ အဆုံးအမလမ်းညွှန်မှုအောက်မှာ တိုင်းရင်းသားလူမျိုးအချင်းချင်း နားလည်မှုရှိစွာနဲ့ အတူလက်တွဲ နေထိုင်လျက်ရှိတာကို နယ်မြေဒေသအသီးသီးမှာ တွေ့နိုင်ပါတယ်။
ဒီလိုအေးအေးချမ်းချမ်း နေနေပေမယ့်လည်း ဘာသာရေးကို ခုတုံးလုပ်သူတွေ၊ ဘာသာတရားကို နှောင့်ယှက်သူတွေ၊ ဖျက်ဆီးသူတွေလည်း ရှိတတ် ပါတယ်။ ဘာသာရေး၊ လူမျိုးရေးဟာ မတူကွဲပြား ခြားနားပြီး သိမ်မွေ့နူးညံ့လွန်းပါတယ်။ ထိလွယ်၊ ရှလွယ်ဖြစ်တတ်သလို ကောင်းကျိုး၊ ဆိုးပြစ်တွေ လည်းရှိပါတယ်။ ဒါကြောင့် ဘာသာတရားနဲ့ ပတ်သက်ရင် အထူးသတိထား လုပ်ကိုင်ဆောင်ရွက် ကြရပါတယ်။ မြန်မာနိုင်ငံမှာ ရှေးကာလကတည်း က ဘာသာရေး၊ လူမျိုးရေးမှာ မေတ္တာတရားအပေါ် အခြေခံပြီး တစ်ဦးပေါ်တစ်ဦး နားလည်မှုရှိစွာ ဆက်ဆံနေထိုင်လာခဲ့တာကြောင့် နှစ်ပေါင်း ကြာရှည်စိတ်အေးချမ်းသာ ရပ်တည်နေထိုင်ခဲ့ကြပါတယ်။
စိတ်မချမ်းမြေ့ဖွယ်
ယနေ့ကာလမှ ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြု၍ ပဋိပက္ခတွေ၊ အမုန်းတရားတွေ တိုးပွားလာအောင် ဖန်တီးမှုတွေ၊ လုပ်ကြံမှုတွေ၊ မမှန်မကန် ပြုလုပ်မှုတွေ ရှိလာတာကို တွေ့ရပါ တယ်။ အထူးသဖြင့် အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းမှုတွေ ဖြစ်ပွားခဲ့တဲ့ အချို့ပြည်နယ် အတွင်းက ဒေသတချို့မှာ ဘာသာရေး၊ လူမျိုးရေး ကို အခြေခံတဲ့ အမုန်းတရားတွေ၊ ပဋိပက္ခတွေ ပြုလုပ်လာတာကို တွေ့ရပါတယ်။ အေးချမ်း သာယာစွာ အစဉ်အဆက် နေထိုင်လာခဲ့ကြတဲ့ ချင်းပြည်နယ်မှာ အကြမ်းဖက်မှုတွေ ထကြွလာတာ ကြောင့် ပဋိပက္ခတွေ၊ အနိဋ္ဌာရုံ အဖြစ်အပျက်တွေ ကို စိတ်မချမ်းမြေ့ဖွယ်ရာ ကြားသိနေရပါတယ်။ ချင်းပြည်နယ်အတွင်းက တချို့မြို့ရွာတွေမှာ တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ချုံခို တိုက်ခိုက်တာတွေ၊ အပြစ်မဲ့သူတွေကို အကြမ်းဖက် သတ်ဖြတ်မှုတွေ၊ အဆောက်အအုံတွေကို မီးရှို့ ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့တာရှိပါတယ်။
ထန်တလန်မြို့မှာ PDF အမည်ခံ အကြမ်းဖက် အဖွဲ့တွေက တချို့မြို့တွေ၊ ရွာတွေက လူနေအိမ် တွေကို အကာအကွယ်ယူပြီး လုံခြုံရေးတပ်ဖွဲ့ တွေကို ပစ်ခတ်တိုက်ခိုက်ကြတာ ရှိပါတယ်။ တကယ်တော့ ဒီလုပ်ရပ်တွေဟာ အဆင်ခြင်အသိ ဉာဏ်မဲ့တဲ့ မိုက်ရူးရဲလုပ်ရပ်တွေသာ ဖြစ်ပါတယ်။ ကိုယ့်ပြည်သူတွေ၊ ကိုယ့်တိုင်းရင်းသားတွေကို ခုတုံးလုပ်တဲ့သဘော၊ ကိုယ့်မြို့၊ ကိုယ့်ရွာတွေကို ဖျက်ဆီးတဲ့သဘော ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ရင် နှစ်ဖက်ထိခိုက်တာ၊ တစ်ဖက်ဖက် ထိခိုက်တာ၊ ပတ်ဝန်းကျင်ကို ထိခိုက်တာတွေ ရှိပါတယ်။ မြို့တွင်းတိုက်ပွဲဖော်တယ်ဆိုတာ အကြမ်းဖက် သမားတွေရဲ့ မိုက်မဲတဲ့လုပ်ရပ်ဖြစ်ပါတယ်။ သတ္တိ ကောင်းတယ်ဆိုရင် လူသူအလှမ်းဝေးတဲ့ တပ်ရင်း တပ်ဖွဲ့တွေကို သွားရောက်တိုက်ခိုက်နိုင်ပါတယ်။ ထန်တလန်မှာ အကြမ်းဖက်သမားတွေဟာ အင်အား အလုံးအရင်းနဲ့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့စခန်း တစ်ခုကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြပြီး မြို့ထဲမှာ လည်း တိုက်ကွက်ဖော်ခဲ့ကြပါတယ်။
မုန်းတီးမှုတွေဖန်တီး
ချင်းပြည်နယ်သာမက မြန်မာနိုင်ငံတစ်ဝန်း မှာ မတည်ငြိမ်မှုတွေ ဖြစ်နေတာ၊ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်နေတာဟာ ပြည်ပြေး CRPH နဲ့ NUG အကြမ်းဖက်အဖွဲ့တွေရဲ့ သွေးထိုးလှုံ့ဆော် မြှောက်ပင့်ပေးမှုတွေကြောင့် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ပေါ်ပေါက်လာတဲ့ ပဋိပက္ခတွေ၊ ပြဿနာတွေကို ပိုမိုကြီးထွားလာအောင် မီးလောင် ရာလေပင့်ပေးတဲ့သူတွေကတော့ ပြည်ပအထောက် အပံ့တွေကို ယူထားတဲ့ ပြည်ပအခြေစိုက် ပြည်တွင်း သတင်းတွေ ထုတ်လွှင့်နေတဲ့မီဒီယာတွေ ဖြစ်ပါတယ်။ မီဒီယာ အဖွဲ့အစည်းတွေဟာ ပြဋ္ဌာန်းထားတဲ့ ကျင့် ဝတ်တွေ၊ ဥပဒေစည်းမျဉ်းတွေကို လေးစားလိုက်နာ စောင့်ထိန်းကြရပါတယ်။ ယခုအခါမှာ ပြည်ပ အထောက်အပံ့ယူထားတဲ့ မီဒီယာတွေမှာ ကျင့်ဝတ် တွေ၊ ဥပဒေစည်းမျဉ်းတွေဆိုတာ မရှိတော့ပါဘူး။ အထောက်အပံ့ပေးတဲ့ နိုင်ငံရဲ့ နိုင်ငံရေးမူဝါဒဟာ သူတို့ရဲ့လုပ်ထုံးလုပ်နည်း ဖြစ်လာပါတယ်။ ဒါဟာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ရှေးအစဉ်အဆက် ကတည်းက ၎င်းတို့မူဝါဒနဲ့ မကိုက်တဲ့ အစိုးရဆိုရင် အဲဒီအစိုးရ ပြုတ်ကျအောင် မီဒီယာလက်နက်နဲ့ တိုက်ခိုက်ကြပါတယ်။ မသူတော်တွေ သတင်းလွှင့် တာကို ပေါင်းဖက်လုပ်ကိုင်ကြတဲ့ ကြံဖော်ကြံဖက်တွေ ဖြစ်ပါတယ်။ နိုင်ငံရေးအရ ထိုးနှက်မှုတွေ၊ ဘက်လိုက် ရေးသားမှုတွေ၊ မမှန် မကန်ဖော်ပြမှုတွေကို တစိုက် မတ်မတ် ပြုလုပ်ပြီး တိုင်းရင်းသားပြည်သူအချင်းချင်း စိတ်ဝမ်းကွဲအောင်၊ အစိုးရအပေါ်မှာ မုန်းတီးမှုများ လာအောင်ပြုလုပ်နေကြတာကို တွေ့ရမှာဖြစ်ပါတယ်။
ယခုတလောမှာ တိုင်းရင်းသားလူမျိုးအချင်းချင်း၊ ဘာသာတရားအချင်းချင်း စိတ်ဝမ်းကွဲအောင် ပြုလုပ် လာကြတာကို တွေ့ရပါတယ်။ ချင်းပြည်နယ် ထန်တလန်မြို့မှာ စက်တင်ဘာ ၁၈ ရက်နေ့က တိုက်ပွဲ ဖြစ်ပြီး ခရစ်ယာန်အသင်းတော်က သင်းအုပ်ဆရာ ပါစတာကျုံးဗျက်ဟုမ်းနဲ့ပတ်သက်ပြီး တပ်မတော် ကပစ်တဲ့ကျည် ထိမှန်သေဆုံးသွားတယ်လို့ သတင်း တွေထုတ်လွှင့်ခဲ့ကြတာကို တွေ့ရပါတယ်။ ဒီသတင်း က လွန်ခဲ့တဲ့လက မကွေးတိုင်းဒေသကြီး ပေါက်မြို့ နယ် ကင်းမရွာမှာ လုံခြုံရေးတပ်ဖွဲ့က မီးရှို့တယ်ဆို ပြီး မဟုတ်မမှန်သတင်းတွေ ထုတ်လွှင့်ခဲ့တဲ့၊ မဟုတ် မမှန်သတင်းတွေ ထုတ်လွှင့်နေကျဖြစ်တဲ့ ပြည်ဖျက် ဝရမ်းပြေး ခေတ်သစ်မီဒီယာက ပထမဆုံး စတင် ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။
ကင်းမရွာဖြစ်စဉ်တုန်းကလည်း အဖြစ်မှန်ကို လိုလားတဲ့ပြည်သူတွေက ကင်းမရွာကို PDF တွေ မီးရှို့တာ၊ လုံခြုံရေးတပ်ဖွဲ့တွေ ရွာကသက်ကြီးရွယ်အို တွေကို ကယ်ဆယ်တာစတဲ့ အထောက်အထားတွေနဲ့ တုံ့ပြန်ခဲ့ကြပါတယ်။ ယခုလည်း ထန်တလန်မြို့မှာ ခရစ်ယာန်သင်းအုပ်ဆရာကို တပ်မတော်က ပစ်ခတ် တယ်ဆိုပြီး သတင်းထုတ်လွှင့်ပြီးတဲ့နောက် ပြည်ပ အခြေစိုက် မြန်မာမီဒီယာတွေက မဟုတ်မမှန်သတင်း ထုတ်လွှင့်ခဲ့ကြတာ ယနေ့ထက်တိုင်ဖြစ်ပါတယ်။
ကျည်ထိမှန်သေဆုံး
ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်နဲ့သက်ဆိုင်တဲ့ကိစ္စကို နိုင်ငံတကာ အထင်အမြင်လွဲမှားအောင်၊ လူမျိုးရေး စိတ်ဝမ်းကွဲပြားအောင်၊ ဘာသာရေးအရ ဖိနှိပ် ရက်စက်သလိုဖြစ်အောင် မဟုတ်မမှန်လုပ်ကြံ ပုံကြီး ချဲ့ ပုံဖျက်ပြီး သွေးထိုးလှုံ့ဆော်နေတာကို တွေ့ရပါ တယ်။ ဖြစ်စဉ်အမှန်ကို အများပြည်သူသိရှိအောင် နိုင်ငံတော်က တရားဝင်သတင်းထုတ်ပြန်ပေးခဲ့ပြီး မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ကြသူတွေကလည်း မှန်တဲ့အတိုင်း ထုတ်ဖော်ပြောကြားလာကြပါတယ်။
ဖြစ်စဉ်အမှန်က စက်တင်ဘာ ၁၈ ရက်နေ့ ညနေ ၄ နာရီနဲ့ ၄ နာရီခွဲအချိန်လောက်မှာ နယ်မြေလုံခြုံရေး ကို တာဝန်ယူနေတဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ထန်တလန်မြို့မှာ လှည့်ကင်းဆောင်ရွက်ခဲ့ပါတယ်။ လုံခြုံရေးဆောင်ရွက်ရင်း ထန်တလန်မြို့ အမှတ် (၁) ရပ်ကွက်ကို ရောက်ရှိတဲ့အချိန်မှာ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ အင်အား ၁၀၀ ခန့်က မြို့ထဲ၊ ရပ်ကွက်ထဲက နေအိမ်တွေထဲကနေပြီး စောင့်ကြိုတိုက်ခိုက်ကြတာတွေ ပြုလုပ်ခဲ့ပါတယ်။ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။ တိုက်ပွဲ တွေဖြစ်ပွားနေစဉ်မှာ နေအိမ်တွေ မီးလောင်တာတွေ တွေ့ရပါတယ်။ နေအိမ်အလုံး ၂၀ လောက်နဲ့ ဆောက် လုပ်ရေးဦးစီးဌာနပိုင် လမ်းဦးစီးရိပ်သာ သုံးထပ် အဆောက်အအုံ မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ပါတယ်။ မီးလောင်မှုဖြစ်တဲ့နေရာကို ထန်တလန်မြို့ အမှတ်(၂)ရပ်ကွက်မှာနေထိုင်တဲ့ ထန်တလန်ရာပြည့် နှစ်ခြင်း အသင်းတော်က သင်းအုပ်ဆရာ ပါစတာကျုံးဗျက် ဟုမ်းက သူ့အိမ်ကနေ ဆိုင်ကယ်နဲ့ထွက်ခွာလာပြီး အမှတ်(၂)ရပ်ကွက် ဗိုလ်ချုပ်လမ်း ထားထားဆေးဆိုင် အနီး ရောက်ရှိစဉ် ကျည်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ပါ တယ်။
မဟုတ်မမှန်သတင်းဖြန့်
စတင်တိုက်ပွဲဖြစ်တဲ့အချိန်က ညနေ ၄ နာရီက နေ ၄ နာရီ ၂၅ မိနစ်အထိ ဖြစ်ပါတယ်။ သင်းအုပ် ဆရာ ကျည်ထိမှန်သေဆုံးခဲ့တဲ့အချိန်က ညနေ ၆ နာရီဖြစ်ပါတယ်။ သေဆုံးခဲ့တဲ့ သင်းအုပ်ဆရာကို နောက်တစ်နေ့ ၁၂ နာရီမှာ အမှတ်(၂)ရပ်ကွက် ထန်တလန်သင်္ချိုင်းမှာ ခရစ်ယာန်ဘာသာရေးဆရာ များ ဦးစီးပြီး ဂူသွင်းသင်္ဂြိုဟ်ခဲ့ပါတယ်။ အဲဒီနောက် ပိုင်းမှာ မဟုတ်မမှန်သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်နဲ့ ချင်းနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်တို့က သတ်ဖြတ်ခံရတာတွေ၊ ဘာသာရေးအဆောက်အအုံကို ဖျက်ဆီးတာတွေကို စွပ်စွဲပြစ်တင် သတင်းထုတ်ပြန်တာ တွေ့ရပါတယ်။ ချင်းပြည်နယ် အချို့ဒေသတွေမှာ ဖြစ်ခဲ့တဲ့ကိစ္စတွေ သာမက မြန်မာနိုင်ငံအတွင်း မငြိမ်မသက်ဖြစ်အောင်၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်၊ တပ်မတော် အပေါ် အထင်အမြင်လွဲမှားအောင် CRPH နဲ့ NUG အကြမ်းဖက်အဖွဲ့တွေနဲ့ ပြည်တွင်းက အကြမ်းဖက် အဖျက်သမားတွေ လက်ချက်ကြောင့်အပြင် ပြည်တွင်းက ဝရမ်းပြေး ခေတ်သစ်မီဒီယာနဲ့ ပြည်ပ အခြေစိုက် မြန်မာမီဒီယာကြီးတွေရဲ့ သွေးထိုး မြှောက်ပင့် ပုံဖျက်ပေးမှုတွေကြောင့် မဟုတ်မမှန် သတင်းတွေ ပျံ့နှံ့လာပါတယ်။
ထန်တလန်မှာ ခရစ်ယာန်သင်းအုပ်ဆရာ သေဆုံးခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ ချင်းခရစ်ယာန် ဘာသာဝင်တစ်ယောက်က လူမှုကွန်ရက်ပေါ်မှာ အဖြစ်မှန်တွေကို ထုတ်ဖော်ပြောကြားထားတာ တွေ့ရပါတယ်။ "ထန်တလန် ပစ်ခတ်မှုမှာ စစ်တပ် ကနေ ပစ်သတ်လို့ သင်းအုပ်ဆရာတော် Postor Chung Biak Hmun သေဆုံးခဲ့ပြီး သူ့ရဲ့နာရီ၊ ဖုန်းနဲ့ မင်္ဂလာရွှေလက်စွပ်ကို လက်ချောင်းဖြတ်ပြီး လုယူ ခဲ့တယ်ဆိုပြီး Khit Thit Media တွေနဲ့ တခြား မီဒီယာတွေက ရေးနေကြလို့ အဖြစ်မှန်ကိုသိခဲ့ရတဲ့ ပြည်သူတစ်ယောက်အနေနဲ့ အဖြစ်မှန်နဲ့ လွဲနေတာ လေးကို ပြောချင်ပါတယ်။ တကယ်တော့ကျွန်တော် တို့ရဲ့ သင်းအုပ်ဆရာတော် Postor Chung Biak Hmun ဟာ စစ်တပ်ကပစ်သတ်လို့ သေတာမဟုတ် ပါဘူး။ အဲဒီနေ့က CDF အဖွဲ့တွေက အိမ်တွေကို မီးရှို့နေလို့ ဆရာက သူ့ဆိုင်ကယ်နဲ့ တစ်ယောက် တည်း သွားကြည့်တာပါ။ အဲဒါ ရပ်ကွက်(၂) ဗိုလ်ချုပ် လမ်းက ထားထားဆေးဆိုင်နားအရောက် မှာ CDF တွေက ဒလန်ဆိုပြီး ပစ်သတ်လို့ သေသွားခဲ့ရတာ ပါ။ ပြီးတော့ လက်ချောင်းတွေဖြတ်ပြီး နာရီ၊ လက်စွပ်တွေ ယူသွားခဲ့တာလည်း CDF တွေပါပဲ။
အမှန်တရားကိုထုတ်ဖော်
အဲဒီလို ဖြစ်ပျက်နေတဲ့အချိန် အဲဒီအနားမှာ စစ်သားတွေ တစ်ယောက်မှ ရှိမနေကြပါဘူး။ CDF တွေချည်းပဲ ရှိနေခဲ့တာပါ။ စစ်သားတွေက တော်တော်ဝေးတဲ့နေရာမှာပဲ ရှိနေခဲ့တာပါ။ ဒါတွေ ကို ကျွန်တော်တို့ ဒေသခံတွေအားလုံး သိပါတယ်။ ဒလန်လို့စွပ်စွဲပြီးအသတ်ခံရမှာ စိုးတာရယ်၊ မိသားစု ပါ ရန်ရှာခံရမှာ စိုးရိမ်တာကြောင့် ဘယ်သူကမှ အဖြစ်မှန်ကို မပြောရဲကြပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ခရစ်ယာန်ဘာသာဝင်တွေအနေနဲ့ ကျွန်တော်တို့ရဲ့ သင်းအုပ်ဆရာတော်ကို သတ်သွား တဲ့ တရားခံအမှန်ဟာဘယ်သူတွေလဲဆိုတာ သိသင့် မယ်ထင်လို့နဲ့ အဖြစ်မှန်ကို ဖုံးကွယ်လိမ်ညာ ပြောဆိုခြင်းဟာ ဘုရားသခင်ကလည်း မကြိုက် တာမို့လို့ ကျွန်တော့်အနေနဲ့ အခုလိုဖွင့်ပြောရခြင်း ပဲ ဖြစ်ပါတယ်”လို့ ထုတ်ဖော်ပြောကြားလာ တာကို ဓမ္မဓိဋ္ဌာန်ကျကျ သေချာဆန်းစစ်လေ့လာ ကြည့်ရင် မည်သူက အမှန်/ မည်သူကအမှားဆိုတာကို သိရှိ နိုင်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေကို ကမ်းကုန်အောင် လုပ်ပြနေကြတာတွေကို မည်သူ့ ဘက်မှမလိုက်ဘဲ အဖြစ်မှန်ကို သေသေချာချာ လေ့လာဆန်းစစ်ကြည့်ရင် သိမြင်နိုင်မှာဖြစ်ပါ တယ်။ ဒါပေမယ့် တစ်ဖက်ဖက်ကိုလိုက်ပြီးတော့ ဘက်လိုက်ပြောဆိုရင်တော့ အမှန်တရားနဲ့ဝေးနေ ဦးမှာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ အကြမ်း ဖက်သမားတွေ သတ်ဖြတ်လို့သေဆုံးရတဲ့ အပြစ်မဲ့ ပြည်သူတွေ မနည်းတော့ပါဘူး။ အကြမ်းဖက်သမား တွေ တိုက်ခိုက်၊ သတ်ဖြတ်၊ လုယက်၊ ဖျက်ဆီးမှုတွေ ကိုလည်းနေ့စဉ်လိုလို မြင်တွေ့ကြားသိနေရပါတယ်။ တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ ပြည်သူ တွေကို အန္တရာယ်ပေးနေတဲ့ အကြမ်းဖက်သမား တွေကို ရှင်းလင်းနှိမ်နင်းနေပြီး ကောင်းမွန်စွာနေ ထိုင်ကြတဲ့ ပြည်သူတွေကို ကာကွယ်စောင့်ရှောက် ပေးနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ စာရေးသူ အနေနဲ့ ဘက်လိုက်ပြောကြားနေခြင်းမဟုတ်ဘဲ လက်တွေ့အခြေအနေတွေကို အဖြစ်မှန်အတိုင်း တင်ပြရခြင်းဖြစ်ပါတယ်။ သတိတရားနဲ့ အမှန် တရားကို ဝိုင်းဝန်းဖော်ထုတ်ကြမယ်ဆိုရင် အမှန် တရားကိုပုံဖျက်ပြီး ကမ်းကုန်အောင်ရက်စက်ကြ တဲ့ အဖျက်သမားနဲ့ အပေါင်းပါတွေ အမြန်ချုပ်ငြိမ်း ပြီး ကျွန်တော်တို့ရဲ့ လူမှုဘဝနဲ့ရပ်ရွာတွေ အေးချမ်း သာယာလာမှာဖြစ်ပါတယ်။ ။
- Log in to post comments