
နေပြည်တော် နိုဝင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့နယ်၌ ငွေကျပ်သိန်း ၅၆၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
သိမ်းဆည်းရမိ
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် နိုဝင်ဘာ ၁၆ ရက် ညနေ ၄ နာရီတွင် မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ် စွယ်တော်ကားဝင်းရှေ့တွင် ဘိုဘို ဌေး(၃၆)နှစ် မောင်းနှင်သည့် ၁၂ ဘီးယာဉ်ကို သတင်းအရရှာဖွေ ရာ ယာဉ်အတွင်းမှ ဆပ်ပြာခွက် ၂၂၅၇ ခွက်ဖြင့် ထည့်ထားသော ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၅၆၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၂ ဒသမ ၅၇ ကီလို သိမ်းဆည်းရမိ ခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါဘိန်းဖြူများအား ရှမ်း ပြည်နယ်(မြောက်ပိုင်း)မှ မန္တလေး တိုင်းဒေသကြီးသို့ သယ်ဆောင် ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူထား ရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူ များအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်
n