အင်းစိန်မြို့နယ်အတွင်း ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းနှင့် ဆက်စပ်သူများ ဖော်ထုတ်ဖမ်းဆီးရမိ

 

နေပြည်တော်    ဇူလိုင်   ၁၆ 


ဆူပူအကြမ်းဖက်မှုကိုလိုလားသူ        အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို   ပျက်ပြားထိခိုက်စေရန်  ရည်ရွယ်၍ အများပြည်သူလူထုသွားလာလှုပ်ရှားလျက်ရှိသည့်        နေရာများအား        မိုင်းထောင်တိုက်ခိုက်ခြင်း၊  အစိုးရ၏အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်  ရည်ရွယ်၍   အပြစ်မဲ့ပြည်သူများအား   ဒလန်ဟု    စွပ်စွဲသတ်ဖြတ် ခြင်း၊ ကလေးသူငယ်များ၏ ပညာရေးကိုထိခိုက်စေရန် စာသင်ကျောင်း များအား   မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်တိုက်ခိုက်ခြင်းများကို လူသား ချင်း စာနာထောက်ထားမှုမရှိဘဲ  လုပ်ဆောင်လျက်ရှိသည်။


ထိုသို့အကြမ်းဖက်တိုက်ခိုက် မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ က လိုအပ်သည့် စုံစမ်းဖော်ထုတ် မှုများ    ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ် ဇူလိုင် ၂ ရက် မွန်းလွဲ ပိုင်းတွင် အင်းစိန်မြို့နယ်အတွင်း ဖောက်ခွဲဖျက်ဆီးရေး  လုပ်ငန်းများ ပြုလုပ်နေသော  တရားခံ  ရဲဝင်း ထွဋ်(၄၅နှစ်)  အငှားယာဉ်မောင်း အား အင်းစိန်မြို့နယ် သီရိမင်္ဂလာ လမ်းရှိ City Golf Resort ဟိုတယ် ၌ ဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့ ညနေ ပိုင်းတွင်       ဆက်စပ်တရားခံ အောင်နိုင်သူ(ခ)Rain(၂၉နှစ်)နှင့် ထွန်းဇော်ချစ် (၂၄နှစ်)တို့ နှစ်ဦး အား TNT ယမ်းဘူးရှစ်ဘူး၊  ဒီတို နေတာ   ရှစ်ချောင်းတို့နှင့်အတူ အင်းစိန်မြို့နယ်  တောင်သူကုန်း ရပ်ကွက်ရှိ     ဗဟိုအသင်းတော် နှစ်ခြင်းခရစ်ယာန်       ဘုရားရှိခိုး ကျောင်း၌ ဖမ်းဆီးရမိခဲ့သည်။


တရားခံ   အောင်နိုင်သူ (ခ)Rain ၏ ထွက်ဆိုချက်အရ ဇူလိုင် ၃ ရက် ညနေပိုင်းတွင် ဆက်စပ် တရားခံများဖြစ်သော  ခန့်ထက် နိုင်(ခ)အပုလေး    (၂၀နှစ်)နှင့် ဟိန်းဇော်အောင်(၂၈နှစ်)တို့ နှစ်ဦး အား           မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက် မင်းဓမ္မလမ်းရှိ  သီရိ ဧည့်ရိပ်သာတွင်     ဖမ်းဆီးရမိခဲ့ ပြီး    ခန့်ထက်နိုင်(ခ)အပုလေး၏ ထွက်ဆိုချက်အရ   မရမ်းကုန်း မြို့နယ် (၁)ရပ်ကွက်    (၃)လွှာ အမှတ် (၅၉/B)    လူမနေသော တိုက်ခန်းအား    လုံခြုံရေးအဖွဲ့မှ ဝင်ရောက်ရှာဖွေခဲ့ရာ    လက်လုပ် မိုင်းနှစ်လုံး၊       လုပ်သေနတ် (ကျည်ကတ်အပါ) တစ်လက်၊ ဒီတို နေတာ ၁၁ ချောင်း၊ ယမ်းကြိုးခွေ ကိုက်  ၇၀ နှင့်         လက်လုပ်မိုင်း ပြုလုပ်ရာတွင်   အသုံးပြုသည့် ဆက်စပ်ပစ္စည်းမျိုးစုံတို့အား သိမ်း ဆည်းရမိခဲ့သည်။


တရားခံ     ဟိန်းဇော်အောင်၏ ထွက်ဆိုချက်အရ     ညပိုင်းတွင် လုံခြုံရေးအဖွဲ့များသည်    မရမ်း ကုန်းမြို့နယ် (၁) ရပ်ကွက် တိုက် အမှတ် (၆၅၆)     (၅)လွှာအား ဝင်ရောက်ရှာဖွေခဲ့ရာ    ဆက်စပ် တရားခံ    ငြိမ်းချမ်းအောင်(ခ)ငြိမ်းချမ်း(၂၃နှစ်)အား ၉ မမ ပစ္စတို တစ်လက်၊ ကျည်အိမ်တစ်ခု၊ ၎င်း ကျည်   ၁၂  တောင့်၊    လက်လုပ် သေနတ်သုံးလက်၊  ပွိုင့်-၂၂ ကျည် ၄၉ တောင့်၊ ၉၁ လက်ပစ်ဗုံးနှစ်လုံး၊ လက်လုပ်မိုင်းနှစ်လုံး၊  လက်လုပ် မိုင်းပြုလုပ်ရန် ပြင်ဆင်ထားသော ပိုက် ၁၄  ခုတို့နှင့်အတူ   ဖမ်းဆီး ရမိခဲ့သည်။


တရားခံ  ငြိမ်းချမ်းအောင်၏ ထွက်ဆိုချက်အရ ဇူလိုင်  ၄ ရက် နံနက်ပိုင်းတွင်   အင်းစိန်မြို့နယ် ပေါက်တောဝရပ်ကွက် KBZ ဘဏ် အနီး၌ ဆက်စပ်တရားခံ ငြိမ်းချမ်း ကို (၃၀နှစ်) အား     Beretta    92 ပစ္စတို   (အသံတိတ်ပြောင်းအပါ) တစ်လက်၊    Stoeger  Cougar 8000 ပစ္စတိုတစ်လက်၊ ကျည်အိမ် နှစ်ခု၊ ကျည် ၁၈ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


တရားခံ     ငြိမ်းချမ်းကို၏ ထွက်ဆိုချက်အရ မွန်းလွဲပိုင်းတွင် လုံခြုံရေးအဖွဲ့များသည် အင်းစိန် မြို့နယ်    အောင်ဇေယျအိမ်ရာ ကမ်းနားအလယ်ရပ်ကွက်  တိုက် အမှတ်(၆)    အခန်း(၄၀၂)အား ဝင်ရောက်ရှာဖွေခဲ့ရာ   ဆက်စပ် တရားခံ မင်းညီ(ခ)သက်နိုင်လင်း (၂၉နှစ်)၊    ကောင်းမြတ်ပိုင်(ခ)ကောင်းမြတ် (၂၁နှစ်)၊   ဇင်မင်း ထက်(ခ)အရှည်ကြီး   (၁၇နှစ်)၊ သက်ဝင်းထွန်း (ခ)ဇွဲ (၁၇နှစ်)နှင့် နန်းသူသူအောင်(ခ)မသူ(၂၉နှစ်)တို့ငါးဦးအား Czech နိုင်ငံထုတ် ၉ မမ ပစ္စတို တစ်လက်၊ ကျည်အိမ် တစ်ခု၊ ၉ မမ Luger  ကျည် ၁၂ တောင့်၊    လက်လုပ်မိုင်းတစ်လုံး၊ ယမ်းထုပ်လေးထုပ်၊ ကန့် ၂၃ ထုပ်၊ ယမ်း/မီးသွေးရောစပ်ထားသော ကော်ဘူးနှစ်ဘူး၊  လက်လုပ်မိုင်း ပြုလုပ်ရန် အသုံးပြုသော ပိုက်လုံး ၁၈  ချောင်းနှင့်    လက်လုပ်မိုင်း ပြုလုပ်ရာတွင်    အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့်      အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။


တရားခံ ခန့်ထက်နိုင်(ခ)အပု လေး၏ ထွက်ဆိုချက်အရ ညနေ ပိုင်းတွင် ဆက်စပ်တရားခံ ဇေယျာ (၃၄နှစ်)အား မရမ်းကုန်းမြို့နယ် (၂)ရပ်ကွက်  အလယ်ဗဟိုလမ်းရှိ “ရွှေကောင်းကြွယ်”   လက်ဖက် ရည်ဆိုင်၌ ဖမ်းဆီးရမိခဲ့သည်။


တရားခံ    ကောင်းမြတ်ပိုင်၏ ထွက်ဆိုချက်အရ ဇူလိုင်   ၅ ရက် ညနေပိုင်းတွင် KNLA တပ်မဟာ (၅)နယ်မြေအတွင်း ဖောက်ခွဲရေး သင်တန်း          တက်ရောက်ရန် ချိတ်ဆက်စေလွှတ်ပေးသူ တရားခံ ရဲရင့်အောင်(၄ဝနှစ်)အား မြောက် ဥက္ကလာပမြို့နယ်    (ခ)ရပ်ကွက် မြရတနာ(၇)လမ်း အမှတ်(၁၄၉)တွင် ဖမ်းဆီးရမိခဲ့သည်။


တရားခံ ခန့်ထက်နိုင်(ခ)အပု လေး၏ ထွက်ဆိုချက်အရ ဇူလိုင် ၅ ရက်    ညပိုင်းတွင်   ဆက်စပ် တရားခံ    ဇေယျ(ခ)ဇေယျာမင်း ထက် (၂၁နှစ်)အား   မရမ်းကုန်း မြို့နယ် သမိုင်းမြို့သစ်(၁)ရပ်ကွက် (၁၁)လမ်း၌ လည်းကောင်း၊ ဇူလိုင်  ၆ ရက် နံနက်ပိုင်းတွင် ဆက်စပ် တရားခံ စိုးမင်းသန်း(ခ)စောဖိုးခွား (၂၇နှစ်)အား မရမ်းကုန်းမြို့နယ် (၁)ရပ်ကွက်  သမိုင်းမြို့ဟောင်း (၈)လမ်း၌ လည်းကောင်း၊ ဇူလိုင်  ၁၀ ရက် ညနေပိုင်းတွင် ဆက်စပ် တရားခံ  တင်လင်း(၂၈နှစ်)အား မရမ်းကုန်းမြို့နယ်   အမှတ်(၂) ရပ်ကွက် ရန်ကုန်-အင်းစိန်လမ်းမ ကြီးနှင့်        သမိုင်းဘူတာရုံလမ်း ထောင့်ရှိ  City  Mart  ၌ လည်း ကောင်း    အသီးသီးဖမ်းဆီးရမိခဲ့ သည်။
တရားခံတင်လင်း၏ ထွက်ဆို ချက်အရ ညနေပိုင်းတွင် ဆက်စပ် တရားခံ      ဝင်းပပအောင်(ခ)ပပ (၄၂နှစ်)အား     အင်းစိန်မြို့နယ် အင်းစိန်ဘူတာရုံလမ်း အနောက် ကြို့ကုန်းရပ်ကွက် Denko ဆီဆိုင် အနီး၌ ဖမ်းဆီးရမိခဲ့သည်။


တရားခံ ဝင်းပပအောင်(ခ)ပပ ၏ ထွက်ဆိုချက်အရ ညပိုင်းတွင် လုံခြုံရေးအဖွဲ့သည် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် (၁၅)ရပ်ကွက် နွယ်နီ(၃)လမ်း      နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ရာ   ဆက်စပ် တရားခံ အောင်ဇော်မိုး (၄၆နှစ်)နှင့်   မအေးအေးမင်း (၄၇နှစ်)တို့ နှစ်ဦးအား    ထပ်မံဖမ်းဆီးရမိခဲ့ သည်။
တရားခံ ဟိန်းဇော်အောင် ၏ ထွက်ဆိုချက်အရ ဇူလိုင် ၁၁ ရက် ညပိုင်းတွင်    မရမ်းကုန်းမြို့နယ် သမိုင်း(၁)ရပ်ကွက်    (၇)လမ်း အမှတ်(၅၀၆)နေအိမ်၌ ဆက်စပ် တရားခံ      သန့်ဇင်(၃၀နှစ်)နှင့် ကျော်ဝေယံထွန်း(ခ)ကျော်ကြီး (၂၇နှစ်)တို့နှစ်ဦးအား  လက်ကိုင် ဖုန်းနှစ်လုံးနှင့်အတူ  ဖမ်းဆီးရမိ ခဲ့သည်။ 


တရားခံများဖြစ်သော   အပု လေး၊ ဟိန်းဇော်အောင်၊ ငြိမ်းချမ်း အောင်၊ ငြိမ်းချမ်းကို(ခ)ကောက် ကွေး၊ ဇေယျာတို့ငါးဦး၏ ထွက်ဆို ချက်အရ ၎င်းတို့သည် အောင်ဆက် (စိစစ်ဆဲ)၊     အင်းစိန်(စိစစ်ဆဲ)၊ ကုလား(စိစစ်ဆဲ)၊ ကိုစော (စိစစ် ဆဲ) တို့နှင့်အတူ   နေရာများခွဲ၍ လက်လုပ်မိုင်းများအား အင်းစိန် (ကညနရုံး)တွင်     တစ်ကြိမ်၊ အင်းစိန်   (BPI  ဆေးဝါးစက်ရုံ လမ်းဆုံ)တွင်   တစ်ကြိမ်၊    မရမ်း ကုန်း(လဝကရုံး) တွင်   နှစ်ကြိမ်၊ မရမ်းကုန်း (တိရစ္ဆာန်ကုဆေးခန်း ရှေ့)တွင် တစ်ကြိမ်၊    မရမ်းကုန်း (၁-ရပ်ကွက်၊ ရပ်ကွက်စီမံအုပ်ချုပ် ရေးအဖွဲ့၏ယာဉ်)တွင်  တစ်ကြိမ်၊ မရမ်းကုန်း (ယာဉ်ထိန်းရုံး)  တွင် တစ်ကြိမ်    စုစုပေါင်း ခုနစ်ကြိမ်    ဖောက်ခွဲခဲ့ကြောင်း သိရသည်။


တရားခံများဖြစ်သော   ငြိမ်း ချမ်းအောင်၊          ငြိမ်းချမ်းကို၊ ဟိန်းဇော်အောင်၊    မင်းကိုကိုတို့ ထွက်ဆိုချက်အရ ဇွန် ၃ ရက်တွင် Eddie ၏ စေခိုင်းမှုဖြင့်  လူတစ်ဦး အား      ပါရမီတံတားအောက်၌ လုပ်ကြံသတ်ဖြတ်ရန် စီစဉ်ဆောင် ရွက်ခဲ့ရာ  ထိုသူမှာ    ဟိန်းဇော် အောင်၏ ယခင်သိကျွမ်းရင်းနှီးခဲ့ သော ပရိဘောဂကုမ္ပဏီမှ မန်နေ ဂျာ တစ်ဦးဖြစ်သဖြင့်  လုပ်ကြံမှု မပြုခဲ့ကြောင်း၊            မရမ်းကုန်း မြို့နယ် (၁) ရပ်ကွက်နေ      တက္ကစီ ယာဉ်မောင်းတစ်ဦးအား ဒလန်ဟု စွပ်စွဲ၍     လုပ်ကြံရန်စီစဉ်ခဲ့သော် လည်း      ကျည်မထွက်သဖြင့် လုပ်ကြံမှု မအောင်မြင်ခဲ့ကြောင်း သိရသည်။


တရားခံများဖြစ်သော မင်းညီ နှင့်   ငြိမ်းချမ်းကိုတို့၏  ထွက်ဆို ချက်အရ   အင်းစိန်မြို့နယ်     ပိန္နဲ ကုန်းရပ်ကွက်          ရာအိမ်မှူး ဦးမောင်မောင်မြင့် (၅၃နှစ်)အား လုပ်ကြံသတ်ဖြတ်သည့် မှန်လေး (အင်းစိန်)အဖွဲ့ထံ  ငြိမ်းချမ်းကိုမှ ၎င်း၏ အသံတိတ်ပြောင်းပါ ပစ္စတို အား ငှားရမ်းပေးခဲ့ကြောင်း သိရ သည်။
အထက်ပါဖြစ်စဉ်၌ တရားခံ ကျား ၂၀၊ မနှစ်ဦး၊   ပေါင်း ၂၂ ဦး တို့အား ဖမ်းဆီးရမိခဲ့ပြီး  ၎င်းတို့ နှင့်အတူ         ပစ္စတိုလေးလက်၊ လုပ်သေနတ်လေးလက်၊ ကျည်မျိုး စုံ ၉၁ တောင့်၊ လက်ပစ်ဗုံးနှစ်လုံး၊ လက်လုပ်မိုင်းမျိုးစုံ ငါးလုံး၊ ဒီတို နေတာ ၁၉ ချောင်း၊ အကြမ်းဖက် ရာတွင်အသုံးပြုသည့်   ဖောက်ခွဲ ဖျက်ဆီးရေး           ဆက်စပ်ပစ္စည်း မျိုးစုံတို့အား    သိမ်းဆည်းရမိခဲ့ သည်။ 


၎င်းတို့အဖွဲ့သည်      အင်းစိန် မြို့နယ်အတွင်း ဖောက်ခွဲဖျက်ဆီး ရေးနှင့်       အပြစ်မဲ့ပြည်သူများ အား   ဒလန်ဟုစွပ်စွဲ၍   လုပ်ကြံ သတ်ဖြတ်ခြင်းများနှင့် အစိုးရဌာန ဆိုင်ရာရုံးများအား     ဖောက်ခွဲ ဖျက်ဆီးရန်   ဆောင်ရွက်ခဲ့သည့် အဖွဲ့ဖြစ်ကြောင်း        သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ ထိရောက် စွာ အရေးယူနိုင်ရေး    ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့်     ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့        ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်း များရရှိပါက     သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြား နိုင်ပါကြောင်းနှင့်            မြို့ရွာများ အမြန်ဆုံး   အေးချမ်းတည်ငြိမ် ရေးအတွက်   ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက် နိုင်ပါရန်     မေတ္တာရပ်ခံအပ်ပါ ကြောင်း အသိပေးသတင်းထုတ်ပြန် ထားသည်။            

    သတင်းစဉ်