အင်ဒီးယန်းဝဲလ် ဆီမီးဖိုင်နယ်သို့ ကမ္ဘာ့နံပါတ်တစ် ဆွီယာတက်ခ် တက်လှမ်းနိုင်ခဲ့

 

ကမ္ဘာ့နံပါတ်တစ် တင်းနစ်မယ် အီဂါဆွီယာတက်ခ်သည် အင်ဒီးယန်းဝဲလ်ပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ရိုမေနီးယားတင်းနစ်မယ် ဆိုရာနာ ခရစ္စတီယာကို အနိုင် ယူပြီး ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။ 

 


၎င်းသည် အဆိုပါ ပွဲစဉ်တွင် ပြိုင်ဘက်ကို ၆-၂၊ ၆-၃ ဖြင့် အနိုင်ရရှိကာ ဆီမီး ဖိုင်နယ်သို့ တက်လှမ်းလာခြင်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ပြင်သစ်နှင့် ယူအက်စ် အိုးပင်းဖလား ဆွတ်ခူးနိုင်ခဲ့သော အင်ဒီးယန်းဝဲလ်လက်ရှိချန်ပီယံ ဆွီယာတက်ခ် သည် ဆီမီးဖိုင်နယ်တွင် ဝင်ဘယ်ဒန်ချန်ပီယံ ရွိုင်ဘာကီနာနှင့် ယှဉ်ပြိုင်ကစားရ မည်ဖြစ်သည်။ 

 


နာမည်ကြီး ကာဇက်စတန်တင်းနစ်မယ် ရွိုင်ဘာကီနာက ကွာတားဖိုင်နယ်တွင် ချက်တင်းနစ်မယ် ကာလီနာ မူချိုဗာကို ၇-၆ (၇-၄)၊ ၂-၆၊ ၆-၄ ဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။ 

 


ဆွီယာတက်ခ်၊ ရွိုင်ဘာကီနာတို့အပြင် အင်ဒီးယန်းဝဲလ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ ဆက္ကရီနှင့် စဘယ်လင်ကာတို့လည်း တက်ရောက်နိုင်ခဲ့သည်။ 

မိုးဇက် - စုစည်းသည်