
အင်ဒီးယန်းဝဲလ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ကာ ဇက်စတန်တင်းနစ်မယ် ရွိုင်ဘာကီနာသည် ကမ္ဘာ့နံပါတ်တစ် တင်းနစ် မယ် အီဂါဆွီယာတက်ခ်ကို အံ့အားသင့်ဖွယ်အနိုင်ယူပြီး ဗိုလ်လုပွဲသို့ ထိုက်ထိုက်တန်တန် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
အဆိုပါ ပွဲစဉ်တွင် ရွိုင်ဘာကီနာသည် ပြိုင်ဘက်ကို ၆-၂၊ ၆-၂ ဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ အသက် ၂၁ နှစ်အရွယ် ကမ္ဘာ့အဆင့် နံပါတ်တစ်တွင် ရပ်တည်နေသော ဆွီယာ တက်ခ်သည် အင်ဒီးယန်းဝဲလ်ပြိုင်ပွဲတွင် ဖလားဆွတ်ခူးရန် ထင်ကြေး ပေးခံနေရသူဖြစ်ကာ ၁၀ ပွဲဆက် နိုင်ပွဲနှင့်အတူ ဆီမီးဖိုင်နယ်သို့ တက် လှမ်းလာသူဖြစ်သည်။
ရွိုင်ဘာကီနာသည် အင်ဒီးယန်းဝဲလ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဘယ် လာရုစ်တင်းနစ်မယ် စဘယ်လင်ကာနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ် သည်။ စဘယ်လင်ကာသည် ဆီမီးဖိုင်နယ်တွင် ဂရိတင်းနစ်မယ် စက္ကရီကို ၆-၂၊ ၆-၃ ဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်လှမ်းလာသူ ဖြစ်သည်။ ရွိုင်ဘာကီနာနှင့် စဘယ်လင်ကာတို့၏ အင်ဒီးယန်းဝဲလ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲကို မတ် ၁၉ ရက်တွင် အကြိတ် အနယ် ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။
လင်းလက်ကြယ် - စုစည်းသည်