အင်ဒီးယန်းဝဲလ်ပြိုင်ပွဲ၌ ကိုဗီနစ်ကို ရာဒူကာနူ အနိုင်ရ

 

အင်ဒီးယန်းဝဲလ်တင်းနစ်ပြိုင်ပွဲ ၁၂၈ ဦးအဆင့်တွင် ဗြိတိန်နာမည်ကြီး ရာဒူကာနူ မွန်တီနီဂရိုးတင်းနစ်မယ် ကိုဗီနစ်ကို အနိုင်ရရှိကာ နောက်တစ်ဆင့်သို့ တက် လှမ်းနိုင်ခဲ့သည်။ 


အဆိုပါ ပွဲစဉ်တွင် ရာဒူကာနူသည် ပြိုင်ဘက်ကို ၆-၂၊ ၆-၃ ဖြင့် အနိုင်ရရှိ ခဲ့ ခြင်းဖြစ်သည်။ ၎င်း၏ နိုင်ပွဲသည် ဇန်နဝါရီလက ဩစတြေးလျအိုးပင်းပြိုင်ပွဲတွင် ကိုကိုဂါ့ဖ်ကို ရှုံးနိမ့်ပြီးနောက် ပထမဆုံးအကြိမ် နိုင်ပွဲရရှိခြင်း ဖြစ်သည်။ အဆင့် သတ်မှတ်ချက် ၇၇ တွင် ရှိသော အသက် ၂၀ အရွယ် ၂၀၂၁ ယူအက်စ်အိုးပင်း ချန်ပီယံ ရာဒူကာနူသည် နောက်ပွဲစဉ်တွင် ပိုလန်တင်းနစ်မယ် မက်ဂ်ဒါ လင်နက် တီနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ 


အဆိုပါ ပြိုင်ပွဲနောက်တစ်ဆင့်သို့ ရာဒူကာနူနှင့်အတူ နာမည်ကြီးတင်းနစ် မယ်များဖြစ်သည့် ဂျာမနီတင်းနစ်မယ် မာရီယာ၊ ချက်ဇ်တင်းနစ်မယ် ဆီနီယာ ကိုဗစ်၊ အမေရိကန်တင်းနစ်မယ် ပီရာတို့ တက်လှမ်းနိုင်ခဲ့သည်။ 


မိုးဇက် - စုစည်းသည်