အင်ဒိုနီးရှားမြို့တော်သစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများရရှိရန် ရာထူးမှ အနားယူတော့မည့် အင်ဒိုနီးရှားသမ္မတ လုပ်ဆောင်

ဂျကာတာ ဇူလိုင်   ၁၈
ရာထူးမှ    အနားယူတော့မည့်  အင်ဒိုနီးရှားသမ္မတ       ဂျိုကိုဝီဒိုဒို သည် ၎င်း၏  ရာထူးသက်တမ်း မကုန်မီ   နိုင်ငံ၏ကြိုတင်စီစဉ် ထားသည့် မြို့တော်သစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ   ရရှိ ရန် လုပ်ဆောင်လျက်ရှိသည်။
ဂျိုကိုသည် ဇူလိုင် ၁၇ ရက်က အဘူဒါဘီ၌ အာရပ်စော်ဘွားများ ပြည်ထောင်စုသမ္မတ  မိုဟာမက် ဘင်ဇာယာဒ်နှင့်        တွေ့ဆုံခဲ့ သည်။
ဂျိုကိုနှင့် မိုဟာမက်  ဘင်ဇာ ယာဒ်တို့သည် အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်သစ်     နူဆန်တရာ၌ ဘဏ္ဍာရေးစင်တာတစ်ခု ဖွင့်လှစ် ရန် သဘောတူခဲ့သည်။
အဆိုပါ   မြို့တော်သစ်သည် ဂျကာတာအရှေ့မြောက်   ၁၅၀၀ ကီလိုမီတာကျော်တွင်    တည်ရှိ သည်။    မြို့သစ်စီမံကိန်းသည် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ကျော်ကုန်ကျနိုင်ကြောင်း ခန့်မှန်း ထားသည်။
အစိုးရသည်    ရင်းနှီးမြှုပ်နှံ သူများကို ဆွဲဆောင်ရန် မြေယာ ငှားရမ်းခွင့်ကို နှစ်ပေါင်း ၁၉၀ ခန့် ခွင့်ပြုခြင်းအပါအဝင် နည်းလမ်း အဖုံဖုံဖြင့်    ကြိုးစားဆောင်ရွက် လျက်ရှိသည်။
ဂျိုကို၏သမ္မတ   သက်တမ်း သည်    အောက်တိုဘာလတွင် ပြီးဆုံးမည်ဖြစ်သည်။ သမ္မတရုံးကို ဇူလိုင်လမကုန်မီ နူဆန်တရာသို့ ပြောင်းရွှေ့ရန်စီစဉ်ခဲ့သည်။ သို့သော် လည်း    အခြေခံအဆောက်အအုံ ယန္တရားများ  လည်ပတ်မှုမရှိသေး သောကြောင့်   ထင်သလောက်    ခရီးမပေါက်ဘဲ နှောင့်နှေးကြန့်ကြာ လျက်ရှိသည်။
အင်န်အိတ်ချ်ကေ