
ဂျကာတာ ဇူလိုင် ၂၈
အင်ဒိုနီးရှားနိုင်ငံ၌ လွန်ခဲ့သော တစ်ရက်တာအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၇၇၉၁ ဦး တွေ့ရှိခဲ့ရာ ရောဂါကူးစက်ခံရသူ ပေါင်း ၃၂၈၇၇၂၇ ဦးရှိလာကြောင်း နှင့် အဆိုပါရောဂါကြောင့် ၁၈၂၄ ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၈၈၆၅၉ ဦး ရှိလာကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ယနေ့ပြောကြား သည်။
အလားတူ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ၄၃၈၅၆ ဦးမှာ ဆေးရုံမှဆင်းသွားခဲ့သဖြင့် ပြန်လည်ကျန်းမာလာသူပေါင်း ၂၆၄၀၆၇၆ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြော ကြားသည်။
လက်ရှိအချိန်တွင် နိုင်ငံအတွင်း ရှိ လူဦးရေထူထပ်သည့် ဂျာဗား ကျွန်းနှင့် ကမ္ဘာလှည့်ခရီးသည် များ အပန်းဖြေရာ ဘာလီကျွန်း အပါအဝင် ဒေသအများအပြား၌ အသွားအလာကန့်သတ်မှုများကို အစိုးရက ချမှတ်ထားသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် စလုံးထိုးနှံပြီးစီးသူ ၁၉ ဒသမ ၁၀ သန်းရှိပြီး ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးစီးသူ ၄၅ ဒသမ ၇၃ သန်းရှိကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက ပြောကြား သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ