
ဥရောပချန်ပီယံရှစ်ခြေစစ်ပြိုင်ပွဲ အုပ်စု (စီ) ပွဲစဉ် (၁) မှ နာမည်ကြီး အီတလီနှင့် အင်္ဂလန်အသင်းတို့ ပွဲစဉ်တွင် အင်္ဂလန်အသင်းက နှစ်ဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါ ပွဲစဉ်ကို မတ် ၂၄ ရက် နံနက် ၂ နာရီ ၁၅ မိနစ်က အီတလီအိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ် သည်။
အိမ်ရှင် အီတလီအသင်းသည် ဧည့်သည်အင်္ဂလန်အသင်းကို ဖိအားပေးထိန်းချုပ် ကစားနိုင်ခဲ့သော်လည်း နိုင်ပွဲဖော်ဆောင်နိုင်သည် အထိ လုံလောက်မှုမရှိခဲ့ပေ။ ပွဲချိန် ၁၃ မိနစ်တွင် ဒက္ကလန်ရိုက်စ် ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် အင်္ဂလန်အသင်း ဦးဆောင်ဂိုး ရရှိခဲ့သည်။ ထို့နောက် ပွဲချိန် ၄၄ မိနစ်တွင် အင်္ဂလန်အသင်း ပယ်နယ်တီကန်သွင်းခွင့် ရရှိခဲ့ပြီး အသင်းခေါင်းဆောင် ဟယ်ရီကိန်းက အမှားအယွင်းမရှိ သွင်းယူပေးနိုင်ခဲ့သည်။ ကိန်း၏ အဆိုပါသွင်းဂိုးသည် အင်္ဂလန်အသင်း၏ ဂိုးသွင်း အများဆုံးစံချိန်တင်ထားသော ဝိန်းရွန်းနေ၏ ၅၃ ဂိုးစံချိန်ကို ကျော်ဖြတ်ကာ ၅၄ ဂိုးဖြင့် စံချိန်မှတ်တမ်းသစ်တင်နိုင်ခဲ့သည်။ အင်္ဂလန်အသင်းအတွက် ဂိုး ၄၀ နှင့်အထက် သွင်းယူထားနိုင်သူ ခြောက်ဦးရှိပြီး အခြားလေးဦးမှာ ဆာဘော်ဘီချာလ်တန်က ၄၉ ဂိုး၊ ဂယ်ရီလိုင်ကာက ၄၈ ဂိုး၊ ဂျင်မီဂရေ့က ၄၄ ဂိုးနှင့် မိုက်ကယ်အိုဝင်က ဂိုး ၄၀ သွင်းယူပေးထားနိုင်သည်။
အောင်ဇော်