- ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့မှ မေလ ၁ ရက်နေ့ထိ CDM လှုပ်ရှားမှုများ၊ ဆူပူဆန္ဒပြမှုများနှင့် Facebook လူမှုကွန်ရက်မှတစ်ဆင့် လှုံ့ဆော်ရေးသားမှုများကြောင့် သဘင်၊ ဂီတ၊ ရုပ်ရှင်လောက မှ အနုပညာရှင်များအား ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် တရားစွဲဆိုကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။
- အဆိုပါ အနုပညာရှင်များအနက် အောက်ဖော်ပြပါ အနုပညာရှင် ၂၄ ဦးတို့သည် ပြင်ပ ပယောဂတစ်စုံတစ်ရာကြောင့် အဆိုပါ လှုပ်ရှားမှုများအား လုပ်ဆောင်ခဲ့ရသည်ဟု ယူဆရသဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်တရားစွဲဆိုထားခြင်းမှ ရုပ်သိမ်းပေးလိုက်ကြောင်း ကြေညာအပ်ပါသည်။
(၁) ဝါဆိုမိုးဦး
(၂) ကျော်ကျော်နန္ဒ
(၃) ဟန်နေတာ
(၄) သက်မွန်မြင့်
(၅) G Fatt (ခ) မြတ်သူ
(၆) Kelvin Kate(ခ)
အောင်သူလွင်
(၇) မယ်ရီ
(၈) နော်ဖောအယ်ထား
(၉) ခါရာ
(၁၀) စူးရှနိုင်
(၁၁) ချစ်သုဝေ
(၁၂) J Fire (ခ) အောင်ကိုငြိမ်း
(၁၃) သီဟထွန်း
(၁၄) အေးဝတ်ရည်သောင်း
(၁၅) အေးမြတ်သူ
(၁၆) ညီနန္ဒ
(၁၇) မထက် (ခ) ဥက္ကာထက်
(၁၈) မေဦးမောင်
(၁၉) ခြူးပန်းနွယ်
(၂၀) သားငယ်
(၂၁) အောင်ထက်
(၂၂) နန်းသူဇာ
(၂၃) သွင်ပပအောင်
(၂၄) သဇင်နွယ်ဝင်း
- အထက်ပါ အမှုမှရုပ်သိမ်း ပေးခဲ့သည့် အနုပညာရှင် များအနေဖြင့် အလားတူ ကျူးလွန် ချိုးဖောက်မှု များအား ထပ်မံ၍ လုပ်ဆောင်မည် ဆိုပါက တည်ဆဲ ဥပဒေများအရ ထိရောက်စွာ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်သည့်အပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၀ ရက် အထိ နေပြည်တော်၊ တိုင်း ဒေသကြီးနှင့် ပြည်နယ် များတွင် ဆူပူဆန္ဒပြမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ စစ်ဆေးဆဲ တရားခံများနှင့် တရားရုံး၌ စစ်ဆေးဆဲ တရားခံများ အနက် ပထမဦးစားပေးအဖြစ် ပြန်လည် စေလွှတ်ပေးသင့်သူ များကိုလည်း အမှုမှ ရုပ်သိမ်း ပေးနိုင် ရေး စိစစ်ဆောင်ရွက် လျက်ရှိကြောင်း ကြိုတင် အသိပေး ကြေညာအပ်ပါ သည်။
သတင်းစဉ်