အဖြေရှာခက်ဆဲ လစ်ဗျားပြည်တွင်းစစ်က ပေးသောသင်ခန်းစာ

Type
၅

 

ကျူးကျော်စစ်ပွဲများမှ အတိတ်သမိုင်းသင်ခန်းစာများ (၂) 

 

မြင့်မြတ်

 

 အတိတ်ရဲ့ အရိပ်ဟာ ပစ္စုပ္ပန်အပြောင်းအလဲ အပေါ် ထင်ဟပ်စမြဲ ဖြစ်ပါတယ်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ    သုံးပါးစလုံးမှာ   နိုင်ငံတော်နဲ့ တိုင်းရင်းသား   အကျိုးစီးပွားအတွက်    သင်ခန်းစာ ယူစရာ၊ သုံးသပ်စရာ၊  မျှော်တွေးစရာတွေ အပြည့်နဲ့ ရှိနေပါတယ်။ မနေ့ကဖြစ်ရပ်တွေဟာ ဒီနေ့အတွက် သင်ခန်းစာယူစရာ သမိုင်းဖြစ်သလို ယနေ့ ဖြစ်ရပ် တွေဟာလည်း မနက်ဖန်အတွက် မျှော်တွေးသုံးသပ် ရမယ့်အရာတွေ    ဖြစ်သွားပါလိမ့်မယ်။      ကိုယ့် လုပ်ရပ်တိုင်းဟာ နောင်တစ်ချိန် မိမိရဲ့သမိုင်းဖြစ်မှာ မို့  ကိုယ်ဘာလုပ်လုပ်   သမိုင်းလှပဖို့   လိုပါတယ်။ သမိုင်းကြောင်းကောင်းဖို့  ကိုယ့်ကိုယ်ကိုယ်  မညှာ မတာ ပြန်လည်သုံးသပ်နေဖို့လိုပါမယ်။ 

 


အပြောင်းအလဲကို    ဖော်ဆောင်တိုင်းမှာ အခက်အခဲဆိုတာ  ရှိတတ်ပါတယ်။  ပြဿနာ ပေါင်းစုံကြုံရတတ်ပါတယ်။ ဒါကို ဒီလိုဖြစ်ရတာဟာ ဟိုလူ့ကြောင့်၊  ဒီလူ့ကြောင့်ဆိုပြီး  လက်ညှိုးထိုး၊ ပြဿနာရဲ့   အဓိကရင်းမြစ်ကို   မရှာတတ်ခြင်း၊  ရှာနိုင်စွမ်းမရှိခြင်း    အကြောင်းတရားများကို ပြန်တူးဆွကြည့်လျှင်  အတိတ်ကအဖြစ်အပျက် တွေကနေ၊    ကိုယ့်ပတ်ဝန်းကျင်မှာ   ဖြစ်နေတဲ့ လတ်တလောဖြစ်စဉ်ဖြစ်ရပ်တွေထဲကနေ သင်ခန်း စာ မယူတတ်တာက အဓိကဖြစ်ပါတယ်။  အတိတ် သင်ခန်းစာကို ကောင်းစွာမထုတ်ယူနိုင်တဲ့   နိုင်ငံ တစ်နိုင်ငံဟာ collapsed state၊ ထိုမှတစ်ဆင့် failed state အထိ ရောက်ရှိသွားနိုင်ပုံကို လစ်ဗျား နိုင်ငံပြည်တွင်းစစ်ဥပမာနဲ့    လေ့လာကြည့်ကြရ အောင်ပါ။ 

 


သမိုင်းထဲကသင်ခန်းစာ 


အတိတ်သမိုင်းသင်ခန်းစာများနဲ့   ပတ်သက် ပြီး  အီရတ်စစ်ပွဲနဲ့   ရရှိခဲ့တဲ့  သင်ခန်းစာများကို ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒုတိယအပိုင်းမှာ လစ်ဗျား စစ်ပွဲနဲ့အကျိုးဆက်ရလဒ်များကို ဆက်လက်ဖော်ပြ သွားပါမယ်။ လစ်ဗျားလည်း အီရတ်လိုပါပဲ။  ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့က စတင်ခဲ့တဲ့ အမေရိကန်နဲ့   အီးယူအစိုးရတွေ   ထောက်ခံတဲ့ ပြည်တွင်းဆူပူအုံကြွမှုတွေနဲ့အတူ လစ်ဗျားနိုင်ငံဟာ ပြည်တွင်းစစ်မီးလျှံအောက်မှာ ရှို့မြိုက်လောင်ကျွမ်း ခဲ့ရတာ ယနေ့ထိတိုင်ပါပဲ။ 

 


ပြိုင်ဘက်အုပ်စုတွေ   ကြမ်းကြ၊  ရမ်းကြတဲ့ အဆင့်ကနေ  နိုင်ငံတကာတပ်တွေ ဝင်တိုက်ရတဲ့ အဆင့်ထိရောက်ရလောက်အောင် ထောင်ချောက် ဆင်ခံလိုက်ရတဲ့ လစ်ဗျားခေါင်းဆောင် ကာနယ် မွန်မာကဒါဖီဟာ    ဖြုတ်ချခံရပြီး   လူမဆန်စွာ အသတ်ခံလိုက်ရတဲ့ အခြေအနေထိ ရောက်သွားခဲ့ရ ပုံဟာ  မေ့ဖျောက်မရတဲ့   သမိုင်းဝင်သင်ခန်းစာ တစ်ခုပါပဲ။ မြောက်အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ လစ်ဗျားနိုင်ငံဟာ ၂၀၁၁ ခုနှစ် လူထုအုံကြွမှုနဲ့ အတူ အမေရိကန်ဦးဆောင်တဲ့ နေတိုး (မြောက်အတ္တလန် တိတ်တပ်)   တွေ    ဝင်ရောက်တိုက်ခိုက်ခံရပြီး အာဏာရှင်ခေါင်းဆောင်   ကဒါဖီ     ပြုတ်ကျပြီး ကတည်းက ပြည်တွင်းစစ်နွံနစ်နေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ 

 


ပြည်တွင်းစစ်ကြောင့်        ပြည်သူပေါင်း သုံးသောင်းကျော်ခန့်   သေဆုံးခဲ့ကာ  ငါးသောင်း ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြပြီးဖြစ်တယ်လို့ သိရပါ တယ်။   အရှေ့နဲ့အနောက်    နှစ်ပိုင်းပြိုကွဲနေပြီး စင်ပြိုင်အစိုးရနှစ်ရပ်၊ ပါလီမန်နှစ်ရပ်ရဲ့အောက်မှာ အုပ်ချုပ်ခံဘဝနဲ့ နေထိုင်နေကြရတဲ့ နိုင်ငံဖြစ်နေပါ တယ်။ နိုင်ငံအနောက်ပိုင်း မြို့တော်ထရီပိုလီမှာ ဗဟိုအစိုးရတစ်ခု၊ နိုင်ငံအရှေ့ပိုင်း တိုဘရွတ်မြို့မှာ အတိုက်အခံအစိုးရကတစ်ခုနဲ့    အစိုးရနှစ်ခုဟာ စင်ပြိုင်စစ်တပ်တစ်ခုစီနဲ့     အဆုံးမသတ်နိုင်တဲ့ ပြည်တွင်းစစ်ကို ဆင်နွှဲနေကြဆဲဖြစ်ပါတယ်။ ကုလ သမဂ္ဂကထောက်ခံတဲ့ ထရီပိုလီ ဗဟိုအစိုးရရယ်လို့ ရှိပေမယ့် တစ်နိုင်ငံလုံး အာဏာ မသက်ရောက်ဘူး ဆိုတဲ့အချက်ကို  နှစ်ပိုင်းကွဲနိုင်ငံဘဝနဲ့  သင်းကွဲ ပြိုင်ဘက် စစ်သွေးကြွအုပ်စု ဂိုဏ်းဂဏကွဲ စစ်နယ် ရှင်တွေရဲ့မပြီးဆုံးနိုင်တဲ့စစ်ပွဲတွေက သက်သေပြ နေပါတယ်။ 

 


ဆုတ်ယုတ်မှုအဆုံး တိုးတက်မှုအစ 
ကဒါဖီလက်ထက်မှာ 


လစ်ဗျားနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဧရိယာအား ဖြင့် ၁၆ နိုင်ငံမြောက် ကြီးမားကျယ်ပြန့်ပြီး သမ္မတ ကဒါဖီလက်ထက်မှာ   ဖွံ့ဖြိုးတိုးတက်တဲ့   နိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့ပါတယ်။  နိုင်ငံရဲ့  မြောက်ဘက် နယ်နိမိတ်ကို  မြေထဲပင်လယ်က   စိုးမိုးထားပြီး နိုင်ငံအရှေ့ကနေ  အနောက်ဘက်နယ်နိမိတ်အထိ ထိစပ်နေတဲ့ အီဂျစ်၊ ဆူဒန်၊ ချဒ်၊ နိုင်ဂျာ၊ အယ်လ် ဂျီးရီးယားနဲ့ တူနီးရှားစတဲ့  အိမ်နီးချင်းနိုင်ငံတွေ ကတော့ လစ်ဗျားအရေးမှာ အပြန်အလှန် ဝင်ရောက် စွက်ဖက်လေ့ရှိကြတဲ့ နိုင်ငံတွေဖြစ်ကြပါတယ်။ နေတိုးတပ်ဖွဲ့တွေ လစ်ဗျားကို ကျူးကျော်မသိမ်းပိုက် ခင်အထိ လစ်ဗျားဟာ ရေနံသိုက်ကြီးဖင်ခုထိုင်ပြီး အာဖရိကတိုက်မှာ အချမ်းသာအကြွယ်ဝဆုံး နိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့ပါတယ်။ ကဒါဖီအုပ်ချုပ်ခဲ့တဲ့   ၄၂ နှစ်တာကာလအတွင်း   အစိုးရဟာ   ပြည်သူတွေ အတွက် နိုင်ငံရေး ၊ စီးပွားရေး၊  လူမှုရေး နယ်ပယ် အားလုံးမှာ ဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်နိုင်ခဲ့လို့ အာဖရိကနဲ့ အာရပ်နိုင်ငံများရဲ့ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုခံရတဲ့  နိုင်ငံလည်း ဖြစ်ပါတယ်။ 

 


အတိတ်၊ ပစ္စုပ္ပန် ၊ အနာဂတ်ဟာ  လက်ဆင့် ကမ်းဆက်စပ်နေလေတော့ လစ်ဗျားရဲ့  သမိုင်းကို ပြန်ကြည့်ရင်   ဒုတိယကမ္ဘာစစ်အပြီး    ပြင်သစ်နဲ့ ဗြိတိန်တို့ရဲ့ ကိုလိုနီလက်အောက်ခံအဖြစ် နေခဲ့ရ တဲ့ဘဝက   စတင်ရပါလိမ့်မယ်။   ဗြိတိန်နိုင်ငံရဲ့ အားပေးထောက်ခံမှု၊ ကုလသမဂ္ဂရဲ့သဘောတူညီမှုတို့နဲ့အတူ ဆော်ဒီဘုရင်ရဲ့ ထိန်းချုပ်မှုအောက်မှာ သက်ဦးဆံပိုင်ဘုရင်စနစ်နဲ့ အုပ်ချုပ်စိုးစံခဲ့တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ၁၉၅၁ ခုနှစ် လွတ်လပ်ရေးရ သည်အထိ ဘုရင် အိုင်ဒရစ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ပြည်သူတွေဟာ မျက်စိပိတ်၊ နားပိတ်ဖြစ်ခဲ့ကြရ ပါတယ်။ ပင်ရင်းနိုင်ငံသားတွေရဲ့  အကျိုးထက် ဗြိတိန်ရဲ့   စစ်ရေးစီးပွားရေး   အကျိုးစီးပွားအားလုံး  အတွက်   အခွင့်သာစေမယ့်   လမ်းအားလုံးကိုသာ  ဖွင့်ထားပေးခဲ့ရတယ်လို့ ဆိုရပါမယ်။ 

 


ရေနံအရင်းအမြစ်ကို    စတွေ့တာက   ၁၉၅၉ ခုနှစ်။ ဒါပေမယ့် ပြည်သူတွေအနေနဲ့ ကိုယ့်ပြည်တွင်း က ထွက်တဲ့ သယံဇာတအကျိုးကျေးဇူးမခံစားရဘဲ နိုင်ငံခြားသား    အရင်းရှင်တွေရဲ့   ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းကိုသာ ခံခဲ့ကြရပါတယ်။ ပြည်သူ့ မျက်နှာမကြည့်တဲ့ ဘုရင်စနစ်အောက်မှာ ပညာရေး၊ ကျန်းမာရေး၊ အိမ်ရာ လူမှုဖူလုံရေးစတဲ့ ပြည်သူ့ ရေးရာကဏ္ဍအားလုံးဟာ မတိုးတက်ဘဲ ဆုတ်ယုတ် ကျဆင်းသွားခဲ့ပါတယ်။ လူဦးရေ ၄ သန်းမှာ စာရေး နိုင်ဖတ်နိုင်သူ ၂ သိန်း ၅ သောင်းလောက်ပဲရှိသည် အထိ စာတတ်မြောက်မှုနှုန်းဟာ အဆိုးဆုံးအနေ အထားမှာ ရှိခဲ့တယ်။ ဒီအကျိုးဆက်တွေကြောင့်ပဲ ၁၉၆၉ ခုနှစ်မှာ ငယ်ရွယ်တဲ့စစ်အရာရှိတွေနဲ့ စုဖွဲ့ ထားတဲ့ ဗိုလ်မှူးကြီး ကဒါဖီ ဦးဆောင်တဲ့ စစ်တပ် ရဲ့အာဏာသိမ်းခြင်းခံခဲ့ရပြီး အမေရိကန်နဲ့ ဗြိတိန် တို့  ထောက်ခံတဲ့   ဘုရင်စနစ်ဟာလည်း နိဋ္ဌိတံ အဆုံးသတ်သွားခဲ့ရပါတယ်။ 

 


ကဒါဖီလက်ထက် စွမ်းဆောင်နိုင်ခဲ့တဲ့ 
လူမှုဘဝဖွံ့ဖြိုးမှု 


ဗိုလ်မှူးကြီးကဒါဖီရဲ့ အစကောင်းခြင်းနဲ့အတူ လစ်ဗျားပြည်သူတွေရဲ့လွတ်လပ်မှု  အစစ်အမှန်ကို တွေ့မြင်ခဲ့ရပြီး နိုင်ငံကို ထိန်းချုပ်ထားတဲ့ အနောက် အုပ်စု  နိုင်ငံခြားသားတွေနဲ့   တပ်ဖွဲ့တွေကတော့ နိုင်ငံကနေ ရုပ်သိမ်းထွက်ခွာခဲ့ကြရပါတယ်။ နိုင်ငံ စီးပွားရေးက  ရလာတဲ့ အကျိုးအမြတ်နဲ့ ချမ်းသာ ကြွယ်ဝမှုကို လစ်ဗျားပြည်သူတွေ အညီအမျှ ခွဲဝေ ခံစားနိုင်ဖို့သည်  ကဒါဖီရဲ့   မူဝါဒပဲဖြစ်ပါတယ်။ ကဒါဖီက အာဏာကို ခိုင်ခိုင်မာမာ ထိန်းချုပ်ထား နိုင်တာနဲ့အမျှ ရေနံလုပ်ငန်းဟာ နိုင်ငံပိုင်ဖြစ်လာခဲ့ တယ်။ 

 


တိုးတက်တဲ့အပြောင်းအလဲတွေ၊  အရွေ့တွေ ကို ကဒါဖီလက်ထက်မှာ စတင်မြင်တွေ့ခဲ့ရပါတယ်။ သယံဇာတရေနံရဲ့  အကျိုးအမြတ်ကို  ပြည်သူတွေ အညီအမျှ ခံစားရခြင်းနဲ့အတူ လူမှုစီးပွားဘဝ ပုံစံ အသစ်ကိုလည်း   ချမှတ်နိုင်ခဲ့ပါတယ်။   အနောက် နိုင်ငံတွေရဲ့ ရေနံကုမ္ပဏီအားလုံး နိုင်ငံပိုင်အသိမ်း ခံလိုက်ရပြီးတဲ့နောက်မှာတော့ လစ်ဗျားပြည်သူ အများစုဟာ  ဆိုရှယ်လစ်စနစ်မော်ဒယ်လ်တစ်ခုရဲ့အရသာကို စတင်မြည်းစမ်းခွင့် ရရှိခဲ့ပါပြီ။ 

 


အထူးသဖြင့် ပညာရေး၊  ကျန်းမာရေး၊ အိမ်ရာ  စတဲ့ ပြည်သူ့ရေးရာအားလုံးကို ဆိုရှယ်လစ်စနစ် စီမံကိန်းများနဲ့အညီ   အကောင်အထည်ဖော်နိုင်ခဲ့ တယ်။ လျှပ်စစ်နဲ့အခြေခံစားကုန်သောက်ကုန် ကိစ္စ တွေမှာလည်း  ကဒါဖီအစိုးရက အရှုံးခံဆောင်ရွက် ပေးနိုင်ခဲ့တဲ့အတွက်   ပြည်သူတွေရဲ့   နေထိုင်မှု အဆင့်အတန်းဟာ  အလွန်မြင့်မားလာခဲ့ပါတယ်။ ခေါင်းဆောင်  ကဒါဖီ   အသတ်ခံရတဲ့အချိန် ၂၀၁၁ ခုနှစ်ကာလကို ပြန်ကြည့်ရင် လစ်ဗျားနိုင်ငံရဲ့ ဆင်းရဲ မှုပြမျဉ်းဟာ အနောက်ဥရောပက နယ်သာလန်ထက် အနည်းငယ်သာ လျော့နည်းတာကိုလည်း လေ့လာ သိရှိရပါတယ်။ 

 


ကဒါဖီခေတ်နောက်ပိုင်းမှာတော့ တစ်ဦးချင်း GDP per Capita USD တစ်သောင်း အောက်မှာ  လစ်ဗျားပြည်သူ သုံးပုံတစ်ပုံဟာ ဆင်းရဲမှုပြမျဉ်း အောက်မှာ ဆင်းရဲတဲ့ဘဝ  ရောက်နေကြရပါပြီ။ ၁၉၆၉ ခုနှစ်မှာ အဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့တဲ့လစ်ဗျားဟာ ၂၀၁၁ ခုနှစ် HDI လူမှုဖွံ့ဖြိုးမှုညွှန်းကိန်းမှာတော့ အာဖရိကတိုက်ရဲ့အဖွံ့ဖြိုးဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် ရှိခဲ့ဖူးတယ်ဆိုတဲ့အချက်ဟာ ယနေ့လစ်ဗျား အခြေအနေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ ဒဏ္ဍာရီ သဖွယ်သာဖြစ်နေပါလိမ့်မယ်။

 


ညီညွတ်မှုမတည်ဆောက်နိုင်ခြင်းက 
အားနည်းချက်တစ်ခု 


၂၀၁၀ UNDP အစီရင်ခံချက်တစ်ခုအရလစ်ဗျား နိုင်ငံဟာ   အရှေ့အလယ်ပိုင်းဒေသနဲ့  အာဖရိက တိုက်မှာ ဖွံ့ဖြိုးအတိုးတက်ဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်ခဲ့တယ် ဆိုတာ အထင်အရှားတွေ့ရပါတယ်။ စာတတ်မြောက်မှု     ၈၈  ဒသမ ၄  ရာခိုင်နှုန်း၊ လူ့သက်တမ်း ၇၄ ဒသမ ၅ နှစ်နဲ့ ကျားမတန်းတူညီမျှ မှု ကဏ္ဍတွေမှာ   တိုးတက်လာတဲ့အပြင်     အခြား အပေါင်း လက္ခဏာဆောင်တဲ့ ကဏ္ဍတွေလည်းရှိခဲ့ပါ တယ်။ သို့ပေမဲ့  အကောင်းနဲ့ အဆိုး ဒွန်တွဲနေတတ် တဲ့ အစွန်းနှစ်ဘက်ကိုလည်း    လစ်ဗျားလူ့အဖွဲ့ အစည်းမှာ တွေ့မြင်ခဲ့ရပါတယ်။ 

 


ကဒါဖီကိုယ်တိုင်ထိန်းချုပ်ကိုင်တွယ်ရခက်တဲ့ ဒေသဆိုင်ရာ  လူမျိုးနွယ်စုပြဿနာတွေပဲ ဖြစ်ပါ တယ်။ မူလဆင်းသက်လာပုံချင်း၊ ယဉ်ကျေးမှု ဓလေ့ ထုံးစံချင်းမတူညီတဲ့ လူမျိုးစုပေါင်း ၁၄၀ ခန့် ရှိတဲ့ လစ်ဗျားနိုင်ငံမှာ  စိန်ခေါ်မှုတွေနဲ့ ပြဿနာများစွာကို ရင်ဆိုင်ခဲ့ရခြင်းပဲ ဖြစ်ပါတယ်။ ခေါင်းဆောင်ကဒါဖီရဲ့ အမှားတစ်ခုက  မတူညီမှုပေါင်းစုံနဲ့   ကွဲကွဲပြားပြား ဖြစ်နေတဲ့ လူမျိုးစုတွေကို စည်းလုံးညီညွတ်အောင် မစွမ်းဆောင်နိုင်ခဲ့ ခြင်းပဲ ဖြစ်ပါတယ်။ မတူကွဲပြားသူ တွေကို စုစည်းညီညွတ်အောင် ဆောင်ကြဉ်းပေးနိုင် စွမ်းဟာ   ခေါင်းဆောင်ကောင်းတို့ရဲ့  အရည်အချင်း တစ်ရပ်ဖြစ်တယ်ဆိုတာ   ကဒါဖီအနေနဲ့ မေ့လျော့ခဲ့ ပုံပါပဲ။  

 


နိုင်ငံတကာဆက်ဆံရေးမှာ  အားနည်းချက်များရှိခဲ့ 


နိုင်ငံတကာရေးရာမှာလည်း    ဝါရှင်တန်ရဲ့ ပေါ်လစီတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်လာပြီး အရှေ့ အလယ်ပိုင်း အာရပ်နိုင်ငံတွေနဲ့ ပိုပြီးနီးစပ်မှုရှိလာ ခဲ့တာ တွေ့ရပါတယ်။ အိမ်နီးချင်း အီဂျစ်၊ မော်ရိုကို၊ ဆီးရီးယား၊ တူနီးရှား၊ ချဒ်စတဲ့ နိုင်ငံတွေနဲ့ အတင်း အဓမ္မပူးပေါင်းဖို့  ကြိုးစားခဲ့တဲ့  ရလဒ်က  စူပါပါဝါ အမေရိကန်နဲ့ ပိုဝေးကွာသွားရပြီး အာရပ် အာဖရိက နိုင်ငံတွေရဲ့  ဆန့်ကျင်မှုနဲ့ ရင်ဆိုင်ခဲ့ရခြင်းပဲဖြစ်ပါ တယ်။ ကဒါဖီဟာ အမေရိကန်နဲ့ အနောက်အုပ်စုကို ဆန့်ကျင်ပြီး ပါလက်စတိုင်းအရေးတော်ပုံအပါအ၀င် ပြည်ပတော်လှန်ရေး လှုပ်ရှားမှုတိုင်းကို ထောက်ခံ အားပေးကူညီတဲ့ပုံစံနဲ့ နိုင်ငံတကာအရေးတွေမှာ မလိုအပ်ဘဲ ဝင်ရောက်စွက်ဖက်ခဲ့တယ်။ နောက်ဆုံး အနောက်အုပ်စုရဲ့ဒဏ်ခတ်ခြင်းနဲ့သာ ရင်ဆိုင်ရပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း   ဆက်ဆံရေး  အဆင် မပြေ ဖြစ်ခဲ့ရတယ်။   နိုင်ငံတကာဆက်ဆံရေးကို ကောင်းစွာ   မတည်ဆောက်နိုင်တဲ့      လစ်ဗျား ခေါင်းဆောင်ရဲ့ အားနည်းချက်တွေဟာ သူကျဆုံးရ ခြင်းရဲ့  အကြောင်းတရားတစ်ခုအဖြစ် ပါဝင်တယ် ဆိုတာ သင်ခန်းစာယူလို့ရပါတယ်။ 

 


ပဋိပက္ခတိုင်းမှာ ပြည်တွင်းနဲ့ ပြည်ပစွက်ဖက်မှု 
ရည်မှန်းချက်များမတူညီပါ 


လစ်ဗျားဆူပူအုံကြွမှုဟာ  အိမ်နီးချင်း တူနီး ရှားကစတင်ခဲ့တဲ့ ၂၀၁၁ ခုနှစ် လူထုဆန္ဒပြပွဲ အာရပ် နွေဦးတော်လှန်ရေးကြီး လစ်ဗျားကို ကူးစက်သွားပြီး ခေါင်းဆောင်ကဒါဖီ     သတ်ဖြတ်ခံရမှုနဲ့အတူ တစ်ခန်းရပ်သွားခဲ့ပါတယ်။

 


တူနီးရှား၊  အီဂျစ်ဆန္ဒပြပွဲတွေနဲ့ လစ်ဗျားအုံကြွ မှုမတူတဲ့အချက်က လစ်ဗျားအရေးမှာ အမေရိကန် ထောက်ခံတဲ့ ဘင်ဂါဇီအခြေစိုက် အစ္စလာမ္မစ်အစွန်း ရောက်တွေ အကြီးအကျယ် ပါဝင်ပတ်သက်နိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။ ပုန်ကန်သူတွေဟာ   ဒေသတစ်ခုကို ခိုင်ခိုင်မာမာ   အခြေချ    ခြေကုပ်ယူထားနိုင်ခြင်း၊ သောင်းကျန်းသူတွေအပေါ် အစိုးရစစ်တပ်ရဲ့အပြင်း အထန်ဖြိုခွင်းခြင်းများကြောင့်ပဲ  ကုလလုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့အတူ  R2P  ဖြင့်  မိမိ နိုင်ငံထဲ  ဝင်ရောက်ကျူးကျော်ခွင့်ကို  ခွင့်ပြုလိုက် သလို ဖြစ်သွားရပါတယ်။ 

 


မိမိပြည်တွင်းရေးမှာ ပြည်ပအဖွဲ့အစည်းတွေရဲ့ စွက်ဖက်မှုကို မဟန့်တားနိုင်တဲ့ ဒီလိုလွှမ်းမိုးမှုတွေ ဟာ သတိထားကိုင်တွယ်ရမယ့် အချက်ဖြစ်တယ် ဆိုတာ အထင်အရှားဖြစ်ပါတယ်။ တကယ်တော့ လစ်ဗျားပြည်သူအချင်းချင်းဖြစ်ရတဲ့   ပြည်တွင်း ပဋိပက္ခရဲ့  ရလဒ်ထက်  ဒေသတွင်းအပြောင်းအလဲ ဖြစ်ဖို့သာ အမေရိကန်က  ပိုအာရုံစိုက်နေခဲ့တာပါ။ လစ်ဗျားနိုင်ငံကြီး ကြီးပွားတိုးတက်ပြီး ဒေသတွင်း ခေါင်းဆောင်ဖြစ်လိုတဲ့    ကဒါဖီရဲ့   အိပ်မက်ကို ချေဖျက်ကာ     အရှေ့အလယ်ပိုင်းဒေသအတွင်း အမေရိကန်ဩဇာလွှမ်းမိုးပြီး ဒေသရေနံသိုက်တွေကို လက်ဝါးကြီးအုပ်လိုတဲ့၊ အရှေ့အလယ်ပိုင်းဒေသမှာ ရေရှည် မတည်မငြိမ်ဖြစ်စေမယ့်   ရည်မှန်းချက်ကို မရရအောင်အကောင်အထည်ဖော်ခဲ့ခြင်းသာ ဖြစ်ပါ တယ်။ 

 

အာဏာလေဟာနယ် 


လစ်ဗျားပဋိပက္ခမှာ ကဒါဖီကျဆုံးပြီးနောက် ၉ နှစ်တာကာလအတွင်းမှာ  အချုပ်အခြာအာဏာ ပျက်သုဉ်းသွားပြီး  ပြည်သူတွေရဲ့ လူမှုဘဝတွေ ဆုံးရှုံးနေခဲ့တာ  ယခုထိတိုင်ပါပဲ။   ပရမ်းပတာနဲ့ ရေမျောကမ်းတင်ဘဝမှာ နိစ္စဓူဝ  စိတ်ပျက်စရာအတိ များနဲ့သာ ပြည့်နေပါတယ်။ ပြည်သူအတော်များများ ဟာ ကဒါဖီခေတ်အုပ်ချုပ်မှုထက်ဆိုးရွားတဲ့ ယနေ့ ဘဝတွေကို    ငြီးငွေ့နေကြပြီဖြစ်ပါတယ်။   ဗုံးကြဲ တိုက်ခိုက်မှုတွေနဲ့ အစဉ်မပြတ်တဲ့ ပဋိပက္ခများကြား မှာ ပြည်သူတွေဟာ ကဒါဖီလက်ထက်က တည်ငြိမ် ခဲ့တဲ့ လူမှုစီးပွား ဘဝမျိုးကို ပြန်လည်တမ်းတနေကြပြီ လို့ ဆိုပါတယ်။ ယခုလို  နောက်ဆက်တွဲ ဆိုးကျိုး အားလုံးဟာ အမေရိကန်ဦးဆောင်တဲ့ နေတိုးတပ် တွေကြောင့်ပဲ ဖြစ်ပါတယ်။        

 


လစ်ဗျားမှာ   အာဏာကို   ဘယ်သူချုပ်ကိုင် ထားလဲ။ ထရီပိုလီအစိုးရလို့အမည်တွင်တဲ့ တရားဝင် အမျိုးသားကွန်ဂရက်အစိုးရက    ပြည့်ပြည့်ဝဝ မချုပ်ကိုင်ထားနိုင်သလို   တိုဘရွတ်   စစ်နယ်ရှင် ကောင်စီအစိုးရအနေနဲ့လည်း ကုလသမဂ္ဂက အသိ အမှတ်ပြုထားတဲ့အစိုးရကို နိုင်အောင် မတိုက်နိုင် ပါဘူး။   အစိုးရနှစ်ရပ်ဖြစ်နေခြင်းက   နိုင်ငံရေး မတည်ငြိမ်မှုကိုပြတာပါပဲ။ အစ္စလာမ္မစ်နိုင်ငံရေး သမားတွေနဲ့ လစ်ဘရယ်နိုင်ငံရေးသမားတွေကြား မှာ တိုက်ခိုက်နေမှုက  နိုင်ငံစည်းလုံးရေးကို ပြိုကွဲ သွားစေပါတယ်။   ဘယ်သူမှ   မချုပ်ကိုင်နိုင်တဲ့ အာဏာလေဟာနယ်ကို  အခွင့်အရေးယူ အစားထိုး ဝင်လာတာက ISIS အစ္စလာမ္မစ်နဲ့ ဂျီဟာဒ့်ဝါဒီတွေ ပါပဲ။ ISIS ဆိုတာကလည်း အမေရိကန်ကမွေးထားခဲ့ တဲ့ အဖွဲ့တွေပါ။ 

 


နိုင်ငံခြားတပ်များ ဝင်ရောက်သိမ်းပိုက်ပြီး 
ဆင်းရဲမှုများရဲ့အဓိကတရားခံ 

ဒါဟာ အမေရိကန် ဝင်သိမ်းအပြီးမှာ ဖြစ်လာ တဲ့ အခြေအနေတွေပါ။ ဒုက္ခပင်လယ် ဝေနေရတာ ကတော့ ပြည်သူတွေပါပဲ။ ပြည်တွင်းစစ်ဒဏ်ကနေလွတ်မြောက်ဖို့     ပြည်သူတွေ  နိုင်ငံရပ်ခြားကို ထွက်ပြေးခိုလှုံနေကြရတယ်။ နယ်သစ်ပယ်သစ်ရှာ တဲ့ ဒုက္ခသည်တွေအရေးဟာ  ကမ္ဘာ့ပြဿနာရပ် ဖြစ်လာနေပြီး ဖြေရှင်းဖို့အဖြေ ယခုထိရှာမရသေးပါ ဘူး၊၊ လှေစီးရွှေ့ပြောင်းဒုက္ခသည်တွေ လှေမှောက်လို့ ထောင်ချီသေရတဲ့ သတင်းတွေ၊ ခိုလှုံရာဆိပ်ကမ်းမှာ ကမ်းကပ်ခွင့်မရလို့   ပင်လယ်ပြင်မှာသောင်တင် နေရတဲ့  လှေစီးဒုက္ခသည်တွေရဲ့အရေးဟာ ကမ္ဘာ့ သတင်းတွေမှာ နေရာယူနေဆဲဖြစ်ပါတယ်။ 

 

ယနေ့    လစ်ဗျားနိုင်ငံဟာ   အာဖရိကတိုက် ရဲ့အကြီးဆုံး  ရေနံသိုက်ကြီး ပိုင်ဆိုင်ထားပေမယ့် နိုင်ငံလူဦးရေရဲ့  သုံးပုံတစ်ပုံလောက်ဟာ  ဆင်းရဲ မွဲတေလျက်ပါပဲ။ သန့်ရှင်းတဲ့ သုံးရေသောက်ရေမရ တဲ့အပြင် ရေမိလ္လာစနစ်ကလည်း ညံ့ဖျင်းလွန်းပါ တယ်။   တရားခံ   အကြောင်းတရားတွေထဲမှာ မပြီးဆုံးနိုင်တဲ့  ပြည်တွင်းစစ်၊  အဂတိလိုက်စားမှု ကျယ်ကျယ်ပြန့်ပြန့်ရှိနေခြင်းနဲ့     နိုင်ငံရဲ့အဓိက ရင်းမြစ် ရေနံလောင်စာကို စနစ်တကျ မစီမံ မခန့်ခွဲ နိုင်ခြင်းတို့က    အဓိကဖြစ်ပါတယ်။   နိုင်ငံတကာ ထောက်ခံမှုအသီးသီးနဲ့      စင်ပြိုင်အစိုးရနှစ်ရပ် အကြားမှာ အရေးကြီးတဲ့ ဗဟိုဘဏ်လို ကိစ္စကအစ ကိုင်တွယ်ထိန်းချုပ်ရ ခက်ခဲနေသလို  သောင်းကျန်း သူတွေက    ရေနံတွင်းတွေနဲ့ဆက်စပ်အရင်းအမြစ် တွေကို ဖောက်ခွဲဖျက်ဆီးမီးရှို့မှုများကြောင့်လည်း အဖတ်ဆယ်မရတဲ့စီးပွားရေး ပျက်စီးဆုံးရှုံးများကို တွေ့မြင်နေရတာဖြစ်ပါတယ်။

 


လစ်ဗျားနိုင်ငံအခြေအနေကြည့်ရင် collapsed state မှာ ရောက်နေတယ်လို့  ဆိုနိုင်ပါတယ်။ ပြေလည်နိုင်ဖို့ကတော့ စင်ပြိုင်ပါတီတွေ၊ ဂိုဏ်းဂဏ အဖွဲ့တွေကြားမှာ အမျိုးသားပြန်လည်သင့်မြတ် ရေးကို ပြန်လည်ရယူနိုင်စွမ်းရှိတဲ့ အဆုံးအဖြတ် ပေးနိုင်တဲ့ အစိုးရတစ်ရပ်တည်းအောက်မှာ ပြည်သူ တွေ စည်းလုံးညီညွတ်မှုရှိမှသာ ဖြစ်နိုင်ပါလိမ့်မယ်။ တိုင်းပြည်မပြိုကွဲဖို့ရန်သည်  ခေါင်းဆောင်များရဲ့ အမြော်အမြင်ကြီးမားမှု၊ စီမံခန့်ခွဲနိုင်စွမ်း၊ လက်ရုံး ရည် နှလုံးရည်ပြည့်ဝမှုနဲ့ စည်းရုံးဦးဆောင်နိုင်စွမ်း ရှိဖို့လိုသလို  ပြည်သူတွေရဲ့ အသိဉာဏ်ပညာမြင့်မား မှု၊  စည်းလုံးညီညွတ်မှု၊   စည်းကမ်းရှိမှု၊ တွေးခေါ် ဆင်ခြင်နိုင်စွမ်း မြင့်မားမှုနဲ့  ဘေးပယောဂတွေကို နားလည်သိမြင်နိုင်စွမ်းရှိဖို့လည်း       အများကြီး လိုပါတယ်။   ဒါမှသာ ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာ အာဏာဟာ     ကမ္ဘာတည်သရွေ့     ထာဝရတည်တံ့ နိုင်မှာဖြစ်ပြီး  တိုင်းပြည်လည်း မပျောက်၊ လူမျိုး လည်း မပျောက်၊    သူ့ကျွန်ဘဝလည်း   မရောက် မှာ  ဖြစ်ပါကြောင်း          ရေးသားတင်ပြလိုက်ရပါ တယ်။        ။