
o သူ့ကျွန်ဘဝ နှစ်တစ်ရာမျှ
နေခဲ့ရပါ ချိန်ရှည်ကြာ
လွန်စွာဆင်းရဲ နေရမြဲ
စိတ်ထဲမကောင်း ပြည်သူပေါင်း
စိတ်ထောင်းကိုယ်ကြေ ဖြစ်ရပေ
ညှိုးကြွေပွင့်ပန်း မစိမ်းလန်း
နွမ်းတယ်လေ့ နွမ်းတယ်လေ့။
o တို့ဘိုးတို့ဘွား ပြည်သူများ
ပေးထားအသက် နှင်းအပ်လျက်
ရုန်းထွက်တော်လှန် ငုံ့မခံ
ဧကန်ပိုက်ထွေး လွတ်လပ်ရေး
အေးမြလန်းဆန်း ပြည်တစ်ဝန်း
ငြိမ်းချမ်းတယ်လေ့ သာတယ်လေ့။
o သို့သော်ယနေ့ မမွေ့မလျော်
မတော်မိုက်လျက် အကြမ်းဖက်
ရက်စက်ယုတ်မာ ပြုကြတာ
မြို့ရွာအများ လန့်တကြား
စီးပွားလည်းပျက် ဒုက္ခဆက်
ရတက်မအေး နေရသေး
တွေးမိတယ်လေ့ ဆွေးဖွယ်လေ့။
o ယခင်ရှေးလို ငြိမ်းချမ်းလို
စစ်ကိုစစ်ချင်း တိုက်ထုတ်ခွင်း
မယွင်းဧကန် ပြုရမှန်
အားမာန်တင်းတင်း ဖော်တစ်သင်း
မယွင်းဖျဖျ ညီညာစွ
တိုက်ကြမယ်လေ့ တိုက်မယ်လေ့။
အောင်ရမယ်ဟေ့ အောင်မယ်လေ့။
ဘိုမျိုး(ရွှေဘို)