အရာရာတွင် တရားဥပဒေနှင့်အညီ

တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပြဋ္ဌာန်း ချက်များအား လေးစားလိုက်နာလျက် နိုင်ငံတော်၏ တာဝန်အရပ်ရပ် အား ယာယီသမ္မတမှ လွှဲပြောင်းတာဝန်ပေးထားသည့် ယနေ့မှစ၍ စတင်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်တာဝန်ဆောင်ရွက် ခြင်းအား ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်းချက်များ နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ခြင်းမရှိသော တည်ဆဲ ဥပဒေများအတိုင်း လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရား မျှတမှုအပြည့်ဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ် ၍ တရားမျှတသော အထွေထွေရွေးကောက်ပွဲအား ကျင်းပပေးသွား မည်ဖြစ်ပြီး ရွေးကောက်ပွဲတွင် အနိုင်ရပါတီအား နိုင်ငံတော်တာဝန် ကို လွှဲပြောင်းပေးသွားမည်ဖြစ်ပါကြောင်းတို့ကို ပြီးခဲ့သည့် ဖေဖော် ဝါရီလ ၁ ရက်နေ့ “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ” အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က တင်ပြဆွေးနွေးခဲ့သည်။ အဆိုပါအစည်းအဝေးသည် မိမိတို့နိုင်ငံ၏ သမိုင်းတွင်အရေးကြီး သည့် အစည်းအဝေးတစ်ရပ်အဖြစ် အနာဂတ်ကာလတွင် မှတ်တမ်း ဝင်သွားမှာလည်းဖြစ်သည်။ ယင်းနေ့မှစ၍ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်ကာလအခြေအနေတွင် ဖြတ်သန်းနေကြရခြင်းဖြစ်ပြီး လက်ရှိကာလ တာဝန်ယူထားသည့် အစိုးရသည် စုပေါင်းတိုင်ပင် ဆွေးနွေးပြီး တိုင်းပြည်အတွက်ကောင်းအောင် ဆောင်ရွက်မည် ဆိုသည့်မူဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက် နေကြခြင်းဖြစ်သည်။ တစ်ဦးတစ်ယောက်၏ အာဏာရှင်ဆန်ဆန် တစ်သွေးတစ်သံတစ်မိန့်ဖြင့် အုပ်ချုပ်နေခြင်းမဟုတ်ပေ။ အစိုးရ ၏ နိုင်ငံတော်တာဝန် ဆောင်ရွက်မှုများမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)နှင့် တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက် နေခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ကြားကာလ တာဝန်ယူ ဆောင်ရွက်နေသည့် အစိုးရတစ်ရပ်သာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုဖျက်သိမ်းကာ စစ်ဘက်မှ စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ် နေသည့်ပုံစံမျိုး လုံးဝမဟုတ်ခြင်းပင် ဖြစ်သည်။ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူ ဘေးကင်း လုံခြုံရေးအတွက် ဆူပူဆန္ဒပြမှုများ၊ အဓိကရုဏ်းဆန်ဆန် အုံကြွ ဆန့်ကျင်မှုများ၊ အကြမ်းဖက်တိုက်ခိုက်မှုများကိုမူ လိုအပ်သလို ဖြေရှင်းမှု၊ နှိမ်နင်းမှုများ ပြုလုပ်ရာတွင် အဆင့်ဆင့်သော နည်းလမ်း များဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ဆူပူမှုများလျော့နည်းပပျောက် သွားသည်နှင့်အမျှ မြို့ရွာရပ်ကွက်များ တည်ငြိမ်အေးချမ်း လာမည်သာဖြစ်သည်။ လက်ရှိအခြေအနေတွင် ဆူပူဆန္ဒပြမှုများ အချိန်ကြာမြင့်လာ သည်နှင့်အမျှ ဥပဒေမဲ့လုပ်ရပ်များ၊ မင်းမဲ့စရိုက်ပုံစံများနှင့် ပြည်သူ အချင်းချင်း အုပ်စုဖွဲ့ညှဉ်းပန်းနှိပ်စက်အနိုင်ကျင့်မှုများကို ကျူးလွန်မှု များ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရပ်ရွာများအတွင်းရှိ စစ်မှု ထမ်းဟောင်း၊ ရဲဝန်ထမ်းဟောင်းများအပါအဝင် အပြစ်မဲ့ပြည်သူ အချို့အား သတင်းပေးသူများအဖြစ် စွပ်စွဲညှဉ်းပန်းနှိပ်စက်ခြင်း၊ Social Punishment ခေါင်းစဉ်တပ်ကာ ဥပဒေနှင့်လူ့အခွင့်အရေး ချိုးဖောက်မှု၊ လူ့ဂုဏ်သိက္ခာကျဆင်းအောင်ပြုလုပ်သည့် အပြုအမူ များကို ဂိုဏ်းဖွဲ့လုပ်ဆောင်နေကြသည်။ အချို့ရပ်ရွာများတွင်လည်း ဆူပူဆန္ဒပြရာသို့ တစ်အိမ်တစ်ယောက်ပါဝင်ရန်၊ လမ်းပိတ်ဆို့မှုများ ကို တစ်အိမ်တစ်ယောက်ပြုလုပ်ကြရန်၊ ညကင်းစောင့်ရာတွင်လည်း တစ်အိမ်တစ်ယောက်ပါဝင်ရန် ဆင့်ဆိုခြင်းကို ဖိအားပေးခြိမ်းခြောက် အကျပ်ကိုင်နည်းများဖြင့် ပြုလုပ်နေကြကြောင်းလည်း သိရသည်။ ဒီမိုကရေစီကျင့်စဉ်များနှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ် နေသည့် ယင်းသို့သောလုပ်ရပ်များမှာ အောင်မြင်မှုရရှိနိုင်မည် မဟုတ်သကဲ့သို့ အများပြည်သူ၏ ဆန့်ကျင်မှုကိုလည်း ကြုံတွေ့ ကြရမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ယင်းသို့သော ဥပဒေမဲ့ လုပ်ရပ်များကို ထိထိရောက်ရောက်နှိမ်နင်းသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားပြီးဖြစ်ရာ ပြည်သူများ ပူးပေါင်းပါဝင် လာသည်နှင့်အမျှ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ လျင်လျင်မြန်မြန် အားကောင်းမောင်းသန် ဖြစ်ထွန်း လာမည်ဖြစ်ပါကြောင်း။ ။