အရာတော်မြို့နယ် ငွေတွင်းကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းများဖြင့် လာရောက်ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ဒေသခံပြည်သူ ၁၅ ဦးသေဆုံးပြီး သံဃာတော်သုံးပါးအပါအဝင် ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိ

 

နေပြည်တော်  ဇူလိုင်  ၅


စစ်ကိုင်းတိုင်း           ဒေသကြီး အရာတော်မြို့နယ်             ငွေတွင်း ကျေးရွာအား    ယနေ့နံနက်ပိုင်း တွင်  PDF   အမည်ခံအကြမ်းဖက် သမားများက လက်လုပ်စိန်ပြောင်း များဖြင့်     လာရောက်ပစ်ခတ်ခဲ့ သဖြင့်      အပြစ်မဲ့ဒေသခံပြည်သူ ၁၅    ဦးသေဆုံးပြီး    သံဃာတော် သုံးပါးအပါအဝင်   ခုနစ်ဦး  ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။


 ဗုံးစထိမှန်သေဆုံး


ဖြစ်စဉ်မှာ အရာတော်မြို့နယ် ငွေတွင်းကျေးရွာ     အတွင်းသို့ ယနေ့နံနက် ၄ နာရီခန့်တွင်  PDF အမည်ခံ       အကြမ်းဖက်သမား များက ကျေးရွာ၏  အရှေ့တောင် ဘက်မှ လက်လုပ်စိန်ပြောင်းများ ဖြင့်   လာရောက်ပစ်ခတ်ခဲ့သဖြင့် ကျေးရွာအတွင်းရှိ        ရိုးသားစွာ နေထိုင်လုပ်ကိုင်စားသောက်နေ သည့်      အပြစ်မဲ့ဒေသခံပြည်သူ ၁၅    ဦး   ဗုံးစထိမှန်သေဆုံးခဲ့ပြီး  သံဃာတော်သုံးပါးနှင့်     အပြစ်မဲ့ ပြည်သူလေးဦး      ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့်         အဆိုပါထိခိုက် ဒဏ်ရာရရှိခဲ့သူများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက     လိုအပ်သည့် ဆေးဝါးကုသမှုများ   ခံယူနိုင်ရန် အတွက်   မုံရွာမြို့ရှိ   တပ်မတော် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။


ဖမ်းဆီးအရေးယူနိုင်ရေး


ထိုသို့      ရိုးသားစွာနေထိုင် လုပ်ကိုင်စားသောက်လျက်ရှိသည့် အပြစ်မဲ့အရပ်သား    ပြည်သူများ နေထိုင်ရာ    ကျေးရွာအတွင်းသို့ ယုတ်မာရက်စက်စွာ      လက်လုပ် စိန်ပြောင်းများဖြင့်    လာရောက် ပစ်ခတ်ခဲ့သည့်      အကြမ်းဖက် သမားများအား ဖမ်းဆီးအရေးယူ နိုင်ရေးနှင့်  နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေးအတွက်   လုံခြုံရေး တပ်ဖွဲ့ဝင်များက    လိုအပ်သည့် လုံခြုံရေး         လုပ်ငန်းများအား ဆက်လက်       ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်