
ဝါရှင်တန် ဩဂုတ် ၁
ဟားမားစ်တို့၏ နိုင်ငံရေး ခေါင်းဆောင် အစ္စမေးလ် ဟာနီ ယေး အီရန်တွင် အသတ်ခံရ ပြီးနောက် အရှေ့အလယ်ပိုင်း ဒေသ တိုးတက်မှုများကို အမေရိကန်က အနီးကပ် စောင့်ကြည့်နေသည်ဟု အိမ်ဖြူ တော်က ပြောကြားခဲ့သည်။
တီဟီရန်မှ ထွက်ပေါ်လာ သည့် သတင်းများကိုအတည်ပြု ရန် ၎င်းတွင် အခွင့်အာဏာမရှိ ဟု အိမ်ဖြူတော်အမျိုးသား လုံခြုံရေး ဆက်သွယ်ရေး အကြံပေး ဂျွန်ကာဘီက ဇူလိုင် ၃၁ ရက်တွင် သတင်းထောက် များကို ပြောသည်။
ဟားမားစ်တို့၏ ထုတ်ပြန် ချက်ကို တွေ့ရှိပြီးဖြစ်သော် လည်း ၎င်းအနေဖြင့် အတည်မပြု နိုင်သေးကြောင်း ပြောသည်။ ဒေသတွင်း ပဋိပက္ခများပိုမိုပြင်းထန်လာနိုင်ခြေရှိ မရှိ မေးမြန်ရာ တွင် ပြင်းထန်လာနိုင်သည့် အရိပ် အယောင်များ မရှိကြောင်း ၎င်းက ဖြေကြားခဲ့သည်။
အပစ်အခတ် ရပ်စဲရေးနှင့် ဓားစာခံများ ပြန်လွှတ်ပေးရေး ဆွေးနွေး ညှိနှိုင်းမှုများအပေါ် မည်သို့ သက်ရောက်မှုရှိမည်ကို သိရှိရန် စောလွန်းနေသေးကြောင်း၊ သို့သော်လည်း အပစ်အခတ် ရပ်စဲရေးအတွက် ကြိုးပမ်းနေမှု များကို ရပ်တန့်သွားမည်မဟုတ် ကြောင်း ၎င်းက ပြောကြားခဲ့ သည်။
အင်န်အိတ်ချ်ကေ