
ထွန်းကျော်
အစ္စရေးနဲ့ ဟားမားစ်တို့ ပဋိပက္ခဖြစ်ပွား လာတာ ၁၀ လကျော်လာတဲ့အချိန်မှာ တော့ ဂါဇာကမ်းမြောင်ဒေသမှာ သေဆုံး သူ အရေအတွက်ဟာလည်း ၄၀၀၀၀ နီးပါးရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ကျန်းမာရေး အာဏာပိုင်တွေကတော့ ဒီအခြေအနေကို ရှင်းရှင်းလင်းလင်း မီးမောင်းထိုးပြလိုက်ပြီး နောက်ထပ် သေဆုံးသူအရေအတွက် မြင့်တက်လာ မယ့်အပေါ် စိုးရိမ်နေကြပါတယ်။
အရေးတကြီးကူညီမှုလိုအပ်
လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာအခြေအနေတွေ ခံစားနေရတဲ့ ပြည်သူတွေဟာ အခုဆို ကျန်းမာရေး အကျပ်အတည်းကိုပါ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ အခုဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အရေးတကြီး ကူညီမှု တွေလိုအပ်နေပြီဖြစ်တယ်လို့ ကုလ သမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (ယူအင်န်ဒီပီ) ရဲ့ ပါလက်စတိုင်းပြည်သူများအကူအညီပေးရေးအစီအစဉ် ဒုတိယအထူးကိုယ်စား လှယ် နိုဂူချီချီတိုစီက ပြောကြားလိုက်ပါ တယ်။
လူပေါင်း ၃၉၄၄၅ ဦးသေဆုံး
ဂါဇာကမ်းမြောင်ဒေသမှာ လူပေါင်း ၃၉၄၄၅ ဦးသေဆုံးခဲ့ပြီး ၉၁၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ထို့အတူ ၁ ဒသမ ၉ သန်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ အဲဒီလို ဖြစ်ခဲ့ရတဲ့အကြောင်းရင်းတွေ အများကြီး ရှိတဲ့အနက် အဓိက အကြောင်းရင်း တစ်ချက်ကတော့ တိုက်ပွဲတွေဖြစ်ပွားပြီး လုံခြုံရေးအခြေအနေ ဆိုးလာလို့ပဲဖြစ်ပါ တယ်။ ထို့အတူ နေထိုင်မှုဆိုင်ရာအခက် အခဲတွေနဲ့လည်း ရင်ဆိုင်ကြုံတွေ့လျက် ရှိပါတယ်။ ဂါဇာမှာရှိတဲ့ လူအတော် များများ သင့်တော်တဲ့နေစရာအဆောက် အအုံမရှိသလို ရေနဲ့ မိလ္လာစနစ်တွေလည်း မကောင်းကြပါဘူး။ လူတစ်ယောက် ချင်းစီရဲ့ ဘဝတွေဟာ ဆိုးရွားလျက်ရှိပြီး ဒါဟာ တကယ့်ကို ပျက်စီးယိုယွင်းလာတဲ့ အခြေအနေတွေပဲ ဖြစ်ပါတယ်။
စစ်ပွဲတွေနဲ့ တင်းမာမှုတွေမြင့်တက် နေတဲ့ကြားထဲမှာ လူသားတွေကို ကူညီ ပေးတဲ့ အတွေ့အကြုံရှိတဲ့သူတောင် ဂါဇာရဲ့ မပြီးဆုံးသေးတဲ့ အကျပ်အတည်း တွေကြားထဲမှာ ရင်မောရပါတယ်။
ထပ်ပြီးမကြုံတွေ့ချင်
ဂါဇာကမ်းမြောင်ဒေသမှာ ဘဝ တစ်လျှောက်လုံးနေတဲ့ ပါလက်စတိုင်းနဲ့ ဂါဇာပြည်သူတွေကတောင် ဒီအခြေအနေ တွေကို ထပ်ပြီးမကြုံတွေ့ချင်တော့ပါဘူး။ သူတို့တွေဟာ ရန်လိုမှုတွေ၊ ပြင်းထန် မှုတွေ၊ စစ်ပွဲပေါင်းများစွာကိုတောင် ဖြတ်သန်းခဲ့ကြတာပါ။ သို့သော်လည်း ဂါဇာဖြစ်နေတဲ့ အခြေအနေတွေဟာ တစ်ခုနဲ့တစ်ခုတော့ မတူကြပါဘူး။
ကလေးငယ်တွေဟာ ခေတ်ဆိုး
စနစ်ဆိုးရဲ့သားကောင်တွေဖြစ်
၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ နေထိုင်ခဲ့တဲ့ နိုဂူချီကတော့ ပိတ်ဆို့မှုတွေ နဲ့ သိမ်းပိုက်ခြင်းတွေအောက်မှာတောင် ဂါဇာဟာ လှသွေးကြွယ်နေခဲ့တယ်လို့ ပြောခဲ့ပါတယ်။ အခုတော့ ဒီအခြေအနေ တွေဟာ လက်ရှိအခြေအနေနဲ့ တခြားစီ ဖြစ်လို့နေပါပီ။ လက်နက်မထိထားတဲ့ အဆောက်အအုံဆိုတာ ရှိတောင်မရှိ တော့ပါဘူး။ ကလေးငယ်တွေဟာ ပိုပို ပြီးတော့ ခေတ်ဆိုးစနစ်ဆိုးရဲ့သားကောင် တွေဖြစ်ခဲ့ရပါတယ်။
အခုဆိုရင် ဂါဇာဟာ အရင်လိုချစ်စရာ မကောင်းတော့သလို အရင်လိုလည်း မဟုတ်တော့ပါဘူး။ အခြေအနေတွေက အလွန်ဆိုးရွားပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ကလည်း မကြုံစဖူးပါပဲ။ အခုဆိုရင် မိဘမဲ့တဲ့ ကလေးတွေ ပိုပိုများလာပါပီ။ သူတို့ကို ဂရုစိုက်မယ့် လူတစ်ယောက် တလေတောင် မရှိတော့ပါဘူး။ သူတို့ထဲ က တချို့ဆိုရင် လမ်းမတွေပေါ်မှာ ခြေဦးတည့်ရာ လျှောက်သွားနေကြပါ တယ်။ ကလေးအများစုက ကျောင်းဆို တာ ဘာလဲတောင် မသိတော့ပါဘူး။ သူတို့မှာ သွားစရာလည်း မြေမရှိတော့ ပါဘူး။
ဂါဇာမှာ စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှု တွေ မရှိတော့တဲ့နောက်ပိုင်း ရောဂါ ကူးစက်ဖြစ်ပွားမှုနဲ့ ဖျားနာမှုတွေက လည်း တိုးမြင့်လာပါတော့တယ်။ ဖျားနာ တဲ့သူတွေ သန်းကျော်ရှိပါတယ်။ သူတို့ တွေမှာ အသည်းရောင်အသားဝါရောဂါ တွေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်ဖြစ်ပွားမှုတွေ၊ ပိုလီယို ရောဂါဖြစ်ပွားမှုတွေ ဒုနဲ့ဒေးပါ။
အမှိုက်တွေကိုပြန်ပြီး ခွဲထုတ်နေရ
အခုလို ဖြစ်ပွားရတဲ့အကြောင်း ကတော့ ကောင်းမွန်တဲ့သောက်သုံးရေ မရရှိမှု၊ ကောင်းမွန်တဲ့ ရေဆိုးထုတ်စနစ် မရှိမှု၊ တစ်ကိုယ်ရေသန့်ရှင်းမှု မရှိမှုတွေ ကြောင့်ပဲ ဖြစ်ပါတယ်။ အမှိုက်ပုံတွေဟာ လူတွေလမ်းလျှောက်တဲ့နေရာ၊ အလုပ် လုပ်တဲ့နေရာ၊ ဈေးဝယ်တဲ့နေရာ၊ နေထိုင် တဲ့နေရာတွေနဲ့ နီးကပ်နေပါတယ်။ ဆေးဘက်ဆိုင်ရာ စွန့်ပစ်ပစ္စည်းတွေ ဆိုရင်လည်း ဒီအတိုင်း စွန့်ပစ်လို့မရပါ ဘူး။ သီးခြားစွန့်ပစ်ရမှာ ဖြစ်ပါတယ်။ အခုတော့ ဒီလိုမဟုတ်ပါဘူး။ သာမန် အမှိုက်တွေနဲ့ရောပြီး စွန့်ပစ်လိုက်ကြ တာဖြစ်ပါတယ်။ အဲဒါတွေကို စနစ် တကျဖြစ်အောင်နဲ့ စွန့်ပစ်ထားတဲ့ ဆေးဘက်ဆိုင်ရာ အမှိုက်တွေကို ပြန်ပြီး ခွဲထုတ်နေရပါတယ်။
အမှိုက်တန်ချိန် ၉၀၀၀၀ ကောက်ခဲ့
ဇန်နဝါရီလမှ ဇူလိုင်လလယ်လောက် အထိ အမှိုက်တန်ချိန် ၉၀၀၀၀ ကို ကောက်ခဲ့ပါတယ်။ ယူအင်န်ဒီပီအနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အမှိုက်စွန့်ပစ် တဲ့ စနစ်တစ်ခုလုပ်ဆောင်ဖို့ အမေရိကန် ဒေါ်လာ ၆၂ မီလီယံ တောင်းခံခဲ့ပါတယ်။ ဒီလိုမျိုး အမှိုက်တွေကို စနစ်တကျစီမံ ခန့်ခွဲနိုင်မယ်ဆိုရင်လည်း ပြည်သူလူထုရဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ် တဲ့ နေရာမှာ တကယ်ထိရောက်မှာပဲဖြစ်ပါ တယ်။
ဒါတွေကိုသာ မှန်မှန်ကန်ကန်စနစ် တကျမလုပ်ဘူးဆိုရင် ဒါတွေက ပြည်သူ တွေရဲ့ဘဝကို ခြိမ်းခြောက်လာမှာပဲ ဖြစ်ပါတယ်။ တချို့ကတော့ အခုတောင် ကျန်းမာရေးပြဿနာတွေကို ရင်ဆိုင် နေရ ပြီဖြစ်ပါတယ်။ နောက်ပိုင်း စစ်ဖြစ် ပြီးတာတောင် ပြန်လည်နာလန်ထူ အောင် အများကြီးလုပ်ဆောင်ရမှာဖြစ် ပါတယ်။
ဒါကြောင့် လတ်တလောမှာတော့ နိုင်ငံတကာအကူအညီတွေ အရေးပေါ် လိုအပ်လျက်ရှိပါတယ်။ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ အများကြီးလိုပါတယ်။ ထောက်ပံ့ရေးနဲ့ ကုန်ပစ္စည်းတွေတင်မဟုတ်ဘဲ ဂါဇာ ကမ်းမြောင်ဒေသတွင်း သွားလာမှုဆိုင်ရာ ဘေးအန္တရာယ်ကင်းရေးနဲ့ တခြားစက် ကိရိယာတွေအထိ အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။
အချိန်မီ ကူညီမှုတွေသာ မလုပ်ဘူး ဆိုရင် ဂါဇာရဲ့အခြေအနေဟာ ကူကယ် ရာမဲ့အခြေအနေဖြစ်ပြီး ဒီထက်ပိုဆိုးဖို့ပဲ ရှိပါတယ်။ ။
ကိုးကား - အင်န်အိတ်ချ်ကေ