အရှေ့တောင်အာရှအားကစားပွဲအတွက် ကစားနည်း ခြောက်မျိုး စခန်းသွင်းလေ့ကျင့်

 

နေပြည်တော်  ဩဂုတ်   ၁၃


 (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၌ စခန်း သွင်းလေ့ကျင့်လျက်ရှိသော အားကစားနည်း ခြောက် နည်းမှ မြန်မာ့လက်ရွေးစင် အားကစားသမား ၁၁၇ ဦး တို့အား ယနေ့နံနက်   ၇  နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ခန္ဓာကိုယ်ကြံ့ခိုင်မှု စစ်ဆေး ခြင်း (Physical Test)(အပေါ်ပုံ) ပြုလုပ်နေမှုများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစား နှင့်  ကာယပညာဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော် ဦး၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြား ရေးမှူး   ဦးကျော်ဇင်မိုးနှင့်အတူ  တာဝန်ရှိသူများ သွားရောက်ကြည့်ရှု အားပေးသည်။

 


ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့် ဦးက အားကစားသမားများအား ပြည်ထောင်စုဝန်ကြီး ညွှန်ကြားထားသည့်အတိုင်း     မဆုတ်မနစ်သော စိတ်ဓာတ်၊ မလျှော့သော ဇွဲ၊ လုံ့လတို့ဖြင့် ခန္ဓာကိုယ် ကြံ့ခိုင်မှုရှိအောင် ယခုကတည်းက ကြိုးစားလေ့ကျင့် ကြရန်လိုကြောင်း၊ ယခုရရှိသည့် စံချိန်စံညွှန်းများ ထက် ပိုမိုကောင်းမွန်သည့် စံချိန်စံညွှန်များရရှိအောင် အားသွန်ခွန်စိုက် ကြိုးစားသွားကြရန်နှင့် လိုအပ်ချက် များရှိပါက    ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။


အားကာမောင်