
နေပြည်တော် ဇန်နဝါရီ ၁၉
တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းမြို့နယ်၌ ဇန်နဝါရီ ၁၈ ရက်တွင် အရက်အတူသောက် စားပြီး စကားများရန်ဖြစ်ရာက လူသတ်မှုဖြစ်ပွားကြောင်း သိရ သည်။
ဖြစ်စဉ်မှာ နံနက် ၇ နာရီခွဲ တွင် ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့ (၁)ရပ်ကွက်နေ သိန်းဇော်ထွန်း(ခ)ရဲဝင်း(၂၆နှစ်)၊ ၎င်း၏ ဇနီးဖြစ်သူ မဝေ(ခ)ဝေဝေ (၂၄နှစ်)၊ တစ်အိမ်တည်းနေ ဦးအေးနိုင်၊ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းတို့လေးဦးသည် အရက် သေစာ အတူသောက်စားပြီး စကားများရန်ဖြစ်ကြစဉ် သိန်း ဇော်ထွန်း(ခ)ရဲဝင်းက ဦးအေးနိုင် နှင့် ဒေါ်ဖြူဝင်းတို့အား အရိုး၊ အသွား ၁၅ လက်မခန့်ရှိ ဓားကောက်ချွန် ဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့ပြီး အလောင်းများအား မီးရှို့ကာ ဇနီး ဖြစ်သူ မဝေ(ခ)ဝေဝေနှင့်အတူ နေထိုင်ရာတဲအနီး၌ စွန့်ပစ် ဖျောက်ဖျက်ခဲ့သည်။
လူသတ်မှုကျူးလွန်သူ ၎င်းတို့ နှစ်ဦးအား ခမောက်ကြီးနယ်မြေရဲစခန်း(ပ)၂/၂၀၂၂၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၂၀၁/၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်း ရရှိသည်။
ရဲပြန်ကြား