အရှုံးထဲက အမြတ်

သူများဆီက ငှားထားတာ

-----------------------

 

ဓမ္မဒူတ 
ဒေါက်တာအရှင်ဆေကိန္ဒ

==============

ဘာနဲ့တူလဲဆိုတော့  ရန်ကုန်မြို့မှာနေ တဲ့ ပုဂ္ဂိုလ်တွေဟာ တောရပ်တောဒေသ က တက်လာကြတယ်ဆိုပါစို့။ 
လယ်တွေ၊ ယာတွေ၊ ချောင်းတွေ၊ မြောင်းတွေ အကုန်ရောင်းပြီး တက်လာ ကြတယ်။ 
ဘာလို့    တက်လာတာလဲဆိုရင် စီးပွားရှာဖို့ လာကြတာပေါ့။ 
ရန်ကုန်ရောက်တော့ ဘာပြောပြော ပါလာတဲ့အရင်းအနှီးလေးနဲ့ သင့်တော် တဲ့ မြို့ထဲတစ်နေရာမှာ တိုက်ခန်းငှားနေ ပါတယ်။ 
တိုက်ခန်းက အောက်ထပ်မရဘူး။ 
ပထမထပ်ရတယ်။ 
လုပ်ငန်းကိုင်ငန်း   ဈေးရောင်းလို့ လည်း မရ။ 
ပါလာတဲ့ အထုပ်ကလေး ဖြေစား၊ ဖြေစား လုပ်နေရပါတယ်။ 
ဒါနဲ့တင်မကဘူး။ 
ကြည့်လေ၊   စီးပွားရှာဖို့  နယ်က လာတဲ့   လူတွေဟာ အောက်ထပ်က လက်ဖက်ရည်ဆိုင်၊   ဟိုဘက်ဘေးက စားသောက်ဆိုင်၊    ဒီဘက်ဘေးက ကာရာအိုကေ၊   ဟိုဘက်ဘေးက   TV Game ။  
ကိုယ်ပါလာတဲ့ပိုက်ဆံတွေ အထုပ် ဖြေပြီး     စားလိုက်သောက်လိုက် ပျော်လိုက်ပါးလိုက်နဲ့ အဲဒါနဲ့တင် စီးပွား မရှာဘဲ အချိန်ကုန်တော့ မွဲကုန်ပါလေ ရော။ 
မွဲလာတော့  မြို့ထဲက တစ်လကို တစ်သိန်းပေးရတဲ့ နေရာကနေ တစ်လ ကို      ငါးသောင်းတန်လောက်ငှား၊ ငါးသောင်းကနေ     သုံးသောင်းတန် လောက်ငှား၊ တဖြည်းဖြည်း မြို့လယ် ကောင်ကနေ ဟိုး...မြို့စွန်မြို့ဖျားက ဆင်ခြေဖုံးရောက်သွားကြရတယ်။ 
နောက်ဆုံးတော့ ကျူးကျော်တဲဆီ ရောက်သွားကြရတယ်။ 
မိမိတို့လာတုန်းက ရန်ကုန်မှာ စီးပွား ရှာဖို့လာတာ၊ နယ်ကနေ စီးပွားဖြစ်ချင် လွန်းလို့ မြို့ကို တက်လာတာပါ။ 
အဲဒီလိုပဲ      မိမိတို့တစ်တွေလည်း သုံးဆယ့်တစ်ဘုံကနေ    လူ့ပြည်ဌာန လူ့လောကမှာ ကုသိုလ်စီးပွား လာရှာကြ တာပါ။ 
ဟောဒီ    လူ့ဘဝခန္ဓာကိုယ်ကြီးက အိမ်ငှားခန္ဓာကိုယ်ကြီးပါပဲ။ 
အဲဒါကို ကိုယ့်ကိုယ်ကိုယ် သေမင်း ဆီက ငှားထားတယ်ဆိုတာ မသိလေတော့ လေ ကြည့်စမ်းပါဦး  ....။ 
ပျော်လိုက်ပါးလိုက်      စားလိုက် သောက်လိုက်နဲ့ တကယ်လို့သာ မိမိတို့က အိမ်ငှား၊ အိမ်ငှားအနေနဲ့ ခန္ဓာကိုယ်ကြီး ငှားထားမှန်းသိရင် နောက်သုံးလနေရင် အိမ်ရှင်က ပြန်သိမ်းတော့မယ်။ 
မိုးယိုနေတဲ့ သွပ်မိုးကို အကုန်ခွာပြီး ပြန်မိုးမလား။ ခွက်လေးခံပြီး နေမလား။ စဉ်းစားပေါ့။  ကိုယ်မပိုင်လို့ အိမ်အမိုးကို မပြင်တော့ဘဲ ခွက်လေးခံပြီးနေမယ်။ 
ဒါဖြင့် မိမိတို့ ဒီခန္ဓာကိုယ်ကြီးကရော ခွက်လေးခံပြီး နေရုံနေတာလား။ 
သွပ်ဟောင်းတွေကို ခွာပစ်ပြီး သွပ် အသစ်တွေ မိုးနေတာလား၊ ပြန်ကြည့်ကြ စေလိုပါတယ်။ 
အိမ်ရှင်သေမင်းက   အိမ်ပြန်အပ်ဖို့ ပြောနေပါပြီ။ 
ဆံပင်ဖြူလာတယ်ဆိုတာ နောက်သုံး လေးငါးလပဲ ကျန်တော့တယ်။ အိမ်ရှင်က အိမ်ပြန်အပ်ဖို့ ပြောတော့မယ်။ 
အခုလည်း သွပ်မိုးက ပေါက်နေပြီ။ ကိုယ့်အိမ်ပိုင်လည်း မဟုတ်ဘူး။ နောက် သုံးလေးငါးလ  အချိန်တန်ရင်  အိမ်ရှင် သေမင်းထံ      ဒီအငှားခန္ဓာအိမ်ကြီးကို ပြန်အပ်ရတော့မယ်။ အဲဒါကို ကိုယ်က ကိုယ့်အိမ်ပိုင်ထင်ပြီး ဒါပဲပြင်နေကြတာ။ 
ဟယ်-နင်တို့အိမ်ကလည်း ကြည့်စမ်း ပါဦးလို့    သူများက    အိမ်ပိုင်ထင်ပြီး လာပြောတာ။ 
ကိုယ်က အိမ်ငှား။ 
နင်တို့ အိမ်ကြီးက ကြည့်စမ်းပါဦးဟာ ဆေးလည်းမရှိ၊      အရောင်လည်းမရှိ၊ အရောင်က ဖျော့တော့တော့နဲ့။ 
နင်တို့ဂုဏ်နဲ့ နင်တို့သိက္ခာနဲ့ ဆေးလေး ဘာလေး သုတ်စမ်းပါဦးဆိုတော့ ဘာလုပ် ကြမလဲ။ 
နောက်သုံးလေးလနေရင်  အိမ်က ပြန်ပေးရတော့မယ်။ ပြန်အပ်ရတော့မယ်။ ဆေးသုတ်မလား၊ မသုတ်ဘူးလား။ 
ဒါပေမယ့် နိစ္စဓူဝခန္ဓာကိုယ်ကို ဆေး တွေနဲ့ သုတ်နေကြတယ်။ ဟိုအရောင် ခြယ်၊    ဒီအရောင်ဆိုး  အမျိုးမျိုးသော အရောင်တွေနဲ့   မျက်နှာကို  ဆေးသုတ် နေတာပါ။ 
တချို့ကျတော့ မျက်နှာတင်မဟုတ် တော့ဘူး။      မျက်နှာတင်အားမရလို့ ခေါင်းပေါ်က   ဆံပင်တွေကိုပါ  အရောင် အမျိုးမျိုး ခြယ်ကြသေးတယ်။ 
အဲဒါကိုပြောတာ၊ အလကားနေရင်း မျက်နှာကို   ဆေးသုတ်ပြီး၊    ဆံပင်ကို ဆေးဆိုးပြီး အကုန်ခံတယ်ဆိုတာ။ 
ကိုယ့်ခန္ဓာကိုယ်ဟာ ကိုယ့်အိမ် မဟုတ် ပါဘူး။ သူများအိမ်ပါ။ သေမင်းဆီက ခဏ ငှားထားတာ။ 
တကယ်က ကိုယ်ပိုင်မဟုတ်ဘူး။
သူများဆီက ငှားထားတာပါ။ 
သေမင်းဆီက ငှားထားတာပါ။ 
ဒါပေမယ့် ဘေးလူတွေက ကိုယ့်လာ ကြည့်တော့        အထင်ကြီးတာပေါ့။ တိုက်ကြီးနဲ့နေတာ ဆေးလေးသုတ်လိုက် ပါဦး။ 
ကြည့်စမ်းပါဦး။ နေပူရှိန်တာ ရှေ့ကို အမိုးလေး အဖီလေး ထုတ်လိုက်ပါဦး။ 
အဲဒီကျတော့   ခေါင်းက ဆံပင်ကို ဟိုလိုလုပ်လိုက်၊        ဒီလိုလုပ်လိုက်နဲ့ လုပ်ပြန်ပြီ။ 
သေချာ စဉ်းစားကြည့်ကြပါ။ 
ဒါတွေဟာ ကိုယ်ပိုင်တာ မဟုတ်ဘူး။ 
အိမ်ငှားအစစ်ပဲဆိုတာ သိအောင် ပြောပေးတာပါ။ 
ဟိုး ... တောရွာကနေ ရှိသမျှပစ္စည်း တွေ အကုန်ရောင်းပြီး မြို့တက်လာတာ။ စီးပွားရှာဖို့ မြို့တက်လာကြတာပါ။ 
အခုတော့     စီးပွားရှာရမယ့်အစား အချိန်ဖြုန်းနေတယ်။     အလဟဿ ပိုက်ဆံတွေ ဖြုန်းပစ်နေကြပါတယ်။ 
တကယ်ပြောတော့ လူ့ပြည်လူ့ဌာန လူ့လောကမှာ ရောက်နေတဲ့ မိမိတို့ဟာ ဒီခန္ဓာကိုယ်အိမ်ကြီးကို   သေမင်းဆီက ငှားထားတာ။ 
မငှားခင် ဘာလုပ်ရမလဲ။ 
ရွှေဘုံသာလမ်းက      ငှားထားတဲ့ အခန်းလောက်ကနေပြီးတော့ ကိုယ့် တိုက်ကိုယ့်ခြံ ကိုယ့်ဝင်းနဲ့နေဖို့ ကောင်း တာပေါ့။ 
တစ်လ ငါးသိန်းနဲ့ လုံးချင်းတိုက် ငှားပြီး       နေလိုက်ပေါ့။   ဒါတောင် ကောင်းကောင်းမရတော့ဘူး။ တစ်လ ဆယ်သိန်းနဲ့ငှားနေ၊       စီးပွားတွေ ကြိုးစားရှာရင်းနဲ့       ကိုယ့်ခြံကိုယ့်ဝင်းနဲ့ ကောင်းကောင်းနေနိုင်ရင် ဘယ်လောက် ကောင်းလိုက်မလဲ။    သေချာစဉ်းစား ကြည့်ပေါ့။ 
အခုကျတော့ တောကနေ မြို့တက် လာ၊ မြို့ရောက်လာပြီး စီးပွားရှာရင်း ပျက်စီးသွားကြတဲ့သူတွေက အများကြီး ပါပဲ။