နေပြည်တော် ဇူလိုင် ၁၀
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (၁/၂၀၂၆) အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပရာ အေဂျင်စီဥက္ကဋ္ဌ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အေဂျင်စီအတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် ပြင်ပအဖွဲ့အစည်းများမှ အေဂျင်စီအဖွဲ့ဝင်များ တက်ရောက်သည်။
အစည်းအဝေးတွင် အေဂျင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး တက်ရောက်လာကြ သူများက လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းနိုင်ရေး၊ အဓိကစွမ်းဆောင်ရည်ညွှန်းကိန်း (Key Performance Indicators-KPI) များ သတ်မှတ်ဆောင်ရွက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ တင်ပြမှုများအပေါ် လုပ်ငန်း ဆိုင်ရာများ မှာကြားသည်။
ယနေ့နံနက်ပိုင်းကလည်း ဒုတိယဝန်ကြီးသည် မွန်ပြည်နယ်သထုံမြို့ရှိ အမှတ်(၈) စက်မှုသင်တန်း ကျောင်း(သထုံ) သင်တန်းခန်းမ၌ ကျင်းပသည့် ရော်ဘာနည်းပညာ ကာလတိုသင်တန်းဆင်းပွဲကို နေပြည်တော်ရုံးအမှတ် (၃၀)မှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်