အသိပေးကြေညာချက်

၁။ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသတင်းထောက်အချို့က လက်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအား military council (သို့မဟုတ်) military junta (သို့မဟုတ်) junta ဟု သတင်းများတွင် သုံးနှုန်းရေးသားဖော်ပြခြင်း၊ မြန်မာနိုင်ငံနှင့် ပတ်သက်သော အခြေအမြစ်မရှိသည့် သတင်းမှားများကို ကိုးကားချဲ့ကားရေးသားဖော်ပြခြင်းများ ပြုလုပ်နေသည်ကို တွေ့ရှိရပါသည်။

 

၂။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)အရ အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်၏ တာဝန် အရပ်ရပ်ကို ထိန်းသိမ်းဆောင်ရွက်နေခြင်းသာဖြစ်ပြီး အာဏာသိမ်း အစိုးရမဟုတ်ကြောင်း အတိအလင်း ရှင်းလင်းပြောကြားထားပြီး ဖြစ်ပါသည်။

 

၃။ ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံများကလည်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ် ပြုထားပြီး ဖြစ်ပါသည်။

 

၄။ နိုင်ငံခြားသတင်းဌာနအချို့က ကမ္ဘာ့ပြည်သူများကို သတင်း မှားများ ချပြပြီး ပြည်သူများအား သတင်းအဆိပ်သင့်အောင်၊ နိုင်ငံ ပျက်စီးရာ ပျက်စီးခြင်းများ ဖြစ်ပေါ်အောင် တိကျသေချာမှု မရှိသော သတင်းများကို ကိုးကားချဲ့ကား ရေးသားဖော်ပြနေမည့်အစား သတင်း မီဒီယာကျင့်ဝတ်နှင့်အညီ ရေးသားဖော်ပြကြရန် အထူးလိုအပ်ပါသည်။

 

၅။ နိုင်ငံတော်အစိုးရကလည်း သတင်းစီးဆင်းမှု မှန်ကန် မြန်ဆန်စေရေးအတွက် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခြင်း၊ သတင်းမေးမြန်းမှုများအား မှန်ကန်မြန်ဆန်စွာ ဖြေကြားခြင်းများ အလေးထား ဆောင်ရွက်လျက်ရှိပါသည်။

 

၆။ နိုင်ငံတော်အစိုးရအား နိုင်ငံခြားသတင်းဌာနအချို့က military council/ military junta / junta ဟု သုံးနှုန်းနေမှုများကို နောင်တွင် သုံးစွဲမှု မပြုလုပ်ရန်၊ သတင်းမှားများကို ကိုးကားချဲ့ကား ရေးသားခြင်း များ မပြုလုပ်ရန်နှင့် အသုံးအနှုန်း လွဲမှားသုံးစွဲခြင်း၊ သတင်းမှားများ ကိုးကားချဲ့ကားရေးသားခြင်း၊ သတင်းမှားများ ဖြန့်ဝေခြင်းများ ပြုလုပ်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

 

ပြန်ကြားရေးဝန်ကြီးဌာန