ရက်စွဲ။ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်
အများပြည်သူ ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ကြေညာထားသော (၁၇-၇-၂၀၂၁ မှ ၂၅-၇-၂၀၂၁ ထိ) ရုံးပိတ်ရက်များတွင်လည်း နယ်စပ်ကုန်သွယ်ရေးစခန်းများအနေဖြင့် အလုပ်တာဝန်များ ရပ်ဆိုင်းထားမည်မဟုတ်ဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် Covid-19 ကူးစက်ရောဂါ ကာကွယ် ကုသရေးပစ္စည်းများ တင်သွင်းမှုများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးသွားမည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန