အသိပေးကြေညာခြင်း

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်(နတ်မောက်)တို့တွင် အာဇာနည်နေ့အထူးပြပွဲများအတွက် နှစ်စဉ်  ဇူလိုင်လ ၁၉၊ ၂၀၊ ၂၁ ရက်များတွင်  ဖွင့်လှစ်ပြသခဲ့ ပါသည်။  ယခုအခါ COVID-19 ရောဂါ ထိန်းချုပ်ရေးကာလဖြစ်သောကြောင့် (၇၄) နှစ်မြောက် အာဇာနည်နေ့အထူးပြပွဲများကို ပြသခြင်းမပြုတော့ဘဲ ပြတိုက်များကို ပိတ်ထားမည်ဖြစ်ပါသည်။ သို့ရာတွင် အများပြည်သူ လေ့လာကြည့်ရှုနိုင်ရန်အတွက် Online Exhibition အဖြစ် ပြသသွားမည်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)အတွက် https://www.national museumyangon.gov.mm တွင်လည်းကောင်း၊  ဗိုလ်ချုပ်အောင်ဆန်း  နေအိမ်ပြတိုက်(နတ်မောက်)အတွက် https://www. generalaungsanmuseum.com တွင်လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန website https://www.moculture.gov.mm   တို့တွင်လည်းကောင်း   ၁၆-၇-၂၀၂၁ ရက်နေ့မှစ၍ တစ်နှစ်ပတ်လုံး ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ 


ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန