နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ဩဂုတ်လ ၂၃ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ တစ်ဆက် တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်ရှည်အဖြစ် ကြေညာ ခဲ့ပါသည်။ အများပြည်သူ အလုပ်ပိတ်ရက်ရှည်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသမှုဆိုင်ရာ ဆေးဝါး/ဆက်စပ်ပစ္စည်းများနှင့် အခြားလူသုံးကုန်ပစ္စည်း တင်သွင်းခြင်းကိစ္စရပ်များအား (ရေကြောင်း/လေကြောင်း/နယ်စပ်) လမ်းကြောင်းများမှတစ်ဆင့် လွယ်ကူ လျင်မြန်စွာ အခက်အခဲမရှိ တင်သွင်းနိုင်ရန်အတွက် အကောက်ခွန် ဦးစီးဌာနအနေဖြင့် ပိတ်ရက်မရှိ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း အသိပေးကြေညာအပ်ပါသည်။
အကောက်ခွန်ဦးစီးဌာန
Type