ရက်စွဲ၊ ၂၀-၁၂-၂၀၂၁။
၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၌ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ထုတ်ပြန်ကြေညာခဲ့သည့် NUG ၊ CRPH နှင့် လက်ဝေခံ PDF အဖွဲ့များ၏ တရားမဝင် လက်နက်များ၊ ခဲယမ်းများ၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများ နှင့် ဆက်စပ်ပစ္စည်းများအပြင် လက်လုပ် သေနတ်၊ ယမ်း၊ မိုင်းနှင့် ဆက်စပ်ပစ္စည်းများကို လက်ဝယ်ကိုင်ဆောင် အကြမ်းဖက်မှုအပေါ်နှင့် နယ်စပ်ဒေသများနှင့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့တို့မှလည်း နိုင်ငံရေး၊ စစ်ရေး အမြတ်ထုတ်ရန်အလို့ငှာ ပြည်တွင်းသို့ နည်းမျိုးစုံ ဖြင့် ပို့ဆောင်နေသည့် လက်နက်၊ ခဲယမ်း၊ မိုင်း၊ ဆက်သွယ် ရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအား နေ့စဉ်နှင့်အမျှ ဖော်ထုတ်ဖမ်းဆီးရမိလျက်ရှိသကဲ့သို့ နည်းမျိုးစုံဖြင့် လက်ဝယ်ကိုင်ဆောင်သူ အကြမ်းဖက်သမားများထံမှ လည်း ဖော်ထုတ်ဖမ်းဆီး/ သိမ်းဆည်းရမိလျက်ရှိပါသည်။
၂။ ၎င်းအပြင် တချို့သော အကြမ်းဖက်သမားများသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ မသိနားမလည်မှု၊ ရိုးသားမှုအပေါ် အခွင့်ကောင်းယူလျက် မိမိတို့၏ တရားမဝင် လက်နက်၊ ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်း များအပြင် တားမြစ်ပစ္စည်းများကိုလည်း နည်းအမျိုးမျိုး၊ အသွင်အမျိုးမျိုးဖြင့် အပ်နှံသိမ်းဆည်းစေမှုများကိုလည်း ဖော်ထုတ်ဖမ်းဆီးရမိလျက်ရှိပါသည်။
၃။ သို့ဖြစ်ပါ၍ အကြမ်းဖက်သူများနှင့် မသက်ဆိုင်သူ များကို မလိုလားအပ်သော တရားဥပဒေရင်ဆိုင်မှုများ မရှိစေနိုင်ရေးအလို့ငှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထား၍ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးသည် အကြောင်းအမျိုးမျိုးနှင့် နည်းမျိုးစုံဖြင့် မိမိတို့နေအိမ်၊ တိုက်ခန်းနှင့် နေရာအသီးသီးတွင် တရားမဝင် လက်နက်၊ ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ် ပစ္စည်းများအပါအဝင် နိုင်ငံတော်မှဥပဒေအရ တားမြစ် ပြဋ္ဌာန်းထားသည့် မူးယစ်ဆေးဝါးများ လက်ဝယ်သို့ရောက် ရှိ သိမ်းဆည်းထားခြင်းများရှိကြပါက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ/ နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ ဝင်များထံသို့ လာရောက်အပ်နှံကြပါရန်နှင့် သတ်မှတ်ရက် ကျော်လွန်ပြီးနောက် စစ်ဆေးတွေ့ရှိရပါက တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း သတိပေး ထုတ်ပြန်အပ်ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ