အသွင်ကူးပြောင်းမှုနှင့် နိုင်ငံ့အခြေအနေ အမှန်/အမှား ခွဲခြားရှုမြင်

Type
မောင်သောမန (ယမန်နေ့မှ အဆက်) ဥပဒေများ ဖျက်သိမ်း တိုင်းပြည်အကျိုးစီးပွားကို ရှေးရှု၍ ပြဋ္ဌာန်း ထားသော ဥပဒေများကို NLD အစိုးရ နိုင်ငံ့တာဝန် ယူစဉ်က မရိုးဖြောင့်သော သဘောထားဖြင့် ဖျက်သိမ်းခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် အရေးပေါ် စီမံမှုအက်ဥပဒေ၊ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့်ဥပဒေနှင့် ဧည့်စာရင်းတိုင်ကြား ခြင်းဆိုင်ရာဥပဒေတို့ကို ဖျက်သိမ်းခဲ့သည်။ အဆိုပါ ဥပဒေများသည် နိုင်ငံအတွက် မရှိမဖြစ်လိုအပ် သဖြင့် ပြဋ္ဌာန်းခဲ့သော ဥပဒေများဖြစ်သည်။ ထိုဥပဒေများသည် ပြည်သူများ စိတ်အေးချမ်းသာ စွာနေထိုင်ရေးအတွက် မြို့ရွာများလုံခြုံရေးစနစ် ကောင်းမွန်အောင် ပြဋ္ဌာန်းထားသော ဥပဒေများ ဖြစ်သည်။ ထိုဥပဒေသုံးခုစလုံးသည် လုံခြုံရေးအတွက် အရေးကြီးသော ဥပဒေများဖြစ်သည်။ ရှေးယခင် ခေတ်ကာလအဆက်ဆက်ကတည်းက ကျင့်သုံး လာခဲ့သော ဧည့်စာရင်းတိုင်ကြားသောစနစ်ကို NLD အစိုးရလက်ထက်တွင် ဖျက်သိမ်းပစ်နိုင်ခဲ့သည် ကို NLD လွှတ်တော်ကိုယ်စားလှယ်အားလုံးက ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြသည်။ အဆိုပါဥပဒေ များ ဖျက်သိမ်းရန် လွှတ်တော်သို့ တင်ပြချိန်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ က နိုင်ငံ့အကျိုးရည်မျှော်၍ ကန့်ကွက်ခဲ့ကြသည်ကို မှတ်မိကြဦးမည် ထင်ပါသည်။ သို့သော်လည်း မဲခွဲ ဆုံးဖြတ်ပြီး အင်အားများသူတို့ အနိုင်ရခဲ့သည်။ ယခင်က ရပ်ရွာများတွင် ဧည့်စာရင်းမတိုင်ပါက ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်ခံရသဖြင့် မတရားဖိနှိပ် သော ဥပဒေဟု စွပ်စွဲကာ ဖျက်သိမ်းခဲ့ကြသည်။ တိုင်းပြည်လုံခြုံရေးထိခိုက် အမှန်တွင် ဧည့်စာရင်းစနစ်ကို ကျင့်သုံး သောကြောင့် ရပ်ရွာများအတွင်း သူစိမ်းတစ်ရံဆန် မည်သူရောက်ရှိနေသည်ကို ချက်ချင်းသိရှိနိုင်ပြီး ဥပဒေဖောက်ဖျက်သူများ၊ ဒုစရိုက်သမားများ၊ တိုင်းပြည်ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်မည့် သူများကို အလွယ်တကူ ရှာဖွေတားဆီးနိုင်သည်။ ယခင်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ရှာဖွေဖမ်းဆီးနိုင်သဖြင့် ၎င်းတို့၏အကျိုးတစ်ခု တည်းကိုကြည့်ကာ ဖျက်သိမ်းခဲ့၍ မြို့ရွာများတွင် အကြမ်းဖက်သမားများ၊ ဒုစရိုက်သမားများ၊ တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသူများ အများအပြား ရောက်ရှိလာပြီး ရပ်ရွာလုံခြုံရေး၊ တိုင်းပြည် လုံခြုံရေးတို့ ထိခိုက်လာခဲ့သည်ကို ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း အထင်အရှားတွေ့မြင် နိုင်မည်ဖြစ်သည်။ ထို့အပြင် ပထမအစိုးရလက်ထက် ၂၀၁၅ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သော “မျိုးစောင့် ဥပဒေ” ဟု အမည်တွင်သည့် ‘တစ်လင်တစ်မယား စနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေ’၊ ‘မြန်မာဗုဒ္ဓ ဘာသာဝင်အမျိုးသမီးများ အထူးထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေ’ နှင့် ‘လူဦးရေတိုးပွားမှု ထိန်းညှိ ခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ’ တို့ကို ဖျက်သိမ်းရန် ကြိုးစားခဲ့သော်လည်း လက်ရှိ အချိန်အထိ တည်ဆဲဥပဒေများအဖြစ်သာ ရှိနေ သေးသည်။ အမှန်တကယ်တွင် ပြည်ထောင်စု အဆင့်ဥပဒေပြုသူများအနေဖြင့် နိုင်ငံ၏ ကာကွယ် ရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အမြင်များ ကျယ်ပြန့်စွာရှိဖို့လိုအပ်ပြီး အရေးကြီး သော ဥပဒေများကို ဖျက်သိမ်းလိုက်ခြင်းက တိုင်းပြည် မည်သည့်အခြေအနေရောက်နိုင်သည်ကို သက်သေပြလျက်ရှိသည်။ အမျိုး ဘာသာ သာသနာ မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအစဉ်အလာ ကြီးမားပြီး အများစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ် သည်။ နိုင်ငံ၏ လူ့ဘောင်အသိုက်အဝန်းများတွင် ဘာသာတရားကိုအခြေခံ၍ ရပ်တည်ရှင်သန်နေကြ သည်။ NLD ပါတီနှင့် အစိုးရအနေဖြင့် ယင်းအချက် ကို မျက်ကွယ်ပြုခဲ့သည်။ အာဏာရပါတီနှင့် အစိုးရ သည် ဘာသာခြား၊ လူမျိုးခြားတို့နှင့် ရည်ရွယ်ချက် ကြီးမားစွာ ပတ်သက်ခဲ့သည်။ ရခိုင်ပြည်နယ်အရေး ကို ဖြေရှင်းရန်အတွက် ကိုဖီအာနန် ကော်မရှင် အစီရင်ခံစာတွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ ကိုပြင်ဆင်၍ နိုင်ငံသားမဟုတ်သူများကို နိုင်ငံသား ပေးရန် အစီအစဉ်လမ်းကြောင်းပေးလာခဲ့သည်။ သို့သော် မြန်မာနိုင်ငံအတွက် ထိလွယ်ရှလွယ် အန္တရာယ်များသော ထိုဥပဒေပြင်ဆင်ရေးကို ရှောင်ကွင်း၍ ဥပဒေဖျက်သိမ်းခြင်း၊ ပြဋ္ဌာန်းခြင်း၊ စာချုပ်လက်မှတ်ရေးထိုးခြင်းတို့ကို လုပ်ဆောင်လာ ခဲ့သည်။ နိုင်ငံတော်၏ ဘဏ္ဍာငွေဖြစ်သည့် နိုင်ငံတော် သမ္မတ အရေးပေါ်ရန်ပုံငွေမှ ကျပ်သန်းပေါင်း ၆၄၂၆ သန်း ထုတ်ယူသုံးပြီး ဆိုရှယ်လူမှုကွန်ရက်ပေါ်မှ ပြည်သူလူထု၏ လွတ်လပ်စွာ ဝေဖန်ရေးသား ပြောဆိုမှုများကို ထိန်းချုပ်ခဲ့ပါသည်။ လွတ်လပ် စွာဆန္ဒဖော်ထုတ်မှု၊ လွတ်လပ်စွာပြောဆိုမှု၊ ဟောပြောမှု၊ စီတန်းလှည့်လည်မှုများကို နည်းမျိုးစုံ ဖြင့် နှောင့်ယှက်ဟန့်တား တားဆီးခဲ့သလို ဥပဒေ ကြောင်းအရလည်း ရှာဖွေဖမ်းဆီးအရေးယူခဲ့သည် ကိုလည်း တွေ့ရသည်။ ပြည်သူ့အစိုးရဟူသော လက်ထက်တွင် ယခင်ပထမ ဒီမိုကရေစီအစိုးရ လက်ထက်သာလွန်၍ အရေးယူတားဆီးမှုများပြုလုပ်ခဲ့သည်။ ပြည်သူ့အစိုးရ လက်ထက်တွင် မီဒီယာသမားများအား ဖမ်းဆီးအရေးယူမှု ယခင် အစိုးရကာလထက် ပိုမိုများပြားခဲ့ကြောင်း လေ့လာ သူတို့က တင်ပြကြသည်။ ဗုဒ္ဓဘာသာအသင်းအဖွဲ့ဖျက်သိမ်း မြန်မာနိုင်ငံ၏ သမိုင်းကြောင်းအစဉ်အလာအရ အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြသော အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးကို ဆောင်ရွက်ကြသည့် ဗုဒ္ဓဘာသာအသင်းအဖွဲ့များ၊ အမျိုးသား နိုင်ငံရေးအင်အားစုများကို အမျိုးမျိုး ဖိအားပေး ဖယ်ရှားအရေးယူနိုင်အောင် ဆောင်ရွက် ခဲ့သည်။ အမျိုးဘာသာ သာသနာအရေးကို ဆောင်ရွက်သော YMBA အသင်းကိုပင် တိုက်ခိုက်မှု များ ပြုလုပ်ခဲ့သည်။ ဗုဒ္ဓဘာသာရဟန်းတော်များက ဦးဆောင်ဖွဲ့စည်းထားသော အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)ကို ဓမ္မ စက်ဖြင့် ဖျက်သိမ်းပစ်ရန် ကြိုးပမ်းအားထုတ်ခဲ့ သည်။ မြို့နယ်အလိုက် ထူထောင်ထားသော (မဘသ)ဆိုင်းဘုတ်များကို ဖြုတ်သိမ်းရန် ပြုလုပ်ခဲ့ သည်။ အဆိုပါ အသင်းအဖွဲ့အရေးကိစ္စကို ပြည်ထောင်စုအစိုးရက ဆောင်ရွက်ရမည် ဖြစ်သော်လည်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန) ကို ဖြေရှင်းခိုင်းခဲ့သည်။ အမှန်တကယ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) အရ နိုင်ငံသားများ ၏ မူလ အခွင့်အရေးနှင့် လွတ်လပ်စွာအသင်းအပင်း ဖွဲ့စည်းခွင့်၊ ၂၀၁၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သော ပြည်ထောင်စု ဥပဒေတွင်ပါရှိသည့် လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ စသည် တို့ကို ဦးစွာဖျက်ပြီးမှသာလျှင် နိုင်ငံတော် အစိုးရအနေဖြင့် (မဘသ) ကို ဖျက်သိမ်းခြင်း၊ ဆိုင်းဘုတ်ဖြုတ်သိမ်းခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ် သည်။ ငြိမ်းချမ်းရေးကို ဆောင်ရွက်နိုင် နိုင်ငံတော်ကို တာဝန်ယူခဲ့သည့် ငါးနှစ်တာ ကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ခဲ့သည်ကို အသိအမှတ်ပြုရမည် ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ နှင့် NCA စာချုပ်တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစု ပင်လုံအစည်းအဝေး လေးကြိမ်ကျင်းပနိုင်ခဲ့ပြီး အခြေခံမူ အချို့ကို ချမှတ်နိုင်ခဲ့သည်။ သို့သော် ငြိမ်းချမ်းရေး ခရီးလမ်းမှာ အလှမ်းဝေးနေဆဲ ဖြစ် သည်။ တပ်မတော်ကို အလေးမထားဘဲ အတေး အမှတ်ထားသော အစိုးရအဖွဲ့အနေဖြင့် မည်သည့် နည်းဖြင့် ငြိမ်းချမ်းရေးရရှိအောင် လုပ်ဆောင်နိုင် ပါမည်နည်း။ ငြိမ်းချမ်းရေးကို တပ်မတော်၊ အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးစားပွဲဝိုင်းတွင် ရင်းရင်းနှီးနှီး ယုံယုံကြည် ကြည် ဆုံစည်းနိုင်ပါမှ ငြိမ်းချမ်းရေးခရီး နီးမည် ဖြစ်သည်။ အမျိုးသားရင်ကြားစေ့ရေးကို ကြွေးကြော်ကာ အစိုးရတာဝန်ယူခဲ့သောအဖွဲ့သည် လက်ရှိတွင် နိုင်ငံတော်၏လိုအပ်ချက်အရ အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍတွင် ပါဝင်နေသော တပ်မတော်ကို ဘေးဖယ်ကာ ကိုယ့်လမ်းကိုယ်လျှောက်၊ ကိုယ်ထင် ရာကိုယ်လုပ်ခဲ့သည်။ နောက်ဆက်တွဲအကျိုးဆက် ကြောင့် နိုင်ငံတော်နှင့် ပြည်သူ ထိခိုက်နစ်နာရသည့် အဖြစ်မျိုးရောက်နေသည်ကို လက်တွေ့မြင်တွေ့ နိုင်ပေသည်။ ငါးနှစ်တာကာလအတွင်း အမျိုးသား ရေး စရိုက်လက္ခဏာများ ဖျက်ဆီးခြင်းခံခဲ့ရသည်။ အမျိုး ဘာသာ သာသနာကို မှေးမှိန်အောင် လုပ်ဆောင်ခဲ့သည်။ ရှေးအစဉ်အဆက် အမွန် အမြတ်ထားခဲ့သော ဗုဒ္ဓသာသနာတော် တန်းညှိ ခြင်းခံခဲ့ရသည်။ ကိုယ်တိုင်မဲဆွယ်စည်းရုံး အတိုက်အခံပါတီဘဝက ယခင်အာဏာရပါတီ ပထမအစိုးရကို ရိပ်ဖမ်းသံဖမ်းပင် မဲဆွယ်စည်းရုံး ခွင့်မရအောင် ဝေဖန်ထောက်ပြခဲ့သည်ကို တွေ့ရ မည်ဖြစ်သည်။ ပထမအကြိမ် ရွေးကောက်ပွဲ နီးသော ကာလတွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး သမ္မတစစ်ဆေးသည့်သတင်းကို အစိမ်းရောင် သစ်ပင်များ အသားပေးပြီး မဲဆွယ်စည်းရုံးပါသည် ဟု ပြစ်တင်ပြောဆိုခဲ့သည်။ ကိုယ်တိုင်အစိုးရ ဖြစ်လာသောအခါ မီဒီယာများ၊ လူမှုကွန်ရက်များ ကိုအသုံးချကာ အခြားပါတီများ မဲဆွယ်စည်းရုံး အခွင့်အရေးများကို လျစ်လျူရှုပြီး ခေါင်းဆောင်များ ကိုယ်တိုင် မဲဆွယ်စည်းရုံးခဲ့သည်။ ပထမအာဏာရပါတီအစိုးရ မဲဆွယ်စည်းရုံးခြင်း မပြုနိုင်အောင် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည့် အတိုက်အခံပါတီသည် အစိုးရအာဏာရလာ သောအခါ ကိုယ်တိုင်မဲဆွယ်စည်းရုံးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဗြောင်ကျကျချိုးဖောက်ခဲ့သည့် အပြင် ဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းရမည် ဆိုသည့်အချက်ကို လျစ်လျူရှုခဲ့ပြီး ပါဝင်ပတ်သက် စေခဲ့သည်။ ပါတီနိုင်ငံရေးမှ လူထုတော်လှန်ရေး အဖြစ် အသွင်ပြောင်းပေးခဲ့ခြင်းမှာ အဆိုးရွားဆုံး ဖြစ်သည်။ ပြည်သူလူထုအားသည်သာ အဓိကပါ၊ ပြည်သူ လူထုကို အားကိုးပါသည် စသည်ဖြင့် အစိုးရ ကိုယ်တိုင် ဦးဆောင်စွမ်းဆောင်ခြင်းမရှိဘဲ မကြာ ခဏ ပြည်သူကိုသာ တိုင်တည်နေရသည့် အစွမ်း အစကို ခန့်မှန်းကြည့်နိုင်မည်ဖြစ်သည်။ ပြည်သူ့ အကျိုးကို လက်တွေ့လုပ်ဆောင် မပြသနိုင်ဘဲ နှုတ်ပြောစကားဖြင့် စည်းရုံးနိုင်ခဲ့ခြင်းသည် ကိုယ်ကျိုးစီးပွား၊ ပါတီအကျိုးစီးပွားအတွက် ထိရောက်မှုရှိစေခဲ့သည်။ မျိုးဆက်သစ်လူငယ် လူရွယ်များအား တပ်မတော်အပေါ် အထင်အမြင် လွဲမှားအောင်ဖန်တီးပြီး လမ်းမှားပေါ်သို့ ပို့ဆောင် ပေးခဲ့သည်။ ပြည်သူချစ်သော နိုင်ငံ့ခေါင်းဆောင်တစ်ဦး သည် လမ်းမှားနေသော ပြည်သူများအား လမ်းမှန် ပေါ်သို့ရောက်အောင် တည့်မတ်ပေးရမည် ဖြစ်သော်လည်း ၁၉၈၈ ခုနှစ်မှ ယနေ့ကာလ ထိတိုင် မေတ္တာရပ်ခံခြင်း၊ ဖျောင်းဖျခြင်း၊ သွန်သင် ခြင်း၊ တည့်မတ်ပေးခြင်းမရှိသည်မှာ ပင်ကိုစရိုက် လက္ခဏာအဖြစ် ဆန်းစစ်ကြည့်နိုင်ပါသည်။ တိုင်းတစ်ပါးလူမျိုးခြားလေးစား အထူးသဖြင့် အမျိုး ဘာသာ သာသနာ၊ ယဉ်ကျေးမှု စရိုက်လက္ခဏာကြီးမားသော မြန်မာ တို့၏ လူမှုဘဝ ဓလေ့ထုံးတမ်းစဉ်လာများကို ပျက်စီးစေအောင် ကြိုးပမ်းခဲ့သည်မှာ ဝမ်းနည်း စရာဖြစ်သည်။ နိုင်ငံခြားသား တိုင်းတစ်ပါးသားကို အားကိုးခြင်း၊ ဦးစားပေးခြင်း၊ အမျိုးဘာသာကို ပစ်ပယ်ခြင်း၊ တိုင်းပြည်အတွက် အဓိကအားထားရမည့် တပ်မတော်ကို ပစ်ပယ်ခြင်း၊ ချိုးနှိမ်လိုခြင်း၊ မိမိအကျိုးစီးပွားတစ်ခုတည်းကိုသာ ကြည့်၍ တိုင်းပြည်လုံခြုံရေးဆိုင်ရာဥပဒေများကို ဖျက်ဆီး ခြင်းတို့သည် တစ်ချိန်သောအနာဂတ်တွင် မြန်မာ နိုင်ငံအဖြစ်မှ မြန်မာနစ္စတန်အဖြစ်သို့ သက်ဆင်း သွားမည့်အန္တရာယ်ကိုပါ သတိပြုရမည်ဖြစ်သည်။ ပြည်သူများကို ဦးထိပ်ထား၍ ပြည်သူကို စည်းရုံး ကာ မိမိတို့ပါတီ အင်အားကြီးထွားလာအောင် တည်ဆောက်နေခြင်းသည် ဒီမိုကရေစီမျက်နှာ ဖုံးစွပ်၍ တစ်ပါတီအာဏာရှင်စနစ်ကို ဖော်ဆောင် နေခြင်းသာဖြစ်သည်။ NLD အစိုးရအနေဖြင့် ပြဿနာတစ်ရပ်ကို ပြေလည်အောင် ဖြေရှင်းနိုင်ပါလျက်နှင့် တပ်မတော် အပေါ် ထားရှိသည့်စိတ်ရင်းကို မအောင့်နိုင်၊ မချုပ်တည်းနိုင်ဘဲ ထိပ်တိုက်ရင်ဆိုင်ပြလိုက်ခြင်း ဖြစ်သည်။ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူ အားလုံးတို့၏ အကျိုးစီးပွားကို မထောက်ရှုဘဲ ဝန်းရံသူပြည်သူများ၊ မသိနားမလည်သော ပြည်သူ များ၊ ဖျက်လိုဖျက်ဆီးလုပ်တတ်သော ပြည်သူများ အားဖြင့် နိုင်ငံပုံရိပ်ကို ကျဆင်းအောင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ NLD ပါတီ၏ အဓိကရည်ရွယ်ချက်မှာ မိမိ ပါတီမှအပ အခြားပါတီများအားလုံး လုံးဝ ပျောက်ကွယ်ရေး၊ လွှတ်တော်ထဲမှ တပ်မတော်သား ကိုယ်စားလှယ်အားလုံးဖယ်ရှားရေး၊ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေကို ဖျက်သိမ်းရေး၊ တပ်မတော်ကို မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍမှ ဖယ်ထုတ်ရေး၊ အမျိုးဘာသာသာသနာကို အခြားနှင့် ရောထွေး တန်းညှိရေးပင်ဖြစ်သည်ဟု သုံးသပ်ပါသည်။ အချုပ်အားဖြင့်ဆိုရပါလျှင် ဒီမိုကရေစီ ပန်းတိုင်သို့ရောက်ရှိရေး၊ တိုင်းပြည်နှင့် လူထု ကောင်းစားရေးအတွက် အသွင်ကူးပြောင်းမှုကို ရိုးသားဖြောင့်မတ်သောစေတနာဖြင့် ပါဝင် ဆောင်ရွက်နေခြင်းလော၊ မိမိပါတီအာဏာရရှိရေး၊ မိမိပါတီ အားကောင်းခိုင်မာလာရေးအတွက် အသွင်ကူးပြောင်းမှုတွင် ပါဝင်ဆောင်ရွက်နေခြင်း လောဟူသည့် မေးခွန်းတို့ကို သေချာစွာ အဖြေရှာ ကာ အသွင်ကူးပြောင်းမှုနှင့် နိုင်ငံတော်တွင်ဖြစ်ပေါ် နေသော အခြေအနေအမှန်/ အမှားကို ခွဲခြားရှုမြင် နိုင်ကြပါစေကြောင်း။ ။