အသုံးချသူ၊ အသုံးချခံနှင့် သွေးခွဲရေးနည်းလမ်း

Type

မျိုးငြိမ်းငယ်

=======

ယခုရက်ပိုင်းအတွင်း အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့ပုံစံ  ပြောင်းလာတာကို တွေ့ရပါတယ်။ အဲဒါကတော့ ငြိမ်းချမ်းစွာနဲ့ လမ်းပေါ်ထွက်ပြီး ဆန္ဒပြတဲ့ပုံစံပဲ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းကတော့ အစိုးရဆန့်ကျင်ကန့်ကွက်မှုတွေကို ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတာပါ။ 


နောက်ပိုင်းမှာ  ငြိမ်းချမ်းစွာဆန္ဒပြတဲ့ပုံစံကနေ လက်နက်ကိုင် တိုက်ခိုက်တဲ့ပုံစံတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ လက်နက်ကိုင် တိုက်ခိုက်တဲ့ပုံစံ ကူးသွားပြီးတဲ့နောက်ပိုင်းမှာ လမ်းမပေါ်ထွက်ပြီး ဆန္ဒပြတာတွေ မတွေ့ရတော့ပါဘူး။ ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့က  NUG   ဖွဲ့စည်းပြီးနောက်ပိုင်း ဆန္ဒပြတာတွေအစား တိုက်ခိုက်ရေး  PDF တွေဖွဲ့၊ သင်တန်းတွေပေး၊ မြို့တွေနယ်တွေမှာ နည်းလမ်းမျိုးစုံနဲ့ နေရာစုံက တိုက်ခိုက်ခဲ့ပါတယ်။ အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတစ်ခုလုံး ပျက်စီးဖို့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုက်ခိုက်ကြဖို့ NUG က စက်တင်ဘာလ ၇ ရက်နေ့မှာ တစ်နိုင်ငံလုံးကို ဗီဒီယိုမိန့်ခွန်း ကနေ တိုက်တွန်းခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ အစိုးရရပ်တည်လို့ မရအောင် လုပ်ဆောင်ခြင်းလို့  ဆိုပါတယ်။ အဲဒီနောက်ပိုင်း PDF တွေ့ရဲ့ တိုက်ခိုက်မှုတွေ ပိုမိုများပြားလာခဲ့ပါတယ်။
အခုအခါမှာတော့  PDF  တွေရဲ့  လက်နက်ကိုင်တိုက်ခိုက်တာ တွေအပြင်     လမ်းပေါ်ထွက်ဆန္ဒပြတဲ့ပုံစံတွေပါ     ပြန်လည်ပြုလုပ်လာ ပါတယ်။ အနုနည်းနဲ့ဆန့်ကျင်ရာကနေ အကြမ်းဖက်လက်နက်ကိုင် တိုက်ခိုက်တဲ့နည်းလမ်းကို   ရွေးချယ်ခဲ့ပြီး  အခုတစ်ဖန်  လမ်းပေါ်မှာ ဆန္ဒပြတဲ့နည်းလမ်းကို  ဘာကြောင့်ထပ်မံအသုံးပြုလာသလဲဆိုတဲ့ နောက်မှာ ရည်ရွယ်ချက်ရှိမှာပါ။ 


သွေးခွဲတဲ့နည်းလမ်းကို အသုံးပြု


အဲဒါကတော့ အစိုးရရဲ့ ပုံရိပ်ကို ကျဆင်းစေဖို့၊ နိုင်ငံတကာဖိအား  ပိုမိုရရှိဖို့၊ NUG  ကို  အသိအမှတ်ပြုခံရဖို့ဆိုတဲ့  ရည်ရွယ်ချက်ဖြစ်ပါ လိမ့်မယ်။ တစ်ဖက်က  အကြမ်းဖက်နည်းလမ်းတွေနဲ့   အစိုးရကို ပြည်တွင်းမှာ ဖိအားပေးနေချိန်မှာ တစ်ဖက်က နိုင်ငံတကာဖိအားတွေ ရရှိဖို့  “ခွင်”  သွင်းပြီး    မီဒီယာအားနဲ့    ပုံရိပ်ချတဲ့နည်းလမ်းတွေနဲ့ ကြိုးစားနေတယ်လို့ ယူဆရပါတယ်။  ဒီနည်းလမ်းမှာ  စိုးရိမ်စရာ ပါပဲ။


နိုင်ငံရေးအယူအဆမတူကြလို့၊ ဒါမှမဟုတ် သဘောထားကွဲလွဲ ကြလို့ ဖြေရှင်းကြတဲ့အခါ ဖြစ်လာတဲ့ပြဿနာကို ရှုမြင်မှုနဲ့ ဖြေရှင်းမှု နည်းလမ်းဟာ အရေးပါတဲ့အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ နိုင်ငံရေး ပဋိပက္ခတွေကို  ဖြေရှင်းလို့ရလာမယ့် အကျိုးတရားနဲ့ ပေးဆပ်လိုက် ရတဲ့ ဆုံးရှုံးနစ်နာမှုတွေဟာ ထိုက်တန်ရဲ့လား၊ ဆုံးရှုံးနစ်နာသွားသူ တွေက ဘယ်သူတွေလဲ၊ အမြတ်ထုတ်သွားသူတွေက ဘယ်သူတွေလဲ  ဆိုတာကိုလည်း စဉ်းစားကြရမှာပါ။ 


နောက်ရေရှည်ဖြစ်လာမယ့် အကျိုးဆက်တွေဟာ နိုင်ငံရဲ့ ရှိရင်းစွဲ ပြဿနာတွေကို     ပြေလည်စေမလား၊      ပိုဆိုးသွားစေမလားက အရေးကြီးလှပါတယ်။ ဘာကြောင့်လဲဆိုတော့ အမြတ်က ဘယ်မှန်း မသိသေးဘူး၊ ဆုံးရှုံးမှုနဲ့နစ်နာမှုတွေကတော့ တွေ့နေရပါပြီ။ စတေး လိုက်ကြရတဲ့ လူငယ်တွေဆိုတာ အနာဂတ်တွေ၊ ရည်မှန်းချက်တွေ၊  မျှော်လင့်ချက်တွေ၊ မိသားစုတွေနဲ့ပါ။ စွန့်စားတယ်ဆိုတဲ့နေရာမှာ တွက်ချက်ပြီး အမြတ်ရနိုင်ခြေများလို့ စွန့်စားတာလား၊ ဒါမှမဟုတ် ဖြစ်လာနိုင်တဲ့  အကျိုးအမြတ်ကို  မခန့်မှန်းဘဲ  မျက်ကန်းစွန့်စား တာလားဆိုတာ အရေးကြီးပါတယ်။ နိုင်ငံရေးမှာလည်း ဒီသဘောပါပဲ။  ဖြစ်တန်ခြေကို   တွက်ချက်နိုင်စွမ်းအားနည်းနေမယ်၊     ဒါမှမဟုတ် လက်တွေ့နဲ့ မနီးစပ်တဲ့ စိတ်ကူးယဉ်မျှော်လင့်ချက်တွေ ဖြစ်နေရင် ဆုံးရှုံးမှုတွေ    များပါလိမ့်မယ်။     ဆုံးရှုံးနစ်နာမှုတွေ၊   ပေးဆပ်မှုတွေ များတိုင်း   မျှော်မှန်းချက်တွေ၊  အောင်မြင်မှုတွေရမယ်လို့ မဆိုနိုင် ပါဘူး။  နိုင်ငံအသွင်ကူးပြောင်းရေးမှာ ပေးဆပ်မှုများတိုင်း အောင်မြင် သလား၊ နည်းလမ်းမှန်မှ အောင်မြင်သလားဆိုတာ ကမ္ဘာမှာ  ဒီမိုကရေစီ အသွင်ကူးပြောင်းပြီး   အောင်မြင်နေတဲ့နိုင်ငံတွေကို    နမူနာယူသင့်ပါ တယ်။ ဆိုလိုချင်တာက နည်းလမ်းမှန်ဖို့ လိုအပ်တာကိုပါ။


ရည်ရွယ်ချက်က အာဏာရရှိရေးလား၊ ပြည်သူ့အတွက်လား
ဒါ့အပြင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်ဖြစ်၊ တော်လှန်ရေး ပဲဖြစ်ဖြစ် ရည်ရွယ်ချက်က အာဏာရရှိရေးလား၊ ပြည်သူ့အတွက်လား ဆိုတာ  ရှင်းရှင်းလင်းလင်းဖြစ်ဖို့လိုပါတယ်။  ဒီမိုကရေစီသဘောအရ ပြည်သူတွေဟာ အချုပ်အခြာအာဏာပိုင်တယ်ဆိုပေမယ့် ဒီမိုကရေစီ လိုလားတယ် ဆိုသူတွေကပဲ ပြည်သူတွေကို ခုတုံးလုပ်ပြီး အာဏာကို  လိုသလိုအသုံးချကြသွားတတ်ကြတာကြောင့် ရှိရင်းစွဲပြဿနာတွေက အခုထိရှင်သန်နေဆဲပါ။ ဒါကြောင့် ဒီမိုကရေစီနောက်ကြောင်းပြန်စေတဲ့ အရင်းခံအချက်တွေထဲမှာ အာဏာကို အလွဲသုံးစားပြုလုပ်ပြီး အင်စတီ ကျူးရှင်းတွေကို အားနည်းစေတဲ့အချက်တစ်ချက် ပါဝင်ပါတယ်။
ဒီကနေ့ဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေဟာ ဘာကြောင့်ဖြစ်လာ သလဲ၊ ဘယ်အပေါ်အခြေခံသလဲ၊  နိုင်ငံရေးအပြောင်းအလဲကို ဖြစ်စေ တဲ့ အရင်းခံအကြောင်းတရားတွေက ဘာတွေလဲဆိုတဲ့ ပြဿနာတစ်ရပ် ရဲ့   ရေဆုံးမြေဆုံးလိုက်ဖို့လိုပါတယ်။   ဒီလိုမဟုတ်ဘဲ   ကိုယ်လိုချင်တဲ့   အပိုင်းလေးတွေကိုပဲဖြစ်ဖြစ်၊ ကိုယ်ကောင်းတဲ့အကွက် လေးကိုပဲဖြစ်ဖြစ် အပိုင်းပိုင်းဖြတ်ကြည့်မယ်ဆိုရင် ပြည့်စုံလုံလောက်တဲ့အမြင်နဲ့ ဖြေရှင်းမှု နည်းလမ်းမရနိုင်ပါဘူး။    ဖြေရှင်းမယ့်နည်းလမ်း     လွဲချော်တာနဲ့အတူ နစ်နာသွားသူတွေက နစ်နာ၊  ပေးဆပ်သူက ပေးဆပ်နဲ့ ခုတ်ရာတခြား ရှရာတခြား လမ်းကြောင်းလွဲချော်ပြီးရင်း လွဲချော်နေမှာပါ။ အခုလည်း PDF  ဆိုတဲ့ လက်နက်ကိုင်တိုက်ခိုက်တဲ့နည်းလမ်းကို လူတိုင်းမလုပ်ပါ ဘူး၊ ဒီတော့ လူထုများများပါလာအောင် ဆန္ဒပြတဲ့နည်းလမ်းကို   ပြန်ပြီး အသုံးချလာခြင်းပါပဲ။   အခုလို ခေတ်မီသတင်းနည်းပညာခေတ်ကြီးမှာ   ပြည်သူတွေရဲ့အင်အားရဖို့   မီဒီယာနဲ့လူမှုကွန်ရက်တွေကို   အသုံးပြုပြီး  အမုန်းစကားတွေ၊      သွေးခွဲတာတွေ၊     လုပ်ကြံသတင်းဖြန့်တာတွေ   ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ပြီး  သွေးခွဲတဲ့နည်းကို  အသုံးပြုနေတာတွေ့ရ ပါတယ်။ 
အကြမ်းဖက်တိုက်ခိုက်တဲ့ပုံစံတွေနဲ့အတူ       ပြည်သူတွေကို  လမ်းပေါ်ထွက် ဆန္ဒပြခိုင်းလာတဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူတွေ လမ်းပေါ်ထွက်မယ်၊   ငြိမ်းချမ်းစွာဆန္ဒပြမယ်၊    အဲဒါကို ဖြိုခွင်းမယ်၊ ဆန္ဒပြတာကိုဖြိုခွင်းတဲ့ပုံရိပ်တွေကို        မီဒီယာအားအသုံးပြုပြီး ပြည်တွင်း၊    ပြည်ပရောက်အောင်ဖြန့်ပြီး    ကြားနေပြည်သူတွေရဲ့ မျက်ရည်ချူမယ်၊    အစိုးရရဲ့ပုံရိပ်တွေ   ကျဆင်းပြီး    နိုင်ငံတကာရဲ့ ဖိအားတွေ တိုးလာဖို့၊ ထောက်ခံမှုတွေ ကျဆင်းလာဖို့၊ အာဆီယံတို့၊  ကုလသမဂ္ဂတို့မှာ ကိုယ်စားပြုခွင့်မရစေဖို့၊ NUG ကို နိုင်ငံတကာက အသိအမှတ်ပြုလာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေသာ ဖြစ်ပါတယ်။ 
ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီးခါမှ ငြိမ်းချမ်းစွာဆန္ဒပြတဲ့နည်းလမ်းကို ပြန်လည်သုံးလာတာဟာ ပြည်ပ ရဲ့ အာရုံစူးစိုက်မှုရဖို့အတွက် လက်ရှိအစိုးရဟာ အခုလိုငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို တိုက်ခိုက်နှိမ်နင်းနေတယ်ဆိုတဲ့ပုံရိပ်ကို မီဒီယာ တွေကတစ်ဆင့်   နိုင်ငံတကာကို   ပြချင်တာပဲဖြစ်ပါတယ်။    ဒါမှ ပြည်တွင်း ပြည်ပ ဖိအားပေးတွေ ရရှိမှာဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ အစိုးရကို အပုပ်ချဖို့၊  မိမိထောက်ခံမှု တိုးဖို့ဆိုပေမယ့် ကြားကနေ အသုံးချခံရတာက လူထုပါပဲ။ 
လတ်တလောအားဖြင့်လည်း အာဆီယံနဲ့ ကုလသမဂ္ဂမှာ မြန်မာ နိုင်ငံကိုယ်စားပြု  တက်ရောက်ခွင့်နဲ့ပတ်သက်လို့  အကျပ်အတည်း ဖြစ်နေချိန်မှာ အခုလိုလမ်းပေါ်ထွက် ဆန္ဒပြတဲ့နည်းလမ်းကို အချိန် ကိုက်အသုံးချလာတာ  တွေ့ရပါတယ်။  ဒီဇင်ဘာလ ၅ ရက်နေ့က  ရန်ကုန်  ကြည့်မြင်တိုင်မှာ   ဆန္ဒပြတဲ့သူတွေကို   လုံခြုံရေးတွေက ဖြိုခွင်းတဲ့ကိစ္စကိုကြည့်ရင် ဆန္ဒပြတာတွေရဲ့နောက်ကွယ်က ရည်ရွယ် ချက်ကို   တွေ့နိုင်ပါတယ်။    ပြည်တွင်း    ပြည်ပသတင်းတွေမှာ   ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြနိုင်အောင်လည်း ဖြန့်ဝေပြီး အစိုးရရဲ့ပုံရိပ် ကျဆင်းအောင်လုပ်ဆောင်နေတာ တွေ့ရပါတယ်။  အခုဆို အခြားမြို့ တွေမှာ၊ နယ်တွေမှာ လမ်းပေါ်ထွက်ဆန္ဒပြတာတွေ တွေ့ရပါတယ်။  ငြိမ်းချမ်းစွာဆန္ဒပြတာကို   ဖြိုခွင်းတဲ့ပုံရိပ်တွေ၊ သေဆုံးမှုပုံရိပ်တွေကို NUG က နိုင်ငံတကာကို ချပြဖို့ လိုအပ်နေပါတယ်။  နောက်ထပ်လည်း  လုပ်ဆောင်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံ
အခုဆိုရင် ကုလသမဂ္ဂ အရည်အချင်းစိစစ်ကော်မတီ (Creden-tials Committee) ကနေ   မြန်မာနိုင်ငံရဲ့ကိုယ်စားပြုမှုကို   ဆိုင်းငံ့ လိုက်တဲ့အပေါ် ကုလသမဂ္ဂအထွေထွေညီလာခံကနေ  အတည်ပြု လိုက်ပါတယ်။  ဒီလိုဖြစ်လာဖို့   NUG  အနေနဲ့  နောက်ထပ်လည်း အပြစ်မဲ့ပြည်သူတွေကို ဓားစာခံတွေလို အသုံးချနေပါလိမ့်ဦးမယ်။ ပြည်သူတွေကို ဓားစာခံတွေလို အသုံးချ ထိုးကျွေးနေတာဟာ မှန်ကန် တဲ့ နိုင်ငံရေးဖြေရှင်းမှုနည်းလမ်းတစ်ရပ်မဟုတ်ပါဘူး။ တစ်လောက ပြည်သူ့စစ်သားမိသားစု စကားဝိုင်းဆိုတဲ့ ဆွေးနွေးတဲ့အစီအစဉ်ထဲမှာ နားထောင်သူတွေထဲက တစ်ယောက်က ပြောပါတယ်။ သူ့အနေနဲ့ အနီလည်းမဟုတ်ဘူး၊ အစိမ်းလည်းမဟုတ်ဘူး၊ တပ်က အုပ်ချုပ်တာ ကို မလိုချင်တာပါလို့ ဆိုပါတယ်။
 ဆိုလိုတာက  သူ့အနေနဲ့  တပ်အုပ်ချုပ်တာကို  မလိုချင်တာပါ။  နိုင်ငံရေးအနေနဲ့ သူဟာ ကြားနေပါ။ ဒီတော့ သူ့သဘောဟာ NUG အာဏာရရှိရေးလို့ သတ်မှတ်လို့ မရပါဘူး။ ဒါပေမဲ့ ဒီလိုအယူအဆ ရှိသူတွေကို NUG က ကောင်းကောင်းအသုံးချနေပါတယ်။ တကယ် တော့ ဒီသဘောထားတွေဟာ NUG ကိုထောက်ခံတာ မဟုတ်ပေမယ့်  လတ်တလောအခြေအနေအရ အစိုးရနဲ့ပြည်သူကို သွေးခွဲဖို့အတွက် ကတော့      အကောင်းဆုံးလက်နက်တစ်ခုအဖြစ်    အသုံးပြုနေတာ တွေ့ရပါတယ်။  
ဒီလို   သွေးခွဲနည်းအသုံးချပြီး   လူထုကို လမ်းပေါ်ထွက်ခိုင်း လိုက်ခြင်းကြောင့်  နာစရာရှိ၊  သေစရာရှိရင်   ပြည်သူတွေပဲ  ခံရမှာ ဖြစ်ပြီး  အမြတ်ရနေတာကတော့  NUG  ပါ။  အဲဒီတော့  တကယ့် တရားခံစစ်က ဘယ်သူလဲ၊    ဓားစာခံက    ဘယ်သူလဲ၊    ခံစရာရှိရင် ဘယ်သူခံရပြီး   စံစရာရှိရင်   ဘယ်သူစံရမလဲဆိုတာ   သိကြရမှာပါ။  NUG အနေနဲ့ ကိုယ်တိုင်အနာခံစရာမလိုဘဲ စံစရာရှိမှ ကောက်ပြီး အမြတ်ယူလိုက်ရုံပဲ ဖြစ်ပါတယ်။  


အခုလိုပြည်သူတွေကိုထိုးကျွေးပြီး နိုင်ငံတကာရဲ့ ထောက်ခံမှုရလာပြီ ဆိုရင် ထောက်ပံ့ငွေတွေက NUG ဆီကိုပဲ စီးဝင်လာပါလိမ့်မယ်။ ခုနက အနစ်နာခံခဲ့ကြရတဲ့ ပြည်သူတွေဆီကို ရောက်မလာပါဘူး။ ဒီတော့စဉ်းစားစရာရှိလာပါတယ်။ NUG ရဲ့ နာစရာရှိတော့ ပြည်သူနာ၊ ယူစရာရှိတော့ NUG ကယူဆိုတဲ့နည်းလမ်းကို လိုက်မလား၊  လူထု မနာစေတဲ့နည်းလမ်းနဲ့  ဖြေရှင်းသွားကြမလားဆိုတာပါပဲ။ ဒီကနေ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ အားလုံးက ဘာလို့ NUG နဲ့  မပူးပေါင်း တာကို ကြည့်ရင်သိနိုင်ပါတယ်။ တိုင်းရင်းသားတွေနဲ့လည်း   သွေးခွဲ လိုက်၊   စည်းရုံးလိုက်လုပ်နေတာဟာ တိုင်းရင်းသားတွေကို အသုံးချဖို့ ကြိုးစားနေခြင်းပဲဖြစ်ပါတယ်။ 
တိုင်းရင်းသားတွေအနေနဲ့လည်း NLD အစိုးရရဲ့ ငါးနှစ်သက်တမ်း အတွင်းမှာ ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရပြီးပါပြီ။  အသုံးချခံခဲ့ရပြီးပါပြီ။ ဥပမာအနေနဲ့ကြည့်ရင် ရခိုင်ပြည်နယ်မှာ PDF တွေကို  လက်မခံပါဘူး။ ဘာလို့လဲဆိုတော့ NLD လက်ထက်မှာ ရခိုင်တိုင်းရင်းသားတွေ၊ ပါတီ တွေ၊ ပါတီခေါင်းဆောင်တွေကို နေရာမပေးတဲ့အပြင် ဖိနှိပ်ထားခဲ့တာ ပါ။  ၂၀၂၀   ရွေးကောက်ပွဲမှာလည်း ရခိုင်တိုင်းရင်းသားပါတီတွေ အနိုင်ရတဲ့ မဲဆန္ဒနယ်တွေအားလုံးကို ပယ်ဖျက်ခဲ့ပါတယ်။  ဂျပန်နိုင်ငံ က  ကိုယ်စားလှယ်ကိုယ်တိုင်  ညှိနှိုင်းပေးတာတောင်  လက်မခံပါဘူး။ ဒါတွေဟာ လောလောလတ်လတ်ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေပဲဖြစ်ပါတယ်။   အခု NUG မှာ ပါနေတဲ့သူတွေကိုယ်တိုင် လွှတ်တော်ထဲမှာ  ရခိုင် အရေးကို     ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြတာ အားလုံးအသိပါ။ 


နိုင်ငံတည်ဆောက်ဖို့၊         တိုင်းရင်းသားစည်းလုံးညီညွတ်မှု တည်ဆောက်ဖို့၊ ငြိမ်းချမ်းရေးတည်ဆောက်ဖို့နဲ့ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းဖို့ဆိုရင် ရိုးသားတဲ့နိုင်ငံရေးစိတ်ဓာတ်အပေါ် အခြေခံကြမှသာ ရည်ရွယ်ချက် အထမြောက်အောင်မြင်နိုင်မှာပါ။ ဒီလိုမဟုတ်ဘဲ အပြော တခြား၊  အလုပ်တခြားဖြစ်နေမယ်ဆိုရင်    နိုင်ငံရေးပြဿနာတွေက ဘယ်တော့မှပြေလည်မှာ မဟုတ်ပါဘူး။ အထူးသဖြင့် မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေများတဲ့အတွက် လိုလားချက်တွေများပြားပြီး   ရှိရင်းစွဲ နိုင်ငံရေးပြဿနာတွေတောင်  ပြေလည်အောင်ဖြေရှင်းဖို့    လိုနေဆဲ အခြေအနေပါ။ အရင်ပြဿနာတွေ မဖြေရှင်းနိုင်ခင်မှာကိုပဲ  ပြဿနာ အသစ်တွေ မဖန်တီးကြဖို့လိုပါတယ်။   နိုင်ငံရေးလိုလားချက်တွေ၊ မကျေနပ်ချက်တွေ၊ လက်စားချေလိုစိတ်တွေအခြေခံပြီး  အသုံးချသူ တွေ၊ အသုံးချခံတွေနဲ့ အချင်းချင်းသွေးကွဲအောင်  သွေးခွဲနေကြတာဟာ   လတ်တလောအတွက်လည်း  ကောင်းကျိုးမပေးသလို    ရေရှည်မှာ ပိုမိုဖြေရှင်းရခက်တဲ့ပြဿနာတွေဖြစ်လာမှာ              စိုးရိမ်စရာပဲ ဖြစ်ပါတယ်။       ။