
မမပစ်တိုင်းထောင် (SME)
ကိုဗစ်-၁၉ ရောဂါ မြန်မာနိုင်ငံတွင် ပျံ့နှံ့လာပြီးနောက် ချင်း (ဂျင်း) စားသုံးမှုမြင့်မားလာသည်ကို သတိပြုမိပါသည်။ ယခင်က ချင်းကို နေ့စဉ်ဟင်းချက်ရာတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ်လည်းကောင်း၊ ချင်းသုပ်အဖြစ်လည်းကောင်း၊ ချင်းဆီးပြားပြုလုပ်၍လည်းကောင်း စားသုံးလေ့ရှိရာမှ ယခုအခါ ဖျားနာခြင်းမှ ကာကွယ်ရန်အတွက် ချင်းမှုန့်ကို ရေနွေးကြမ်းတွင်ခတ်၍ သောက်သုံးသည့်အလေ့ ဖြစ်ထွန်းလာသည်ကိုလည်း တွေ့ရှိရပါသည်။
ချင်း၏ ဆေးဖက်ဝင်ပုံ၊ ရနံ့မွှေးပုံတို့ကို လွန်ခဲ့ သည့် နှစ်ပေါင်းများစွာကပင် လူသားတို့ သိရှိခဲ့ကြပါ သည်။ ချင်းစားသုံးခြင်းမှ အစာကြေလွယ်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်းကို ပျောက်ကင်းနိုင် ခြင်း၊ အော့အန်ခြင်းမှ ကာကွယ်နိုင်ခြင်း၊ သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးစွမ်းနိုင်ခြင်း၊ အဆစ် ရောင်ခြင်းနှင့် ကြွက်သားနာကျင်မှုများကို သက်သာ စေခြင်း၊ ခေါင်းကိုက်ခြင်း၊ ကားမူးခြင်းကို သက်သာ စေခြင်းနှင့် ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲခြင်းကို သက်သာပျောက်ကင်းစေခြင်း စသည့်အကျိုးကျေးဇူး များ ရရှိနိုင်ပါသည်။
အဏုဇီဝပိုးများကို ကာကွယ်နိုင်
ထို့ကြောင့် ကမ္ဘာ့နေရာအနှံ့အပြားတွင် ချင်းကို ချင်းတက်အတိုင်း သုံးစွဲခြင်းအပြင် ချင်းမှုန့်၊ ချင်း ခြောက်၊ ရှာလကာရည်တွင်စိမ်၍ Pickled Ginger အဖြစ်လည်းကောင်း၊ ဆားနှင့် သကြားရည်တို့တွင် စိမ်၍ ကြာရှည်ခံအောင် ပြုလုပ်ထားသော Pres-erved Ginger အဖြစ် လည်းကောင်း၊ သကြားလုံး ပြုလုပ်၍လည်းကောင်း၊ မုန့်ဖုတ်ရာတွင် ထည့်သွင်း အသုံးပြု၍လည်းကောင်း နည်းမျိုးစုံဖြင့် စားသုံးလေ့ ရှိကြပါသည်။ ထို့အပြင် ချင်း၏ မွှေးပျံ့သောရနံ့နှင့် အာနိသင်တို့ကို ရယူနိုင်ရန် ပေါင်းခံ၍ ချင်းဆီ (Ginger Oil) အဖြစ် ထုတ်လုပ်ကာ စားသောက်ကုန် တွင် သာမက အလှကုန်ပစ္စည်းများ၊ ဆေးဝါးများ (အထူးသဖြင့် ရှူဆေး၊ လိမ်းဆေးများ) တွင် အသုံး ပြုခြင်း၊ ချင်း၏ အဏုဇီဝပိုးများကို ကာကွယ်နိုင် သည့် ဂုဏ်သတ္တိကြောင့် Ginger Oleoresin ပြုလုပ် ၍ ဇီဝတာရှည်ခံပစ္စည်း (Bio-preservative) အဖြစ် လည်းကောင်း တွင်ကျယ်စွာအသုံးပြုလျက်ရှိပါ သည်။
ချင်းကို ကမ္ဘာပေါ်တွင် သုံးစွဲမှုများလာသည်နှင့် အညီ ဈေးကွက်လိုအပ်ချက်လည်း မြင့်တက်လျက် ရှိပါသည်။ ကမ္ဘာပေါ်ရှိ ချင်းအများဆုံး စိုက်ပျိုးသည့် နိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်ပြီး ဒုတိယအများဆုံး စိုက်ပျိုးသည့်နိုင်ငံမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖြစ်ပါသည်။ ကမ္ဘာ့ချင်းအများဆုံး စိုက်ပျိုးသည့် နိုင်ငံများတွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသော ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့လည်း ပါဝင်ကြပါသည်။
နေရာအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်း
မြန်မာနိုင်ငံတွင်လည်း ချင်းကို စားဖိုဆောင် သီးနှံအဖြစ်လည်းကောင်း၊ ဆေးဖက်ဝင်အပင်အဖြစ် တိုင်းရင်းဆေးများတွင် အသုံးပြုရန်အတွက်လည်း ကောင်း စိုက်ပျိုးလေ့ရှိပါသည်။ ချင်းပင်၏ မူရင်း ဒေသမှာ အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် အားလျော်စွာ မြန်မာနိုင်ငံ၏ နေရာအနှံ့အပြားတွင် စိုက်ပျိုး၍ ဖြစ်ထွန်းပါသည်။
ချင်းကို အင်္ဂလိပ်ဘာသာဖြင့် Ginger ဟုခေါ်ပြီး သိပ္ပံအမည်မှာ Zingiber Officinale ဖြစ်ကာ Zingi-beraceae မျိုးရင်းတွင် ပါဝင်ပါသည်။ မြန်မာနိုင်ငံ တွင် လက်ရှိ စိုက်ပျိုးလျက်ရှိသော ချင်းမျိုးများမှာ ချင်းကြီး (ရှမ်းချင်း)၊ ချင်းလေး (ချင်းမွှေး/ ချင်းဖြူ) ဟူ၍ အခြေခံအားဖြင့် နှစ်မျိုးရှိပြီး ဒေသအလိုက် အခေါ်အဝေါ် ကွဲပြားလျက်ရှိပါသည်။
“ချင်း (ဂျင်း) နု (သို့မဟုတ်) Export ချင်း (ဂျင်း) စိုက်ပျိုးထုတ်လုပ်ရောင်းချရေးနှင့် ပတ်သက်သော သိကောင်းစရာများအား ရှင်းလင်းဆွေးနွေးခြင်း” အခမ်းအနားကို စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ကြီးမှူး၍ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှ ပညာရှင်များဖြင့် ပူးပေါင်း၍ ၂၅-၉-၂၀၂၁ ရက်နေ့ (၁၃:၀၀) နာရီမှ (၁၅:၃၀) နာရီထိ Zoom Application အသုံးပြုကာ Online စနစ်ဖြင့် ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ကို အကောင် အထည်ဖော် ဆောင်ရွက်ရန်၊ MSME လုပ်ငန်းများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို သိရှိ နိုင်ရန်၊ ဝန်ကြီးဌာနများဘက်မှ ပူးပေါင်းဆောင်ရွက် နိုင်မည့် ကိစ္စရပ်များအား ညှိနှိုင်းဆောင်ရွက်ပေးနိုင် ရန်နှင့် ကိုဗစ် - ၁၉ ကာလ နှင့် ကိုဗစ် - ၁၉ ကာလ အလွန် စိုက်ပျိုးရေး အခြေခံစားသောက်ကုန်ပစ္စည်း များ ထုတ်လုပ်ရောင်းချတင်ပို့သည့်လုပ်ငန်းများ ပြန်လည်ရှင်သန် ဦးမော့လာနိုင်စေရန်စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပခဲ့သော ဆွေးနွေးပွဲ ဖြစ်ပါသည်။
ထိုဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာနမှ ဌာန အကြီးအကဲများ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာ နိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရှမ်းပြည်နယ်မှ စိုက်ပျိုးရေးလုပ်ငန်းရှင်များ စုစုပေါင်း ၅၇ ဦး တက် ရောက်ခဲ့ကြပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန၏ ဦးစီးအရာရှိ ဦးညီညီအောင်က “ကောင်းမွန်စနစ် ကျသည့် ချင်းနုစိုက်ပျိုးနည်းစနစ်များ” အကြောင်း၊ မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ၏ အထွေထွေအတွင်းရေးမှူး ဦးရဲမြင့်မောင်က “ချင်းနု၏ ဈေးကွက်အခြေအနေ များ” အကြောင်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဒေါက်တာသဇင်ဟန်က “ချင်း အခြေခံတန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်နိုင်ရေး နည်းပညာများ” အကြောင်းတို့ကို အသီးသီး ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြပါသည်။
ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရေး
ထိုဆွေးနွေးပွဲမှ မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ် မှ ၂၀၂၁ ခုနှစ်အတွင်း ချင်းခြောက် ၂၂၀၆ မက်ထရစ် တန်ကျော်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့ရောင်းချခဲ့ကြောင်း သိရှိခဲ့ရပါသည်။ အမေရိ ကန်၊ အင်္ဂလန်နှင့် ဂျာမနီနိုင်ငံများသို့ တိုက်ရိုက် သော်လည်းကောင်း ပွဲစားနိုင်ငံမှတစ်ဆင့်လည်း ကောင်း တင်ပို့ရောင်းချနိုင်ခဲ့သည့် ကုမ္ပဏီကြီး သုံးခု ရှိပြီး နိုင်ငံပေါ်မူတည်၍ ချင်းအမျိုးအစားကြိုက်နှစ် သက်မှုမှာ ကွဲပြားကြကြောင်း၊ ဝယ်ယူမည့်နိုင်ငံ၏ သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီမှုရှိရန်၊ အသိ အမှတ်ပြုလက်မှတ်များ လက်ဝယ်ရှိရန်၊ အလေ အလွင့်နည်းပါးရန်၊ ဈေးကွက်ဝင်သည့် ချင်းမျိုးများ ကို ရွေးချယ်စိုက်ပျိုးရန်နှင့် လိုအပ်သလောက် အချိန်မီရရှိရန်၊ ဈေးကွက်တည်ငြိမ်မှုရှိရန်တို့မှာ မြန်မာနိုင်ငံ၏ ချင်းထုတ်ကုန်များ ပြည်ပဈေးကွက် သို့ ထိုးဖောက်နိုင်ရေးအတွက် အရေးပါသည့် စိန်ခေါ် မှုများဖြစ်ကြောင်း သိရှိခွင့်ရခဲ့ပါသည်။ ချင်းစိုက်ပျိုး သူတောင်သူများအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးသစ်များ၊ စိုက်ပျိုးနည်းပညာများ၊ ရိတ်သိမ်းချိန် လွန်နည်းပညာများ ဖြန့်ဝေရန် အသင့်ရှိသကဲ့သို့ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှလည်း ချင်း၏ အာဟာရဓာတ်၊ အရည်အသွေး၊ အာနိသင်နှင့် SME လုပ်ငန်းရှင်များအတွက် ချင်းမှ တန်ဖိုးမြှင့် ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရန် သုတေသန လုပ်ငန်းများဆောင်ရွက်ထားရှိပြီး နည်းပညာများ ဝေငှရန် အသင့်ရှိကြောင်းကိုလည်း သိရှိခွင့်ရခဲ့ပါ သည်။ မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ ချင်းတောင်သူများ ဈေးကွက်တည်ငြိမ်ရန်အတွက် ဝယ်လိုအားရှိသည့် ချင်းမျိုးများကို ရွေးချယ်စိုက်ပျိုး၍ အရည်အသွေး ပြည့်မီသည့် သတ်မှတ်သက်တမ်းအတွင်း ရိတ်သိမ်း ရောင်းချနိုင်ရေးအတွက် Contract Farming System ဖြင့် စိုက်ပျိုးကြရန် အားပေးလိုကြောင်း၊ ဂျပန်နိုင်ငံ၏ ပြည်တွင်းစားသုံးမှု ချင်းဈေးကွက်မှာ မက်ထရစ်တန် ၁၃၀၀၀၀ ရှိပြီး ပြည်ပမှ နှစ်စဉ် မက်ထရစ် တန် ၈၀၀၀၀ ကျော် တင်သွင်းနေကြရ သဖြင့် ပြည်ပဈေးကွက်ရှိသည့် စိုက်ပျိုးရေးထုတ်ကုန်သီးနှံတစ်မျိုးဖြစ်သောကြောင့် တောင်သူများ အနေဖြင့် ချင်းနုစိုက်ပျိုးပါက အကျိုးဖြစ်ထွန်းရန် သေချာကြောင်း အသိပေးပြောကြားခဲ့ပါသည်။
စက်မှုဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ စီးပွား ရေး ဦးတည်ချက်ဖြစ်သည့် စိုက်ပျိုးရေးအခြေခံ ကုန်ထုတ်လုပ်မှုများကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ရေး တို့ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် SME လုပ်ငန်းများကို ပံ့ပိုး ကူညီရန် အဆင်သင့်ရှိနေပြီဖြစ်ပါသည်။ ထို့ကြောင့် တောင်သူများ၊ ထုတ်လုပ်သူများ၊ တင်ပို့ရောင်းချသူ များနှင့် ပညာရှင်များအားလုံး လက်ချင်းတွဲရုံသာမက ခြေလှမ်းများ တစ်ပြိုင်နက်လှမ်းလျက် တစ်ဦးနှင့် တစ်ဦး ဖေးမကူညီကာ နိုင်ငံတကာအရည်အသွေးမီ ပြည်ပပို့ကုန်အဖြစ် ချင်းနုထုတ်ကုန်သစ်များ ထုတ်လုပ်နိုင်ရန်ရည်သန်၍ ရေးသားတိုက်တွန်း လိုက်ရပါသည်။ ။
- Log in to post comments